backup og meta

အစာအိမ်ကင်ဆာ ကာကွယ်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာအိမ်ကင်ဆာ ကာကွယ်ပါ

    အစာအိမ်ဆိုတာ ဝမ်းဗိုက်ရဲ့ အထက်ပိုင်းနားမှားရှိတဲ့ J ပုံစံ အစိတ်အပိုင်းတစ်ခုပါ။ အစာခြေစနစ်ရဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ စားသုံးလိုက်တဲ့ အစားအစာတွေထဲက အာဟာရဓာတ်တွေ (ဗီတာမင်၊ သတ္တုဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ပရိုတင်း နဲ့ရေ) တို့ဆီကနေ လိုအပ်တဲ့အရာတွေကို ချေဖျက်စုပ်ယူပြီး ကြွင်းကျန်တဲ့အရာတွေကို အညစ်အကြေးအဖြစ် စွန့်ထုတ်ပေးဖို့ တာဝန် ယူထားပါတယ်။

    ပါးစပ်ကနေ အစာအိမ်ထဲကိုတော့ ပြွန်ပုံစံ ကြွက်သားပြွန်ဖြစ်တဲ့ အစာရေမျိုက ပေးပို့ပေးပါတယ်။ ပြီးရင်တော့ အစာအိမ်ဆီကို ရောက်ပြီး အူလမ်းကြောင်းဆီကို ရောက်ရှိပြီး အူမကြီး၊ အစာဟောင်းအိမ်တွေကိုဖြတ်လို့ ပြင်ပကို အညစ်အကြေးအဖြစ် စွန့်ထုတ်ပေးပါတယ်။

    ဒီလို တာဝန်တွေ အများကြီး ယူထားပြီး အရေးပါတဲ့ အစိတ်အပိုင်းကို ကင်ဆာ မဖြစ်အောင် ကာကွယ်ဖို့ဆိုရင် လိုက်နာရမယ့် အချက်လေးတွေရှိပါတယ်။ ဘာတွေဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားမယ်နော်။

    အစာအိမ်ကင်ဆာ ကာကွယ်ပါ

    အစာအိမ် ကင်ဆာမဖြစ်စေဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။

    အစာအိမ်မှာ အနာရှိလား စစ်ဆေးပါ

    Helicobacter pylori(H. pylori) ဆိုတဲ့ ဘက်တီးရီးယားက အစာအိမ်ကို ထိခိုက်စေပါတယ်။  ဒီပိုးဝင် ကူးစက်တဲ့အခါ ဖျားနာတာမျိုး မရှိပေမယ့် အစာအိမ်အတွင်းနံရံသားကို ဝင်ရောက်ကူးစက်ပြီး အနာဖြစ်စေပါတယ်။ ဒီဘက်တီးရီးယားက ကာစီနိုဂျင်တစ်မျိုး ဖြစ်တာကြောင့် ကင်ဆာဖြစ်စေနိုင်ပါတယ်။

    တကယ်လို့ အစာအိမ်မှာ အနာရှိနေမယ်ဆိုရင် H. pylori ဘက်တီးရီးယား ကူးစက်ခံရလားဆိုတာကို စစ်ဆေးရပါမယ်။ ကူးစက်ခံထားရတယ်ဆိုရင် ကုသဖို့ လိုပါမယ်။

    အသီးအရွက်တွေ စားပေးပါ

    ဝမ်းချုပ်တာကလည်း အစာအိမ်ကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းမှန်စေပြီး အစာအိမ်လေး ကျန်းမာစေဖို့ဆိုရင် နေပစဉ် စားသုံးမှုမှာ အမျှင်ဓာတ် ကြွယ်ဝတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ စားသုံးပေးပါ။ လိမ္မော်သီး၊ သံပရိုသီး၊ ဂရိတ်ဖရုစ် စတာတွေ ပါအောင် စားသုံးပေးပါ။

    ပြုပြင်ထားတဲ့ အသားတွေ၊ အနီရောင်အသားတွေအစား ငါး၊ ကြက်သား၊ ပဲအမျိုးမျိုး စတာတွေကို စားပေးပါ။ ပေါင်မုန့်အဖြူအစား ဂျုံကြမ်းပေါင်မုန့်၊ အုတ်ဂျုံစတာတွေကို စားသုံးပေးပါ။

    ကြပ်တင်ထားတာတွေကို မစားပါနဲ့

    ဆေးလိပ်ဖြတ်ပါ

    ဆေးလိပ်သောက်တာ၊ တစ်ဆင့်ခံဆေးလိပ်ငွေ့ စတာတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီလို ထိခိုက်စေတဲ့ ကျန်းမာရေးထဲမှာ အစာအိမ်ကင်ဆာ ဖြစ်စေတာကလည်း တစ်ခု အပါအဝင်ပေါ့။ ဒါ​ကြောင့် အစာအိမ်ကင်ဆာ ကာကွယ်ချင်တယ်ဆိုရင် ဆေးလိပ် လျှော့သောက်ပါ။ ဆေးလိပ်ဖြတ်ပါ။

    လေ့ကျင့်ခန်း လုပ်ပါ

    လေ့ကျင့်ခန်းကို နေ့စဉ် လုပ်ဆောင်ပေးတာက ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်သလို အစာအိမ်ကင်ဆာ အပါအဝင် ကင်ဆာအမျိုးမျိုးကနေ ကာကွယ်နိုင်သလို ကျန်းမာရေးပြဿနာ အများစုကိုလည်း အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။

    ကိုယ်အလေးချိန် ထိန်းပါ

    သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိတာက အစာအိမ်ကင်ဆာကို ကာကွယ်ရာ ရောက်ပါတယ်။

    အခုပြောခဲ့တာလေးတွေကို ဂရုစိုက်ပြီး အစာအိမ်လေးကို ကင်ဆာ အန္တရာယ်ကနေ ကာကွယ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement