အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
Share now

အစာအိမ်ကင်ဆာ အခုနောက်ပိုင်း အတော်များများ ကြားလာရတဲ့ ကင်ဆာတစ်မျိုးပါ။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ပြီး အမျိုးသားတွေမှာ အဖြစ်များပါတယ်။ ပြောင်းလဲလာတဲ့ နေထိုင်စားသောက်မှု ပုံစံတွေကြောင့် အဖြစ်များလာတဲ့ ကင်ဆာ တစ်မျိုးပေါ့။

ဒီတော့ အစာအိမ်ကင်ဆာ မဖြစ်စေဖို့ သတိထားနိုင်ဖို့ ဘာတွေက အစာအိမ်ကင်ဆာဖြစ်စေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

အစာအိမ်ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းများ

သိပ္ပံပညာရှင်တွေက အစာအိမ်ထဲမှာ ကင်ဆာဆဲလ်တွေ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းအရင်းကို တိတိကျကျ မဖော်ထုတ်နိုင်သေးပါဘူး။ဒါပေမယ့် ဘာတွေကတော့ အစာအိမ်ကင်ဆာ ခံစားရနိုင်ခြေကို မြင့်တက်စေသလဲဆိုတာကိုတော့ သိရှိထားကြပါတယ်။

အစာအိမ်ကင်ဆာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုက H. pylori လို့ ခေါ်တဲ့ အစာအိမ်အနာဖြစ်စေတဲ့ ဘက်တီးရီးယားတစ်မျိုး ဝင်ရောက်ကူးစက်တာပါ။

အစာအိမ်ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းတွေ တိတိကျကျ ပြောဖို့ခက်တယ်ဆိုပေမယ့် အခုအချက်တွေကြောင့် အစာအိမ်ကင်ဆာ ခံစားရနိုင်ပါတယ်။

စားချဉ့်ရည် ပြန်ဆန်တက်တဲ့ ရောဂါ ရှိနေတာ

ဒီရောဂါခံစားနေရသူတွေက အစာအိမ်ကင်ဆာ ခံစားရနိုင်ခြေ များသလို အစာရေမျိုပြွန်ကင်ဆာ ခံစား ရနိုင်ခြေလည်း မြင့်ပါတယ်။ ဒါကြောင့် စားချဉ့်ရည်ပြန်ဆန်တက်တဲ့ရောဂါ ခံစားနေရမယ်ဆိုရင် ကုသမှု မြန်မြန် ခံယူပါ။

အဝလွန်တာ

အဝလွန်တာက ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပေါ့။ အစာအိမ်ကင်ဆာတင်မကပါဘူး အခြားသော ကင်ဆာတွေလည်း ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို သင့်တင့်တဲ့ ကိုယ်အလေးချိန် ရရှိအောင် ထိန်းသိမ်းပါ။

ကြပ်တင်ထားတဲ့ အစားအစာတွေစားတာ

ကြပ်တင်ထားတဲ့ အစားအစာတွေ၊ ဆားနယ်ထားတဲ့ အစားအစာတွေ၊ ဆားရည်စိမ်ထားတဲ့ အစားအစာတွေက အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ ဒါတွေအစား လတ်ဆတ်တဲ့ အသား၊ ငါးတွေကိုပဲ စားပေးပါ။

အမျှင်ဓာတ် ပါဝင်မှု နည်းတာ

နေ့စဉ် စားသုံးမှုမှာ သစ်သီးနဲ့ ဟင်းသီးဟင်းသီးဟင်းရွက်တွေ ပါဝင်မှု နည်းပြီး အသားတွေ၊ အနီရောင်အသားတွေ အစားများတာက အမျှင်ဓာတ် ပါဝင်မှုနည်းတာကြောင့် အစာခြေစနစ် ကျန်းမာရေးကို ထိခိုက်စေပြီး အစာအိမ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။

ဆေးလိပ်သောက်တာ

ဆေးလိပ်သောက်တာက အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းကိုတင် ထိခိုက်စေတာ မဟုတ်ပါဘူး။ အစာအိမ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့ ရှူမိတာကလည်း အစာအိမ်ကင်ဆာ ဖြစ်စေနိုင်တာ​ကြောင့် သတိထားစေချင်ပါတယ်။

အစာအိမ်အနာ

Helicobacter pylori လို့ခေါ်တဲ့ ဘက်တီးရီးယားပိုး ဝင်ရောက်ကူးစက်တာကြောင် အစာအိမ်ကင်ဆာဖြစ်စနေိုင်ပါတယ်။ ဒါ​ကြောင့် အစာအိမ်က ခဏခဏအောင့်မယ်ဆိုရင် ပိုးဝင်ကူးစက်ထားသလား၊ အနာဖြစ်နေသလားဆိုတာကို စစ်ဆေးပါ။

