ကျွန်မတို့ အမျိုးသမီးလေးတွေ အပျိုဖော်ဝင်ပြီဆိုတာနဲ့ စပြီးကြားရတာက ရာသီလာစောရတာဟာ ကိုယ်တိုင်က လိင်စိတ်များရလို့ ဖြစ်တယ်။ ရာသီလာရင် ယောက်ျားလေးတွေနဲ့ ထိလိုက်တာနဲ့ ကိုယ်ဝန်ရနိုင်တယ်။ ရာသီလာရင် ရေမချိုးရဘူး။ ရာသီလာတာက ခန္ဓာကိုယ်ထဲက မသန့်ရှင်းတဲ့ သွေးတွေ၊ သွေးပုပ်တွေ ဆင်းတာဖြစ်တယ် စတဲ့ ချင်း(ဂျင်း)စကားတွေပါပဲ။ မိရိုးဖလာ လက်ခံခဲ့ကြတဲ့ ဒီ ပါးစပ်ပြောယုံတမ်းစကားတွေကြောင့် တလွဲဆံပင်ကောင်းပြီး အရှက်၊အကြောက် ကြီးကြလွန်းလို့ ရောဂါဝင်လို့ ဝင်မှန်းမသိ ဖြစ်ခဲ့ကြတဲ့ အမျိုးသမီးလေးတွေ မနည်းလှပါဘူး။ ဒီယုံတမ်းစကားတွေထဲက ကျွန်မတို့ ကြားရအများဆုံး ယုံတမ်းစကားတွေကတော့
ရာသီစက်ဝန်းကို တွက်ချက်ပါ။