backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Phlebitis (သွေးပြန်ကြောရောင်ခြင်း)

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Phlebitis (သွေးပြန်ကြောရောင်ခြင်း) ကဘာလဲ။

သွေးပြန်ကြောရောင်ခြင်းကို Phlebitis လို့ခေါ်ပြီး သွေးခဲကြောင့်သွေးပြန်ကြောရောင်ခြင်းကို Thrombophlebitis လို့ခေါ်ပါတယ်။ သွေးပြန်ကြောရောင်ခြင်းဟာ အပေါ်ယံအရေပြား ဒါမှမဟုတ် အောက်ဖက် တစ်သျှူးထဲမှာ ဖြစ်ပါတယ်။

အပေါ်ယံ သွေးပြန်ကြောရောင်ခြင်းဟာ အရေပြားအောက်မှာ ဖြစ်ပေါ်ပါတယ်။ ပိုပြီးအောက်ဖက်ရောက်တဲ့ သွေးပြန်ကြောတွေထဲမှာ သွေးခဲကြောင့် သွေးပြန်ကြောရောင်ခြင်းရောင်ခြင်း၊ သွေးခဲပိတ်ဆိုပခြင်းတွေ တွေ့ရတတ်ပါတယ်။

Phlebitis (သွေးပြန်ကြောရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Phlebitis (သွေးပြန်ကြောရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • နာကျင်ခြင်း
  • အရေပြားအောက်တွင်အဖုဖြစ်နေခြင်း
  • အရေပြားနီရဲခြင်း

အပေါ်ယံဖြစ်စေ အောက်ပိုင်းဖြစ်စေ သွေးပြန်ကြောရောင်ခြင်းဟာ အဖျားငွေ့ငွေ့ရှိခြင်းနဲ့ ဆက်စပ်နေပါတယ်။ အပြင်းဖျားခြင်း၊ ရောင်တဲ့နေရာက ပြည်ထွက်ခြင်း စတာတွေဟာ ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်ပါတယ်။

သွေးပြန်ကြောတလျှောက် အကြောကိုစမ်းမိရင် အပေါ်ယံသွေးခဲခြင်း ဒါမှမဟုတ် အပေါ်ယံသွေးခဲမှုကြောင့် သွေးပြန်ကြောရောင်ခြင်း ဖြစ်ပါတယ်။

အောက်ပိုင်းသွေးပြန်ကြောထဲ သွေးခဲရင် သက်ဆိုင်ရာ ခြေလက်တွေဟာ နီရဲနာကျင်နေတတ်ပါတယ်။ ခြေထောက်မှာဆိုရင် လမ်းလျှောက်ရခက်ခဲပါတယ်။

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Phlebitis (သွေးပြန်ကြောရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းအရာမျိုးစုံရှိပါတယ်။ တချို့ကတော့

  • သွေးပြန်ကြောကို ထိခိုက်ဒဏ်ရာရခြင်း
  • ကားမောင်းချိန်၊ လေယာဉ်စီးချိန်ကြာမြင့်ခြင်း
  • သွေးပြန်ကြောမှတဆင့် ဆေးသွင်းခြင်း
  • ခွဲစိတ်ကုသခြင်း
  • ကာလကြာမြင့်စွာ မလှုပ်ရှားဘဲနေမခြင်း (ဆေးရုံတက်ခြင်း၊ အိပ်ရာပေါ်လှဲနေခြင်း)
  • သွေးပြန်ကြောထုံးခြင်း
  • ကင်ဆာဖြစ်ခြင်း၊ သွေးခဲခြင်းပြသနာရှိခြင်း
  • ခွဲစိတ်ကုသမှုကြောင့် ပုံမှန်သွေးပြန်ကြောစနစ်ကို ထိခိုက်မိခြင်း
  • မူးယစ်ဆေးကို သွေးပြန်ကြောမှသွင်းခြင်း

အပူလောင်ခြင်း စတာတွေဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Phlebitis (သွေးပြန်ကြောရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအချက်တွေက မြင်ပတက်စေပါတယ်။

