home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဓမ္မတာမတိုင်မီ ထွက်တဲ့ ဝက်ခြံ

ဓမ္မတာမတိုင်မီ ထွက်တဲ့ ဝက်ခြံ

အမျိုးသမီးတွေ အနေနဲ့ ဓမ္မတာကာလ နီးပြီဆိုရင် Mood Swing တွေ ဖြစ်တာ၊ အထီးကျန်တာ၊ နေရထိုင်ရ သက်သောင့်သက်သာ မဖြစ်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းပျက်တာ၊ စိတ်အားငယ်တာ စသဖြင့် အမျိုးမျိုးသော ခံစားချက်တွေ ဖြစ်ရပါတယ်။

အဲဒီမှာ လူသိထင်ရှား ပြဿနာတက်တာကတော့ ဝက်ခြံပါပဲ။ ရာသီလာမယ့် ရက်ကို ဝက်ခြံကြည့်ပြီး တွက်ရမလိုလို ဓမ္မတာ လာခါနီးဆိုရင် ဝက်ခြံတွေက တစ်လုံးပြီး တစ်လုံး အပြိုင်ကို ထွက်လာကြတာများ မိုးဦးကျပေါ်တဲ့ မှိုတွေလိုပဲနော်။ ဒီတော့ ဒီဝက်ခြံတွေကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတဲ့အကြောင်းလေး ဖော်ပြပေးလိုက်ပါတယ်။

ဘာလို့ ဓမ္မတာနီးမှ ဝက်ခြံပေါက်ရတာလဲ။ ရှင်းပါတယ်။ ဟော်မုန်းတွေကြောင့်ပါပဲ။ ရာသီမလာခင်မှာ အက်စထရိုဂျင်နဲ့ ပရိုဂျက်စတုန်း လယ်ဗယ်တွေ ကျသွားပါတယ်။ ဒီဟော်မုန်း ကျဆင်းမှုဟာ အဆီဂလင်းတွေကနေ အဆီကို ပိုထုတ်လွှတ်စေပြီး အဆီတွေများလာတော့ အားလုံးသိတဲ့အတိုင်း ဝက်ခြံတွေ ဖြစ်လာတော့တာပါပဲ။ ကဲ.. ဒါဆို ဒါကို ဘယ်လို ရှင်းကြမလဲ။

အလွယ်ဆုံး၊ အထိရောက်ဆုံးနဲ့ အကောင်းဆုံးနည်းလမ်းကတော့ တားဆေး သောက်တာပါ။ အရပ်စကားအရဆို မြားကတ်လေးတွေပေါ့။ တားဆေးမသောက်ချင်ဘူးဆိုရင် ဝက်ခြံအတွက် ထုတ်ထားတဲ့ ဟော်မုန်းဆေးတွေ ရှိပါတယ်။

ပါတဲ့ ဟော်မုန်းက တူတူပါပဲ။ ပမာဏပဲ ကွာတာပါ။ သူက ပမာဏပိုနည်းပါတယ်။ ဒီလိုဆေးမျိုး ဝယ်ရခက်ရင်တော့ တားဆေးပဲ အလွယ်ဝယ်သောက်လို့ရပါတယ်။

တားဆေးတွေဟာ သွေးထဲက sex-hormone binding globulin လို့ခေါ်တဲ့ ပရိုတင်းကို မြှင့်တင်ပေးပြီး အလုပ်လုပ်ပါတယ်။ ဒီ ပရိုတင်းက သွေးကြောထဲက ပိုနေတဲ့ တက်စတိုစတုန်းတွေကို (ရေမြှုပ်လို) စုပ်ယူပေးတာကြောင့် ဝက်ခြံဖြစ်စေတဲ့ တက်စတိုစတုန်းတွေ နည်းသွားစေတာပေါ့။ ဒါကို အဓိပ္ပာယ်ထပ်ပြန်ရရင် တက်စတိုစတုန်း နည်းခြင်းဟာ ဝက်ခြံနည်းခြင်းနဲ့ ညီမျှတာပါပဲ။

တချို့ဆေးတွေမှာဆိုရင် အီစထရိုဂျင်၊ Ortho Tri-Cyclen နဲ့ Yaz တို့လို ဝက်ခြံကို သက်သာစေတဲ့ အရာတွေတောင် ပါသေးတယ်ဆိုတော့ ပိုကောင်းတာပေါ့။ ဆိုတော့ မှာစရာ တစ်ချက်ရှိတာက ဟော်မုန်းဆေးတွေ သောက်မယ်ဆိုရင် စိတ်ရှည်ရှည်နဲ့ ၃၊ ၄ လ စွဲပြီး သောက်ပေးဖို့ လိုပါတယ်။ ဒီဆေးတွေက ဝက်ခြံတင်မက ရာသီလာချိန်မှာ ဖြစ်ပေါ်တတ်တဲ့ အဆင်မပြေမှုတွေ၊ ကိုက်ခဲနာကျင်မှုတွေကိုပါ သက်သာစေပါတယ်။

မျက်နှာကို လက်နဲ့ ခဏခဏ ထိတာကို ရှောင်ကြဉ်ပါ။ ဒါကတော့ COVID-19 က သင်ပေးလို့ အတော် ကျင့်သားရနေပြီ ထင်ပါရဲ့။ လက်က အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေဟာ ဝက်ခြံဖြစ်ဖို့ လမ်းစပါပဲ။

ဖုန်းကို မကြာမကြာ သန့်ရှင်းရေး လုပ်ပါ။ ဖုန်းမျက်နှာပြင်မှာ ဘက်တီးရီးယားပေါင်း များစွာ ကပ်နေတတ်ပြီး ဖုန်းနဲ့ မျက်နှာ ကပ်မိတဲ့အခါမှာ အထိတွေ့မိဆုံးကလည်း ဟော်မုန်းဝက်ခြံတွေ ထွက်တတ်တဲ့ မေးရိုးနဲ့ မေးစေ့နားတစ်ဝိုက်ပဲ မဟုတ်လား။

  • Gym သွားတဲ့အခါ ကိုယ့် တဘက်နဲ့ကိုယ် ယူသွားပါ။ တခြားလူတွေနဲ့ မျှဝေမသုံးပါနဲ့။
  • ဆေးလိပ်ဖြတ်ပါ။

ဆိုးရွားတဲ့ Cystic Acne လိုမျိုး မဖြစ်သေးသရွေ့ ဒီအချက်လေးတွေနဲ့ဆို ဓမ္မတာပေါ်ခါနီး ထွက်လာတတ်တဲ့ ဝက်ခြံတွေကို တားဆီးနိုင်မှာပါ။

ကျန်းမာပျော်ရွှင် လှပနိုင်ကြပါစေ။

ရေးသားသူ – Wathun Myet Chal

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 22/01/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။