acute lymphocytic leukaemiaသွေးကင်ဆာသည် သွေးနှင့်ရိုးတွင်းခြင်ဆီကင်ဆာတစ်မျိုးဖြစ်ပါသည်။ အမျိုးအစား ၂မျိုး ခွဲခြားထားပါသည်။ ရုတ်တရက်ပြင်းထန် စွာ ဖြစ်ခြင်း နှင့် နာတာရှည် ဖြစ်ခြင်းတို့ဖြစ်သည်။ ရုတ်တရက်ပြင်းထန်သော lymphocyte (သွေးဖြူဥဆဲလ်တစ်မျိုး) များသည့်သွေးကင်ဆာတွင်ဆဲလ်များသည် လျင်မြန်စွာ ကြီးထွားပြီးသွေးဆဲလ်များ၏ ဖွံဖြိုးမှုကိုထိခိုက်စေပါသည်။ အထူးသဖြင့် အထိခိုက်ခံရဆုံးသောဆဲလ်များမှာ B lymphocyte နှင့် T lymphocyte တို့ဖြစ်ပါသည်။
acute lymphocytic leukaemia၏ ရောဂါလက္ခဏာများသည် ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ မောပန်းခြင်း၊ ဖျော့တော့ခြင်း နှင့် အရေပြားပေါ်တွင် အညိုမဲကွက်များပေါ်ခြင်းတို့ဖြစ်ပါသည်။ လူနာများသည် အသည်းရောင်ခြင်း၊ lymph node(ပြန်ရည်ကျိတ်)များ ကြီးခြင်း နှင့် မှတ်ညဏ်ပျောက်ဆုံးခြင်းများလည်း ဖြစ်နိုင် ပါသည်။ အထက်တွင် ဖော်ပြမထားသောလက္ခဏာများလည်းရှိနိုင်ပါသည်။ ရောဂါလက္ခဏာများ နှင့် ပတ်သက်၍ မေးလိုသည်များရှိပါကဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ဖော်ပြထားသောရောဂါလက္ခဏာများရှိပါကဆရာဝန်ခေါ်ပါ သို့မဟုတ် ဆေးရုံတို့သွားပါ။ နောက် ကျပါကရောဂါသည် ဆိုးရွှားလာပြီးကုသ၍ မရနိုင်တော့ပါ။ မေးလိုသည်များရှိပါကဆရာဝန်နှင့် တိုင်ပင်ဆွေနွေးပါ။
အရိုးဆဲလ်များ၏ DNA များပျက်စီးပါကရုတ်တရက် ပြင်းထန်သော lymphocyte များသည့်သွေးကင်ဆာ ဖြစ်ပွားပါသည်။ ထိုရောဂါသည် ကျန်းမာသောဆဲလ်များကို ကြီးထွားမှု ရပ်တန့်စေပြီးသေစေပါသည်။ သို့သော်လည်းရောဂါဖြစ်ပွားသောဆဲလ်များသည် သန်မာလာပြီးကွဲပွားလာပါသည်။
လက်ရှိတွင် ဘာကြောင့် DNA သန္ဓေပြောင်းခြင်းများသည် သွေးကင်ဆာဖြစ်စေသလဲကိုရှင်းလင်းစွာမသိရသေးပါ။ သို့သော်လည်းဆရာဝန်များသည် သုတေသနများ ပြုလုပ်ခဲ့ပြီးacute lymphocytic leukaemiaသည် မျိုးရိုးဆက်ခံခြင်းကြောင့် မဟုတ်မှန်းတွေ့ရှိရပါသည်။
acute lymphocytic leukaemia ဖြစ်ပွားနိုင်ချေကိုမြင့်စေသောအချက်များစွာရှိပါသည်။ အောက်ပါတို့ပါဝင်ပါသည်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
acute lymphocytic leukaemiaကိုအတည်ပြုရန် သွေးစစ်ခြင်းနှင့် ရိုးတွင်းခြင်ဆီစစ်ခြင်းတို့ကိုလုပ်ဆောင်ရပါမည်။ ရိုးတွင်းခြင်ဆီကိုအဏု ကြည့်မှန်ပြောင်းဖြင့် စစ်ဆေးပြီး ခြင်ဆီအတွင်းပုံမှန် မဟုတ် သောဆဲလ်များရှိသလားရှာဖွေနိုင်ပါသည်။ ရင်ဘတ်အားဓါတ်မှန်ရိုက်ခြင်း၊ ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း နှင့်အာထရာဆောင်းရိုက်ခြင်းတို့လည်းလုပ်နိုင်သည်။
acute lymphocytic leukaemiaသည် ကုသ၍ ပျောက်ကင်းပါသည်။ ကင်ဆာဆေးကုထုံးသည် ဤရောဂါကုသမှု၏ အဓိကနည်းလမ်းဖြစ်ပါ သည်။
လူနာများသည် သွေးသွင်းခြင်း၊ ကင်ဆာဆေးကုထုံး နှင့် ဓါတ် ရောင်ခြည် ကုထုံးတို့ပြုလုပ်ရန် ဆေးရုံတက်ရပါမည်။ ကုသခြင်းတွင် အဆင့် လေးဆင့် ပါဝင်ပါသည်။ အဆင့် နှစ်ခုသည် ဆေးဖြင့်ကုသခြင်းဖြင့် စတင်သည်။ လူနာသည် အဖျားသက်သာလာပါကအဆင့်သုံးကို ပြုလုပ်ပါသည်။ ဦးနှောက်အားဓါတ်ရောင်ခြည်ကုထုံးနှင့် ဓါတုကုထုံးတို့ ပြုလုပ်ကာကင်ဆာဆဲလ်များကိုဖယ်ရှားပါသည်။
ဆရာဝန်သည် ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်းကိုအကြံပြုနိုင်ပါသည်။ ပင်စည်ဆဲလ် အစားထိုးခြင်းဟုလည်းခေါ်ပါသည်။ ပင်စည်ဆဲလ်များပါဝင်သောကျန်းမာသောရိုးတွင်းခြင်ဆီကို ခန္ဓါကိုယ်တွင်းထိုးသွင်းလိုက်ပါသည်။ ထိုအခါ ပင်စည်ဆဲလ်များသည် ပုံမမှန်သောဆဲလ်များကိုအစားထိုးရန် ကျန်းမာသောဆဲလ်အသစ်များထုတ်လုပ် ပါလိမ့်မည်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများအသုံးပြုခြင်းသည် acute lymphocytic leukaemiaကိုကုသရာတွင် ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံးကုထုံးများသည် acute lymphocytic leukaemiaကိုထိန်းချုပ်နိုင်ပါသည်။
အကယ်၍ သင့်တွင် မေးခွန်းများရှိပါကသင့်အတွက် သင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။