backup og meta

လေ့ကျင့်ခန်း လုပ်တာက အမျိုးအစား (၂) ဆီးချို ကို ကာကွယ်နိုင်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေ့ကျင့်ခန်း လုပ်တာက အမျိုးအစား (၂) ဆီးချို ကို ကာကွယ်နိုင်သလား

    လေ့ကျင့်ခန်း လုပ်တာက အမျိုးအစား (၂) ဆီးချို ကို ကာကွယ်နိုင်သလား …. အမျိုးအစား (၂) ဆီးချို က နာတာရှည်ရောဂါ တစ်မျိုးပါ။ ကမ္ဘာတလွှားက သန်းနဲ့ချီတဲ့ လူဦးရေတွေ ခံစားနေရတဲ့ ရောဂါ တစ်မျိုး ဆိုလည်း မမှားပါဘူး။

    အမျိုးအစား (၂) ဆီးချိုရောဂါ ခံစားရပြီဆိုရင် သေချာ ထိန်းချုပ် ဂရုစိုက်ဖို့ လိုပါမယ်။ သေချာ ထိန်းချုပ် ဂရုစိုက်မှု မလုပ်ဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ မျက်စိ ကွယ်တာကျောက်ကပ် ပျက်စီးတာနှလုံးရောဂါ နဲ့ အခြား ပြင်းထန်သော ရောဂါတွေ ခံစားရနိုင်ပါတယ်။

    ဒါကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်တာက ဒီရောဂါအတွက် အထိရောက်ဆုံး ကုထုံးတစ်ခုပေါ့။

    အမျိုးအစား (၂ )ဆီးချို ကို ဘယ်လို ကာကွယ်မလဲ ………….

    အမျိုးအစား (၂) ဆီးချိုကို လုံးဝမဖြစ်အောင် ကာကွယ်လို့တော့ မရပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ စားသောက်နေထိုင်ပုံကို ပြုပြင်လိုက်မယ်ဆိုရင်တော့ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

    ဆီးချိုမဖြစ်အောင် အချို လျှော့စားလိုက်ရင် ရပြီလို့ ထင်နေကြသူက ခပ်များများပါ။ တကယ်ကတော့ ဆီးချိုက အချိုစားလို့ ဖြစ်တာမဟုတ်ပါဘူး။ အချိုတွေ၊ အဆီအစိမ့်တွေ စားရာက အဝလွန်ပြီး ဆီးချိုဖြစ်လာတာ ဖြစ်ပါတယ်။

    ဒါ့ပြင် အိပ်ရေးပျက်တာ၊ စိတ်ဖိစီးတာ၊ မျိုးရိုးရှိတာ၊ အသက်အရွယ် နဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းတာတွေကလည်း ဆီးချို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါပဲ။

    ဒီတော့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချဖို့ဆိုရင် အစားအသောက်ရော လေ့ကျင့်ခန်းကိုပါ ဂရုစိုက်ဖို့ လိုပါမယ်။

    ဆီးချို ကာကွယ်ဖို့ လေ့ကျင့်ခန်း လုပ်ကြစို့ ……………..

    လေ့ကျင့်ခန်း လုပ်ဆိုတော့ လေ့ကျင့်ခန်း လုပ်တာက ဆီးချိုကို ကာကွယ်နိုင်လို့လားလို့ မေးစရာ ရှိနိုင်ပါတယ်။ လေ့လာချက်တွေ အရကတော့ လေ့ကျင့်ခန်း လုပ်တာက အမျိုးအစား (၂) ဆီးချိုဖြစ်နိုင်ခြေ လျှော့ချဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။

    ဒီလို ပြောရတဲ့ အကြောင်းကတော့ လေ့ကျင့်ခန်း မှန်မှန် လုပ်မယ်ဆိုရင်

    ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ပေးရမလဲ ……….

    အမျိုးအစား (၂) ဆီးချိုကို ကာကွယ်ဖို့အတွက် လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်

    လေ့ကျင့်ခန်း လုပ်တဲ့အခါ တစ်ပတ်ကို ၅ ရက် ဒါမှမဟုတ် နေ့စဉ် မှန်မှန်လည်း လုပ်ပေးလို့ ရပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ၁၅ မိနစ်ကနေစလို့ နာရီဝက်၊ ၄၅ မိနစ်၊ ၁ နာရီ စသဖြင့် လုပ်ပေးပါ။ ခပ်ပြင်းပြင်းလေ့ကျင့်ခန်းဆိုရင် တစ်ပတ်ကို ၇၅မိနစ် ဒါမှမဟုတ်  ‌ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းဆိုရင် တစ်ပတ်ကို မိနစ် ၁၅၀ဆို လုံလောက်ပါပြီ။

    လေ့ကျင့်ခန်း လုပ်တာက စိတ်ရောကိုယ်ပါ လန်းဆန်းကျန်းမာစေပြီး အမျိုးအစား (၂) ဆီးချို ကို လည်း အထိရောက်ဆုံး လျှော့ချ‌ပေးနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement