အစာအိမ်ကင်ဆာ။ ။‘AB’ သွေးပိုင်ရှင်တွေဟာ ‘B’ နဲ့ ‘O’ သွေးထက် အစာအိမ်ကင်ဆာ ဖြစ်ပွားနိုင်ချေ (၂၆)ရာခိုင်နှုန်းများပါတယ်။ ‘A’သွေးပိုင်ရှင်တွေကတော့ ‘B’ နဲ့ ‘O’ သွေးပိုင်ရှင် တွေထက် (၂၀) ရာခိုင်နှုန်းပိုများပါတယ်လို့ဆိုထားပါတယ်။ ‘A’ နဲ့ ‘AB’ သွေးတွေဟာ ဆေးလိပ် သောက်ခြင်းနဲ့ အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့်ဖြစ်လာနိုင်တဲ့ရောဂါတွေ ခံစားရနိုင် ချေလည်းများပါသေးတယ်။
နှလုံးရောဂါ။ ။ ‘A’ , ‘B’ နဲ့ ‘AB’ သွေးပိုင်ရှင်တွေဟာ နှလုံးရောဂါဖြစ်ပွားနှုန်းမြင့်ပါတယ်။ ‘AB’ က(၂၃)ရာခိုင်နှုန်း၊ ‘B’ က (၁၁)ရာခိုင်နှုန်းနဲ့ ‘A’ ကတော့ (၅) ရာခိုင်နှုန်းမြင့်ပါတယ်။ ကံကောင်းစွာနဲ့ ‘O’ သွေးပိုင်ရှင်တွေကတော့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေနည်းပါတယ်။
ပန်ကရိယာကင်ဆာ။ ။ ‘O’ သွေးပိုင်ရှင်တွေဟာ ပန်ကရိယာကင်ဆာဖြစ်ပွားနှုန်း သိပ်မရှိပါဘူး။
စိတ်ဖိစီးမှု။ ။ ‘A’ သွေးပိုင်ရှင်တွေဟာ စိတ်ဖိစီးမှု တစ်ခုကြုံတွေ့ရတဲ့အခါ ဟော်မုန်းများပြား စွာထုတ်လုပ်ပါတယ်။ ‘O’ သွေးကတော့ အဒရီနယ်လင်း (Adrenaline) ထုတ်ပါတယ်။ ဒီလို ဟော်မုန်းတွေထွက်လာခြင်းကြောင်း စိတ်ဖိစီးမှုဒဏ်ကို ကောင်းစွာမထိန်းချုပ်နိုင်တော့ပါဘူး။ စိတ်ဖိစီးမှု ဖြစ်လွယ်ပါတယ်။ ဒါတွေကိုဖြေရှင်းဖို့ဆိုရင်တော့ ‘A’ သွေးပိုင်ရှင်တွေဟာ ပြေးခြင်း၊ လက်ဝှေ့ထိုး ခြင်းလိုမျိုးလှုပ်လှုပ်ရှားရှား အားကစားမျိုးလုပ်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။