သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 3, 2020 . 2 mins read
Share now

လူတိုင်း ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ဖို့ လိုမယ်။ ဒါမှ ကျန်းမာမယ်။ ခန္ဓာကိုယ် သွက်လက်ပေါ့ပါးမယ်ဆိုတာ ပြောနေစရာတောင် မလိုအောင်ပါ။ ဒီလိုပါပဲ ဖွံ့ဖြိုးဖို့ စတင်နေတဲ့ ကလေးတွေမှာလည်း လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာက ရုပ်ပိုင်းဆိုင်ရာရော ဦးနှောက်နဲ့အာရုံကြော ဖွံ့ဖြိုးမှုကိုပါ အထောက်အပံ့ပေးပါတယ်။

သားသားမီးမီးတို့ နဲ့ လေ့ကျင့်ခန်းလုပ်ခြင်း

ကလေးကို အသက် ၂ နှစ်ကျော် ၃ နှစ်လောက်ကစပြီး လေ့ကျင့်ခန်းလုပ်ပေးတဲ့ အကျင့်လေးကို မွေးမြူပေးမယ်ဆိုရင်

နှလုံး ကျန်းမာစေနိုင်တယ်

နှလုံးက ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာပါ။ နှလုံး ကြွက်သားတွေဟာလည်း ခန္ဓာကိုယ်ရဲ့ အခြား ​ကြွက်သားတွေလိုပါပဲ နေ့စဉ် လေ့ကျင့်ခန်း လုပ်ဖို့ လိုပါမယ်။ နှလုံးက ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးလေလေ သန်မာပြီး ခံနိုင်ရည် ပြည့်ဝလေလေပါ။

နှလုံး ကြွက်သားတွေ သန်မာမှုက ကလေးကို နှလုံးရောဂါမဖြစ်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါလိမ့်မယ်။ ငယ်စဉ်ကတည်းက လေ့ကျင့်ခန်း လုပ်ပေးတာက နှလုံးရောဂါ ခံစားရနိုင်ခြေနည်းစေသလို နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ ကျဆင်းစေမှာပါ။

သွေးကြောပိတ်ဆို့မှု ကင်းစေတယ်

လေ့ကျင့်ခန်းလုပ်တာက သွေးကြောတွေထဲမှာ ကျန်းမာရေး ထိခိုက်စေနိုင်တဲ့ ကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပြီး သွေးတွင်းအဆီတွေကို လျှော့ချပေးနိုင်ပါတယ်။
သွေးကြောတွေထဲမှာ ပိတ်ဆို့မှုကင်းတာက သွေးစီးဆင်းမှုကို ကောင်းစေပြီး သွေးတိုးမဖြစ်စေနိုင်ပါဘူး။ သွေးတိုးရောဂါ မရှိတာက ရုတ်တရက်နှလုံးရပ်တန့်သေဆုံးနိုင်ခြေနဲ့ လေဖြတ်နိုင်ခြေကို လျှော့ချလိုက်တာပါ။

အဆုတ် ကျန်းမာစေတယ်

လေ့ကျင့်ခန်းလုပ်တာက အဆုတ်တွေကို ကျန်းမာစေနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် အောက်ဆီဂျင် ရရှိမှုကောင်းစေပြီး သွေးတွင်း အောက်ဆီဂျင် ပမာဏကောင်းမွန်စေပါတယ်။ ကိုယ်တွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်မှာပါ။

သွေးပေါင်ချိန် ထိန်းညှိပေးတယ် 

လေ့ကျင့်ခန်း ပုံမှန်လုပ်တာက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ စိတ်ဖိစီးမှု လျော့ကျတာက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပြီး သွေးတိုးမဖြစ်အောင် နဲ့ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်

လေ့ကျင့်ခန်းလုပ်ထဲက သွေးထဲမှာ သကြားဓာတ်တွေ စုမနေအောင် ကာကွယ်ပေးပါတယ်။ သွေးကြောတွေထဲကို ဂလူးကို့စ် အဖြစ် ရောက်ရှိသွားစေပြီး စွမ်းအင်အဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ ဆီးချို မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။

ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

အထိုင်များတာ၊ လှုပ်ရှားမှုနည်းတာ လိုမျိုး နေထိုင်မှုပုံစံတွေက ကိုယ်တွင်းမှာ အဆီစုစေပြီး ကိုယ်အလေးချိန်တက်တာ၊ အဝလွန်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန် ထိန်းညှိတာက ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ရာရောက်သလို နှလုံး ကျန်းမာရေးကိုပါ ဂရုစိုက်ရာ ရောက်ပါတယ်။

အရိုးတွေ သန်မာစေတယ်

ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတွေ သန်မာသလို အရိုးတွေ ကြံ့ခိုင်လာပါမယ်။ အသက် ၂၀ နောက်ပိုင်း အရိုးသိပ်သည်းဆ ဆုံးရှုံးမှုကိုလည်း ကာကွယ်ရာရောက်ပါတယ်။ လေ့ကျင့်ခန်း မှန်မှန်လုပ်တာက အရိုးသိပ်သည်းဆ ကောင်းစေပြီး အရိုးပွတာ၊ အရိုးကျိုးလွယ် အက်လွယ်တာ၊ အရိုးတွေ ကြံ့ခိုင်မှု အားနည်းတာလိုမျိုး ပြဿနာတွေကို ကာကွယ်ရာရောက်ပါတယ်။

ကင်ဆာ ကာကွယ်ပေးတယ်

လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးတာက ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သားအိမ်ကင်ဆာ နဲ့ ရင်သားကင်ဆာတွေကိုပါ။

အင်အားပြည့်ဝစေတယ်

လေ့ကျင့်ခန်း မှန်မှန်လုပ်တာက ခန္ဓာကိုယ်ကို အင်အားပြည့်စေပါတယ်။ တက်ကြွလန်းဆန်းနေစေပြီး ဖျတ်လတ်ကျန်းမာတဲ့ ကလေးတစ်ယောက် ဖြစ်လာစေမှာပါ။

စိတ်ခံစားမှု ကောင်းစေတယ်

လေ့ကျင့်ခန်းလုပ်တဲ့အခါ ပျော်ရွှင်ခြင်းကိုဖြစ်စေတဲ့ ဟော်မုန်းတွေ ထွက်လာစေပြီး ကလေးကို စိတ်ခံစားမှု ကောင်းပြီး ပျော်ရွှင်​တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေမှာပါ။
စိတ်ရော ကိုယ်ပါ ကျန်းမာပြီး အကောင်းဆုံးဖွံ့ဖြိုးတဲ့ ကလေးအဖြစ် ကြီးပြင်းလာစေဖို့ ကလေးကို ငယ်စဉ်ကတည်းက လေ့ကျင့်ခန်း လုပ်တတ်တဲ့ အလေ့အထလေး မွေးမြူပေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော (malt) လို့ ပြောလိုက်ရင် အရင်ဆုံး ပြေးမြင်တာ ဘာလဲ။ malted milk လား။ မုယော အားဖြည့်အချိုရည်တွေလား .......................................

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး တွေက ဘာတွေများ ဖြစ်မလဲ။ မျက်လုံး ဓာတ်မတည့်မှုကို မြန်မြန် သက်သာစေနိုင်ဖို့အတွက် ......

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ကို Urtica dioica လို့ ခေါ်ပြီး လက်တင်စကားလုံး uro ကနေ ဆင်းသက်လာတာပါ။ ပူနွေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အကြောင်းက ထိရင်၊ စားမိရင် ပူနွေးစေလို့ပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံ ကို သက်သာစေလား။ အခါးဓာတ်ပါတဲ့အရာတွေက အစာခြေစနစ်ကို ကျန်းမာစေသလို ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 10, 2021 . 2 mins read
ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read