အစာအိမ် အသားပို

အစာအိမ်မှာ ဒါမှမဟုတ် အစာခြေစနစ်ရဲ့ နေရာတစ်ခုခုမှာ အသားပို အဖုအကျိတ်လေးတွေ တွေ့ရမယ်ဆိုရင် အမြန်ဆု့း စစ်ဆေး ကုသမှု ခံယူပါ။ ဒါတွေကို မစစ်ဆေးဘူးဆိုရင် အစာအိမ်ကင်ဆာဖြစ်တာမျိုးအထိ ပြင်းထန်တဲ့ အကျိုးဆက်ကို ခံစားရစေနိုင်ပါတယ်။

ဒါတွေအပြင်

  • အသက် ၅၀ နဲ့အထက် ဖြစ်နေတာ
  • အမျိုးသားဖြစ်နေတာ
  • မျိုးရိုးရှိတာ
  • အယ်လ်ကိုဟော သောက်သုံးတာ
  • သေချာ သိမ်းဆည်းထားတာ မဟုတ်တဲ့ အစားအစာတွေစားတာ
  • သေချာကျက်အောင် ချက်မထားတဲ့ အစားအစာတွေကို စားတာ
  • ဓာတ်ုပစ္စည်းတွေနဲ့ ထိတွေ့မှု များတာ
  • သွေးအမျိုးအစား A ပိုင်ရှင်ဖြစ်နေတာ
  • သွေးကင်ဆာ တစ်မျိုးမျိုး ခံစားရဖူးတာ
  • ကျောက်မီးသွေး ထုတ်လုပ်တဲ့ လုပ်ငန်းခွင်လို နေရာမျိုးမှာ လုပ်ကိုင်တာတွေက အစာအိမ်ကင်ဆာ ခံစားရနိုင်ခြေကို မြင့်တက်စေပါတယ်။

ကဲ…ဆင်ခြင်လို့ရတဲ့ အလေ့အထလေးတွေကို ဆင်ခြင်လို့ အစာအိမ်ကင်ဆာ ခံစားရနိုင်ခြေကို အခုကစပြီး လျှော့ချလိုက်ရအောင်နော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးအစား- ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ ဘဝနေထိုင်မှုပုံစံ

သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးတာက ဆီးချိုကို ကာကွယ်ရာ ရောက်သလို ဆီးချိုကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုလည်း ကာကွယ်ရာရောက်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စမုန်စပါးရဲ့ ကျန်းမာရေးအာနိသင်

စမုန်စေ့က လူတိုင်းနဲ့ ရင်းနှီးပြီး ဖြစ်နိုင်ပေမယ့် စမုန်စပါးပင်ကိုတော့ သိထားမိသူ နည်းနိုင်ပါတယ်။ စမုန်စပါးပင်က ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အစပ်အလွန်အကျွံစားရင် ဖြစ်တတ်တဲ့ Glossitis လျှာရောင်ရမ်းနာ

အစပ်အလွန်အကျွံစားရင် ဖြစ်တတ်တဲ့ Glossitis လျှာရောင်ရမ်းနာဆိုတာက ဆိုတာက ခံတွင်းကျန်းမာရေးပြဿနာတစ်မျိုးပါ။ ခံရခက်ပြီး အချိန်ကြာစွာ ခံစားရနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

နာတာရှည် လေပြွန်ကျဉ်းရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ

နာတာရှည်လေပြွန်ကျဉ်းရောဂါ ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းရင်းကတော့ ဆေးလိပ်သောက်တာ၊ လေထုညစ်ညမ်းတာနဲ့ Alpha-1 antitrypsinချို့တဲ့တာပဲ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အသက်ရှည်ချင်ရင် ဖုန်းမကြည့်နဲ့

အသက်ရှည်ချင်ရင် ဖုန်းမကြည့်နဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 21, 2020 . 2 mins read
သားဥအိမ်ကင်ဆာ (Ovarian Cancer)

သားဥအိမ်ကင်ဆာ (Ovarian Cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
နာတာရှည် လေပြွန်ရောင် ဖြစ်စေတဲ့အကြောင်းရင်းနဲ့ ဖြစ်နိုင်ခြေများတဲ့သူများ

နာတာရှည် လေပြွန်ရောင် ဖြစ်စေတဲ့အကြောင်းရင်းနဲ့ ဖြစ်နိုင်ခြေများတဲ့သူများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 17, 2020 . 2 mins read
အနာကြီးရောဂါအကြောင်း

အနာကြီးရောဂါအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 12, 2020 . 2 mins read