backup og meta

ရေခဲတွေပဲ စားချင်နေရတဲ့ အကြောင်းအရင်း

ရေခဲတွေပဲ စားချင်နေရတဲ့ အကြောင်းအရင်း

စားစရာတွေ အများကြီး ရှိနေရက်ကမှ ရေခဲပဲ စားချင်တယ်။ အခြားဟာတွေထက် ရေခဲကို တဂျွတ်ဂျွတ် ဝါးရတာကို ပိုသဘောကျနေတယ်ဆိုရင်တော့ ဒီဆောင်းပါးကို မဖြစ်မနေ ဖတ်ကြည့်သင့်ပါတယ်။ ဒီအထဲမှာ ရေခဲတွေပဲ စားချင်နေရတဲ့ အကြောင်းအရင်း ကို ပြောပြပေးထားပါတယ်။

ရေခဲ စားချင်နေမိတယ်။

ရေခဲပဲ စားချင်နေမိတယ်၊ ရေခဲကို တဂျွတ်ဂျွတ် ဝါးရတာ သဘောကျနေမိတာ ကိုယ်တစ်ယောက်တည်းလား၊ လို့ တွေးနေမိပြီလား။ ဒီလိုဆိုရင် ပြောချင်တာက ရေခဲကို တဂျွတ်ဂျွတ် ဝါးစားချင်နေတာက ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။

ရာသီဥတု ပူလွန်းတဲ့အခါ ရေခဲစားချင်တဲ့ဆန္ဒ ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ အေးအေးလေးဖြစ်နေတဲ့ ရေခဲက ရေငတ်ပြေစေပြီး အပူဒဏ်ကို သက်သာစေနိုင်လို့ပါ။

ရေခဲတွေပဲ စားချင်နေရတဲ့ အကြောင်းအရင်း

ရေခဲတွေပဲ စားချင်နေရတဲ့ အကြောင်းအရင်း က တစ်ခုမကရှိနေနိုင်ပါတယ်။ လူတော်တော်များများ ရေခဲ စားချင်ရတဲ့ အကြောင်းအရင်းကတော့ 

Pica ရောဂါ

ရေခဲကို တအားစားချင်နေရတာက Pica လို့ ခေါ်တဲ့ ရောဂါတစ်မျိုး ခံစားနေရတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီရောဂါက အာဟာရ လုံးဝမဖြစ်တဲ့ အရာမျိုးကို စားချင်စိတ် ဖြစ်ပေါ်နေတဲ့ စားသောက်မှုပုံစံမမှန်တဲ့ အခြေအနေတစ်မျိုးပါ။ Pica ရောဂါ ခံစားနေရသူဟာ စားစရာမဟုတ်တဲ့ ဖုန်မှုန့်တွေ၊ ပန်းချီကားချပ်တွေ၊ ရွှံ့စေးတွေ၊ ဆံပင်၊ ရေခဲ နဲ့ စာရွက်လိုမျိုး အရာတွေကို စားချင်စိတ် ဖြစ်ပေါ်နေတတ်ကြပါတယ်။။ ဒီရောဂါ ခံစားနေရတဲ့အချိန်မှာ အာဟာရရှိတဲ့ အစားအစာတွေထက် ရေခဲတွေကို ပိုစားမိတာမျိုး ဖြစ်နိုင်ပါတယ်။
ရေခဲကို တအားစားချင်နေတာက Pica ရောဂါကြောင့် ဖြစ်နိုင်သလို အချို့သူတွေမှ ရေခဲ စားချင်စိတ် များနေတာက သံဓာတ်အားနည်းနေတာကြောင့်ပါ။ သံဓာတ်အားနည်းမှုက သွေးအားနည်းရောဂါကို ဖြစ်စေနိုင်ပြီး ဒီလိုကနေ ရေခဲစားချင်စိတ် ဖြစ်လာရတာပါ။ သွေးအားနည်းရောဂါက မပေါ့ဆသင့်တဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ သွေးတွေက ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် လုံလောက်အောင် မသယ်ပို့နိုင်တဲ့အခါ ခြေကုန်လက်ပန်းကျတာ၊ မောပန်းလွယ်တာတွေ ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။
  • သွေးအားနည်းနေတဲ့အခါ
  • ရေခဲစားချင်တာ
  • ခြေကုန်လက်ပမ်းကျတာ
  • မောပန်းလွယ်တာ
  • အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်းဖြစ်တာ
  • မူးဝေတာ
  • အားနည်းတာတွေ ခံစားရနိုင်ပါတယ်။
သံဓာတ် အားနည်းတာကြောင့် သွေးအားနည်းရောဂါ မဖြစ်စေဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်
  • အသည်း စားပါ ( အမဲအသည်း၊ ကြက်အသည်း စသည်ဖြင့်)
  • သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ များများစားပါ (ဗီတာမင် C ကြွယ်ဝတာကို များများစားပါ)
  • ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်စားတာကို လျှော့ပါ
  • ငါး၊ ကြက်သား၊ အနီရောင် အသားတွေ ပုံမှန် စားပေးပါ
  • သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပါ။

