backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

13

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သင်ဘယ်လို ကိုယ်ဝန်ရရှိသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 17/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင်ဘယ်လို ကိုယ်ဝန်ရရှိသလဲ

Conception (ကိုယ်ဝန်ရရှိခြင်း) ဆိုတာက သားဥ (egg) နဲ့ သုက်ပိုး (sperm) တို့တွေ့ဆုံချိန်ကို ခေါ်တာပါ။ သုက်ပိုးတစ်ကောင် သားဥပြွန် (conception ဖြစ်သည့်နေရာ) သို့ ချဉ်းကပ်လာနိုင်ရန် ၄၅ မိနစ်မှ ၁၂ နာရီထိ ကြာနိုင်ပါသည်။ ဒါကြောင့် သားဥကြွေခြင်း (ovulation) ဖြစ်မည်ဆိုလျှင် လိင်ဆက်ဆံပြီး တစ်ပတ်အထိ ကိုယ်ဝန်ရနိုင်ပါသည်။ အခုတစ်ခေါက်တော့ သင်ဘယ်လို ကိုယ်ဝန်ရရှိသလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ စိတ်ဝင်စားဖွယ် ဤလမ်းကြောင်းနှင့် ဘဝတစ်ခု ဘယ်လိုစတယ်ဆိုတာ ဆက်လေ့လာကြည့်ကြရအောင်။

သင်ဘယ်လို ကိုယ်ဝန်ရရှိသလဲ

သင်ဘယ်လို ကိုယ်ဝန်ရရှိသလဲ ဆိုတော့ အခုလို ဖြစ်စဉ်တွေကို ကျော်ဖြတ်ပြီးမှ ရရှိတာပါ။

သင်လိင်ဆက်ဆံစဉ် ဘာတွေဖြစ်လဲ။

ဟာသအနေဖြင့် ပြောရလျှင် သင့်မျှော်လင့်ချက်များသည် (orgasm) ကာမအထွတ်အထိပ်ရောက်ချိန်တွင် အားလုံး ပျောက်ကွယ်သွားကြသည်။ ကာမအထွတ်အထိပ် ရောက်ခြင်းတွင် မရှိမဖြစ် လိုအပ်သော ဇီဝကမ္မဖြစ်စဉ် လုပ်ငန်းများ ရှိပါသည်။

အမျိုးသားများ ကာမအထွတ်အထိပ်ရောက်ချိန်တွင် အမျိုးသမီး၏ မိန်းမကိုယ်အတွင်းသို့ သုက်ပိုးများပါဝင်သော သုက်ရည်ကြည်များကို တွန်းထည့်ပေးလိုက်၍ သားအိမ်ခေါင်း ဆီသို့ တစ်နာရီ ၁၆ ကီလိုမီတာနှုန်းဖြင့် သွားစေပါသည်။

သုက်လွှတ်ခြင်းသည် သုက်ပိုးများကို သားဥဆီသို့ သွားရာ လမ်းကြောင်းကို ဦးတည်ပေးလိုက်ခြင်း ဖြစ်သည်။ ကိုယ်ဝန်ရရှိရန် အမျိုးသမီးသည် ကာမ အထွတ်အထိပ် ရောက်ရန်မလိုပါ။ သားအိမ်အနည်းငယ် ညှစ်ခြင်းသည် ကာမအထွတ်အထိပ် မရောက်လည်း ဖြစ်နိုင်၍ သုက်ပိုး သွားရာလမ်းကြောင်းကို ကူညီပေးပါသည်။

စုံတွဲများသည် ကိုယ်ဝန်ရနိုင်ရန်အတွက် ကောင်းမွန်သော လိင်ဆက်ဆံမှုပုံစံမျိုးကို သဘောကျကြသည်။ ကိုယ်ဝန်ရ၊ မရကို မည်သူမျှ သေချာစွာ မပြောနိုင်ပါ။ ကိုယ်ဝန်ရရန်အတွက် အရေးအကြီးဆုံးမှာ နှစ်ဦးလုံးအတွက် သာယာကောင်းမွန်၍ အကြိမ်များစွာ ပြုလုပ်နေရပေမည်။

ကိုယ်ဝန်ရရန်အတွက် အသက်ရှင်နေသော သုက်ပိုးများသည် အမျိုးသမီး၏ မျိုးပွားလမ်းကြောင်းထဲတွင် ရှိနေရန်လိုအပ်ပါသည်။ ရာသီ၏ အလယ်ရက်၌ သားဥကြွေခြင်းသည် အမျိုးသမီးတိုင်း၌ ဖြစ်ပွားသည် မဟုတ်ပါ။ ကိုယ်ဝန်ရလိုလျှင် အခြားနေ့များတွင်ပါ လိင်ဆက်ဆံမှု ပြုလုပ်သင့်သည်။

သင်အနားယူချိန်တွင် သုက်ပိုး၏ လုပ်ငန်းစသည်။

ထိုအချိန်၌ သင့်တွင် ကိုယ်ဝန်ရရှိရန် မျှော်လင့်နိုင်သည်။ အများစုသည် လိင်ဆက်ဆံပြီး အနားယူချိန်၌ အမျိုးသား၏ အင်္ဂါကို အမျိုးသမီး၏ မိန်းမကိုယ်အတွင်း ထားတတ်ကြသည်။ သန်းပေါင်းများစွာသော သုက်ပိုးများသည် သားဥကို စ၍ ရှာဖွေကြပါသည်။

ထိုသို့ရှာဖွေခြင်းသည်လည်း လွယ်ကူသော လမ်းကြောင်းတစ်ခု မဟုတ်ပါ။ ပထမဆုံး အတားအဆီးသည် သားအိမ်ခေါင်းအဝရှိ အကျိအချွဲ (mucus) များဖြစ်သည်။

အမျိုးသမီးတစ်ဦး သန္ဓေမအောင်နိုင်သော အချိန်များတွင် ထိုအကျိအချွဲများသည် မဖောက်ထွက်နိုင်သော ပိုက်ကွန်များသဖွယ် ရှိနေပါသည်။ သန္ဓေအောင်နိုင်သော အချိန်တွင် ပိုက်ကွန်သဖွယ် ထိုအကျိအချွဲများသည် ပျော့ပျောင်းလျော့ရဲလာ၍ အကူးခတ်နိုင်ဆုံး သုက်ပိုးများသည် ဖြတ်သန်းနိုင်သည်။

အသက်ရှင်နေသေးသော သုက်ပိုးများသည် ရှေ့သို့ ခရီးရှည်ကြီး ဆက်ရပေဦးမည်။ သားအိမ်ခေါင်းဝမှ သားအိမ်ကို ဖြတ်ကာ သားဥပြွန်များဆီသို့ ၁၈ စင်တီမီတာ ခရီးကို သွားရပေမည်။

အမြန်ဆုံးကူးခတ်နိုင်သော သုက်ပိုးများအတွက် သားဥဆီသို့ရောက်ရန် ၄၅ မိနစ်သာ ကြာသော်လည်း နှေးသော သုက်ပိုးများအတွက် ၁၂ နာရီမျှ ကြာနိုင်သည်။

သုက်ပိုးများသည် သားဥပြွန်အတွင်း၌ သားဥကို မတွေ့ခဲ့လျှင် ၇ရက်ကြာ အသက်ရှင်နေနိုင်သည်။ ဆိုလိုသည်မှာ ထို ၇ရက်အတွင်း သားဥကြွေလျှင် ကိုယ်ဝန်ရနိုင်သေးသည်။

သုက်ပိုးများ သေနှုန်းသည် အလွန်မြင့်၍ ဒါဇင်အနည်းငယ်မျှသာ သားဥထံသို့ ရောက်ရှိကြသည်။ သားဥအနီးသို့ ရောက်ရှိလာသော ကံကောင်းသည့် ထိုသုက်ပိုးများအတွက် ဆက်လက်၍ ပြိုင်ပွဲရှိနေသေးသည်။

သုက်ပိုးတစ်ကောင်ချင်း စီသည် သားဥ၏ အပြင်ခွံကို ဖောက်၍ အတွင်းသို့ အခြားအကောင်များ မဝင်နိုင်ခင် ဝင်ရောက်နိုင်ရန် ပြင်းပြင်းထန်ထန် ကြိုးစားရုန်းကန်ရသေးသည်။

သားဥသည် ကြွေကျလာပြီးချိန်မှ ၂၄ နာရီအတွင်း သန္ဓေအောင်ရန် လိုအပ်သည်။ အတော်ဆုံး သုက်ပိုးတစ်ကောင် ဝင်ရောက် လာနိုင်သောအခါ သားဥသည် အခြားသုက်ပိုးများ မဝင်ရောက်နိုင်အောင် ရုတ်တရက် ပြောင်းလဲလိုက်တော့သည်။

ပထမဆုံး သုက်ပိုးတစ်ကောင် ဘေးကင်းစွာ ဝင်ရောက်ပြီးချိန်တွင် သားဥအပေါ်၌ ဒိုင်းအကာသဖွယ် ကာကွယ်တားဆီးလိုက်ကြသည်။

ယခုအခါ ဘဝသစ်တစ်ခု စတင်လိုက်ပါပြီ။

မျိုးပွားခြင်းဖြစ်စဉ်တလျှောက် သုက်ပိုး နှင့် သားဥ အတွင်းမှ မျိုးရိုးဗီဇဆိုင်ရာ ပစ္စည်းများသည် ဆဲလ်အသစ်တစ်ခု အဖြစ်သို့ ပေါင်းဆည်းကြ၍ ထိုဆဲလ်အသစ်လေးသည် အလျင်အမြန် နှစ်ခြမ်းခွဲလိုက်သည်။ ထိုဆဲလ်အသစ်လေးများ အစုအဝေးကို blastocyst ဟုခေါ်ပါသည်။

ထို blastocyst သည် သားဥပြွန်ကို ဖြတ်၍ သားအိမ်ဆီသို့ ဆင်းသွားပါသည်။ ထိုခရီးသည် ၃ရက်အထိ ကြာနိုင်ပါသည်။ ထို blastocyst သည် သားအိမ်နံရံသို့ မတွယ်ကပ်မချင်း ကိုယ်ဝန်ရှိပြီဟု အတိအကျပြော၍ မရပါ။ ထိုတွယ်ကပ်သောနေရာတွင် embryo နှင့် အချင်း (placenta) အဖြစ်သို့ ဖွံ့ဖြိုးလာသည်။

တစ်ခါတစ်ရံ ထို blastocyst သည် သားအိမ်ထဲတွင် မဟုတ်ဘဲ သားဥပြွန်ကဲ့သို့သော ပုံမှန်မဟုတ်သည့် နေရာများတွင် တွယ်ကပ်တတ်ပါသည်။ ထို့သို့တွယ်ကပ်လျှင် နေရာမှားယွင်း သန္ဓေတွယ်ခြင်း (ectopic pregnancy) ဟု ခေါ်၍ အရေးပေါ် ဆေးကုသမှု ခံယူသင့်ပါသည်။

သန္ဓေအောင်ပြီးသား သားဥသည် သားအိမ်ပြင်ပတွင် အသက်မရှင်နိုင်သောကြောင့် သားဥပြွန်ကို မထိခိုက်စေရန် သားဥပြွန်အတွင်း၌ မကျန်တော့သည်အထိ ဖယ်ထုတ်ပစ်ရန်လိုအပ်သည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 17/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement