အူမကြီးမှန်ပြောင်းကြည့်မယ်ဆို နောက်ထပ်မှာချင်တာတစ်ခုက ကိုယ်နဲ့အတူဆေးရုံ အဖော်တစ်ယောက်ခေါ်လာစေချင်ပါတယ်။ အိပ်ဆေးပေးပြီး မှန်ပြောင်းကြည့်တာဖြစ်လို့ မှန်ပြောင်းကြည့်ပြီးရင် နည်းနည်းရီဝေဝေ ဖြစ်နေနိုင်ပါတယ်။ ဒီလိုအချိန်မှာ တစ်ယောက်တည်းကားစီးပြီး ဒါမှမဟုတ် ကားမောင်းပြီး အိမ်ပြန်တာ စိတ်မချရဘူးမဟုတ်လား။ ဒါ့ကြောင့် အဖော်တစ်ယောက်ခေါ်လာဖို့ လိုအပ်တာဖြစ်ပါတယ်။
အူမကြီးမှန်ပြောင်း ဘယ်လိုကြည့်သလဲ
မှန်ပြောင်းကြည့်တော့မယ်ဆို လူနာခုတင်ပေါ်မှာ ဘယ်ဖက်ကို စောင်းပြီးလှဲနေရပါမယ်။ ပြီးရင် သွေးကြောထဲနေ အိပ်ဆေးသွင်းလိုက်ပါမယ်။ သင်အိပ်ပျော်သွားချိန်မှာ မှန်ပြောင်းစကြည့်မှာဖြစ်ပါတယ်။ အူမကြီးမှန်ပြောင်းက လုံးပတ် လက်မဝက်လောက်ပဲရှိပေမဲ့ အတော်ရှည်လျားပါတယ်။
စအိုကနေ ထည့်ကြည့်တာဖြစ်ပြီး မှန်ပြောင်းထိပ်မှာ ဓာတ်မီးသေးသေးလေးရယ်၊ ကင်မရာလေးရယ်၊ လေထိုးတဲ့ပြွန်သေးသေးလေးရယ်၊ အသားစနမူနာယူဖို့ ကိရိယာသေးသေးလေးရယ်ပါ ပါတယ်။ ကင်မရာကနေ တဆင့်အူလမ်းကြောင်းကို ဆရာဝန်ကကြည့်ရှုပါတယ်။
တကယ်လို့အူလမ်းကြောင်းကကျဉ်းနေလို့ မြင်ကွင်းသိပ်မကောင်းရင် ပြွန်လေးနဲ့လေထိုးပြီး အူလမ်းကြောင်းကိုချဲ့ကြည့်ပါတယ်။ ကြည့်နေရင်း မသင်္ကာစရာနေရာတွေ့ရင် အသားစနမူနာယူမှာဖြစ်ပါတယ်။ ရလာတဲ့အသားစနမူနာကို ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးပါတယ်။
အူမကြီးမှန်ပြောင်း ကြည့်ပြီး ဘာတွေဖြစ်နိုင်သလဲ
များသောအားဖြင့် မှန်ပြောင်းကြည့်ရင် မိနစ် ၃၀ လောက်ပဲကြာတတ်ပါတယ်။ ဒါပေမဲ့ မေ့ဆေးအရှိန်ပြယ်သွားအောင် နောက်ထပ် နာရီဝက်၊ တစ်နာရီလောက်အနားယူဖို့ လိုအပ်နိုင်ပါတယ်။ မှန်ပြောင်းကြည့်ပြီးရင် ဗိုက်ထဲကရစ်နာတတ်ပြီး ဒါပုံမှန်ဖြစ်လေ့ရှိပါတယ်။ ဆေးရုံ၊ ဆေးခန်းက ပြန်လာတာနဲ့ ပုံမှန်အတိုင်းပြန်စားသောက်နိုင်ပါပြီ။ ဒါပေမဲ့ မှန်ပြောင်းကြည့်ရင်း အသားစနမူနာပါ ယူရတယ်ဆိုရင် သွေးကျဲဆေးလို ဆေးတွေသောက်တာကို ခဏတော့ရှောင်ကျဉ်ဖို့ လိုပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။