ကိုယ်ဝန်ဆောင်နေရတာ

ကိုယ်ဝန်ဆောင်နေရချိန်မှာ သွေးအားနည်းရောဂါ ခံစားရနိုင်ခြေက တော်တော်လေးများပါတယ်။ ကိုယ်ဝန်ဆောင်တွေက ဘေဘီလေးဆီကို သွေးထောက်ပံ့ရတာ၊ အာဟာရပြည့်ဝအောင် မစားမိတာ၊ ပုံမှန်မဟုတ်ဘဲ သွေးဆင်းတာတွေကြောင့် သွေးအားနည်းရောဂါ ခံစားရနိုင်ခြေ များနေပါတယ်။ သွေးအားနည်းရောဂါ အရင်က မဖြစ်ခဲ့ဖူးဘူးဆိုရင်တောင်မှ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်အားနည်းမှု ပြဿနာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေကို ရေခဲစားချင်စိတ် ဖြစ်ပေါ်စေရတာက သံဓာတ်အားနည်းမှု ပြဿနာအပြင် ဒါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန်မှာ မအီမသာဖြစ်တာ၊ အော့အန်တာတွေကို ခံစားရပြီး ဒါတွေက ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ ရေဓာတ်ဆုံးရှုံးတဲ့အခါ ရေခဲ စားတာက ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြည့်စေပြီး မအီမသာဖြစ်တာတွေကို သက်သာစေတာကြောင့်ပါ။
  • ရေခဲက အနံ့အရသာမရှိတာကြောင့်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ ရေခဲ စားကြတာပါ။
  • ကိုယ်ဝန်ဆောင်ချိန်မှာ ဇီဝကမ္မဖြစ်စဉ်တွေက မြန်ဆန်နေသလို သွေးကြောတွေက ရောင်ရမ်းနေပါတယ်။ ဒီအချက်တွေက ကိုယ်ဝန်ဆောင်တွေကို ပုံမှန်ထက် ပိုပူတယ်လို့ ခံစားရစေပြီး ရေခဲအပါအဝင် အေးတာတွေကို စားချင်စိတ် ပိုဖြစ်စေတာပါ။
  • နောက်တစ်ခုက ချင်ခြင်းတပ်တာကြောင့်ပါ။ ချင်ခြင်းတပ်တာကြောင့်လည်း ရေခဲစားချင်စိတ်တွေ ဖြစ်စေနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Why Do You Crave Ice? https://www.healthline.com/health/craving-ice#1 Accessed Date 2 June 2020

Craving Ice And What It Means https://www.everydayhealth.com/diet-nutrition/craving-ice-what-it-means/ Accessed Date 2 June 2020

ယခုပုံစံ

20/07/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရေခဲရေ မသောက်ခင် ဒါတွေကို သိထားသင့်တယ်နော်

အပူချိန်ပြင်းထန်လွန်းတဲ့အချိန်မှာ ရေခဲရေအေးအေး သောက်သင့်ရဲ့လား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement