ဦးနှောက်ဟာ လူ့ကိုယ်ခန္ဓာမှာ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်စနစ်အားလုံးကို ထိန်းချုပ်နေတဲ့အပြင် မှတ်သားသင်ယူခြင်း၊ အာရုံစူးစိုက်ခြင်း၊ တွေးခေါ်ခြင်း စတဲ့အရေးကြီးတဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုလည်း အချိန်ပြည့်ဆောင်ရွက်နေပါတယ်။ လူတယောက်ရဲ့ နေ့စဉ်ဘဝမှာ ဦးနှောက်ကို ဘယ်လိုအသုံးချတယ်ဆိုတာ အရေးကြီးပါတယ်။