ကာလကြာမြင့်စွာ မလှုပ်ရှားဘဲနေခြင်း။ အိပ်ရာထဲ အချိန်ကြာမြင့်စွာ လှဲနေခြင်း၊ ထိုင်နေရခြင်း၊ ခြေထောက်တွင် သွေးစီးဆင်းမှုနည်းပြီး သွေးစုအိုင်လာခြင်း

လှုပ်ရှားမှုနည်းခြင်း၊ ပုံမှန်လေ့ကျင့်ခန်းမလုပ်ခြင်း

အဝလွန်ခြင်း

ဆေးလိပ်သောက်ခြင်း

ကင်ဆာနှင့်သွေးခဲခြင်းပြသနာများဖြစ်ခြင်း

လက်၊ ခြေ ထိခိုက်မှုဖြစ်ခြင်း

ဟော်မုန်းအစားထိုးကုသခြင်း၊ တားဆေးသောက်ခြင်း

ကိုယ်ဝန်ရှိခြင်း

သွေးပြန်ကြောထုံးခြင်း စတာတွေဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Phlebitis (သွေးပြန်ကြောရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

D-dimer လို့ခေါ်တဲ့ သွေးစစ်ဆေးမှုပြုလုပ်ပါလိမ့်မယ်။ အဖြေဟာ နက်ဂတစ်ဖြစ်ရင်၊ ဖြစ်နိုင်ခြေအကြောင်းအရင်းတွေ မရှိရင် သွေးခဲခြင်း မဖြစ်နိုင်ပါဘူး။

အာထရာဆောင်းကနေ သွေးခဲခြင်းရှိမရှိ သိနိုင်ပါတယ်။ အထူးသဖြင့် ပိုကြီးတဲ့ အစွန်ပိုင်း သွေးပြန်ကြောတွေမှာ ဖြစ်ပါတယ်။ လက်ကိုင်ကိရိယာလေးနဲ့ အရေပြားပေါ်ထောက်ပြီး သွေးခဲပိတ်ဆို့တဲ့နေရာကို ရှာဖွေသိရှိနိုင်ပါတယ်။ နာကျင်မှုမရှိတဲ့ စမ်းသပ်နည်းဖြစ်ပါတယ်။

တခါတရံမှာ သွေးပြန်ကြောပုံရိပ်ဖော်နည်းနဲ့ ပိုပြီးသေးငယ်တဲ့ သွေးပြန်ကြောတွေမှာ စမ်းသပ်ပါတယ်။ ဆိုးဆေးကို သွေးပြန်ကြောထဲ ထည့်သွင်းပြီး ဓါတ်မှန်ရိုက်ကြည့်ပါတယ်။

Phlebitis (သွေးပြန်ကြောရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

တိကျတဲ့ဆေးဝါးများနဲ့ ကုသမှုမရှိပါဘူး။ ရက်သတ္တပတ်အနည်းငယ်နေရင် ရောင်တာ လျော့သွားပါလိမ့်မယ်။ အဖုအလုံးဖြစ်ပြီး အရေပြားပေါ်ညိုနေတာကိုတော့ လနဲ့ချီပြီး တွေ့နိုင်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက သွေးပြန်ကြောရောင်ခြင်း အတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

ခြေထောက်ကိုမြှင့်ထားပါ။

ဖိညှပ်အားဖြစ်စေတဲ့ ခြေအိတ်ရှည်များဝတ်ပါ

သွေးလည်ပတ်မှုကောင်းအောင် လှုပ်ရှားတက်ကြွစွာ နေထိုင်ပါ။

နာကျင်မှုသက်သာအောင် အေးမြတဲ့ ဖလန်နယ်များ ဝတ်ဆင်ပါ။

အရောင်ကျဆေးများသောက်ပါ။

ဖြစ်တဲ့နေရာနားကို အရောင်ကျဆေးများလိမ်းပါ။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement