အစားအသောက်တွေတင် မကပါဘူး။ ကိုယ်ရဲ့အနေအထိုင် အပြုအမူတွေကြောင့်လည်း ခေါင်းကိုက်ဝေဒနာခံစားရတတ်ပါတယ်။ ဘာတွေလဲဆိုတော့
- ရေများများမသောက်တာ – ရေဓါတ်ခမ်းခြောက်ပြီး သွေးလည်ပတ်မှုမကောင်းတော့တဲ့အခါ ဦးနှောက်ဆီသွေးအရောက်နည်းသွားပြီး ခေါင်းကိုက်လာရတာ ဖြစ်ပါတယ်။
- မနက်စာ မစားတာ – တစ်နေ့တာလုံး အာဟာရပြည့်ဝနေစေဖို့ မနက်စာကို ရှင်ဘုရင်လို စားသင့်တယ်ဆိုတဲ့ စကားလေကြားဖူးမှာပါ။ ဒါကို မအားလို့၊ရုံးမမီတော့လို့ ပိန်ချင်လို့ ဆိုပြီး မနက်စာ အလွတ်ခံလိုက်ရင် ကိုယ်တွင်းမှာ ဆာလောင်မှုတွေဖြစ်လာပြီး သင်လည်း ခေါင်းကြည်တော့မှာ မဟုတ်ပါဘူး။
- စိတ်ဖိစီးမှု – စိတ်ဖိစီးနေတဲ့သူတစ်ယောက် ခေါင်းကြည်လန်းဆန်းနေတာ ဘယ်မှာများ မြင်ဖူးပါသလဲ။ စိတ်ထောင်းကိုယ်ကြေဆိုတဲ့ စကားလေးကြားဖူးတယ်မလား။ စိတ်ဖိစီးမှုလောက် ကိုယ်ခန္ဓါကို နှိပ်စက်ပြီး ရောဂါဝေဒနာတွေ ခံစားစေရတဲ့ အရာတွေ မရှိပါဘူး။
- အိပ်ရေးပျက်ခြင်း – အိပ်ရေးပျက်ရင် ခေါင်းကိုက်တယ်ဆိုတာ လူတိုင်းကြားဖူး၊ ခံစားဖူးကြပါလိမ့်မယ်။ ဦးနှောက်ဆိုတာ တစ်နေ့လုံး အလုပ်လုပ်နေရတဲ့အတွက် အိပ်နေတဲ့ အချိန်လေးမှာတော့ အနားယူရပါမယ်။ ဒါကို မအိပ်ဘဲ ညဉ့်နက်အောင်နေလိုက်တဲ့အခါကျရင် ဦးနှောက်အနားမရဘဲ ပိုပန်းသွားလို့ ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။
- အဝလွန်တဲ့သူတွေ – အဆီဆဲလ်တွေက ခေါင်းကိုက်ခြင်းနဲ့ ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ cytokinesတွေထုတ်တာကြောင့် အဝလွန်တဲ့သူတွေဟာ ခေါင်းကိုက်ဝေဒနာကို ခဏခဏ ခံစားရတာဖြစ်ပါတယ်။
ဒီလို ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့အစားအသောက်တွေ ၊ အကြောင်းအရာတွေကို သိထားတော့ ခေါင်းမကိုက်အောင် ဘယ်လို ပြုမူနေထိုင်ရမလဲ ။ ဘယ်လို အစားအစာတွေကို ရှောင်ရမလဲဆိုတာ သိသွားတာပေါ့ ။ ဒါဆို ခေါင်းမကိုက်အောင် ဘာတွေကိုရှောင် ဘာတွေကိုဆောင်ရမလဲ ။ ။
အပေါ်မှာပြောခဲ့တဲ့ ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ အစားအသောက်တွေကို မဖြတ်နိုင်ရင်တောင် လျှော့စားစေချင်ပါတယ်။ နောက်ပြီး အိပ်ရေးဝဝအိပ်ပါ။ မနက်စာစားပါ။ ရေများများသောက်ပါ။ စိတ်ဖိစီးမှု ကင်းအောင် တတ်နိုင်သမျှ နေပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။