backup og meta

လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေသောက်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေသောက်ပါ

    လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ခန္ဓာကိုယ်မှာ ချွေးတွေ အရမ်းထွက်ပြီး ရေဓာတ်ရော ဓာတ်ဆားဓာတ်ပါ ဆုံးရှုံးနေမယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာတောင် လိုမယ် မထင်ပါဘူး။ ဒီလို ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အမြန်ဆုံး ပြန်ဖြည့်ဖို့ လိုပါမယ်။ ဒါကို ဖြေရှင်းပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းက လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေသောက်တာပါ။ ဒီတော့ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ဘယ်လို အကြောင်းအရာတွေကြောင့် ရေသောက်သင့်တာလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေသောက်ပါ

    လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေသောက်ပါ လို့ ပြောရတာက လေ့ကျင့်ခန်း လုပ်တာရဲ့ အကျိုးကျေးဇူး ပြည့်ပြည့်ဝဝ ရရှိစေဖို့ပါ။ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေသောက်တာကနေ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးချိန်မှာ မပြောနဲ့။ အိမ်မှုကိစ္စလေး မနားတမ်း လုပ်ပြီးချိန်တွေနဲ့ လမ်းလျှောက်တာ ပြေးတာမျိုးတွေ လုပ်ပြီးချိန်မှာတောင် ခန္ဓာကိုယ်က ချွေးတော်တော်လေး ထွက်ပါတယ်။ ဒီလို ချွေးထွက်တာက ခန္ဓာကိုယ်မှာ ရေဓာတ် ဆုံးရှုံးပြီး အခန့်မသင့်ရင် ပြင်းထန်တဲ့ နောက်ဆက်ဆွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေသောက်ပါ လို့ ပြောရတာပါ။

    ခန္ဓာကိုယ်မှာ ရေဓာတ်က ၆၀ ရာခိုင်နှုန်းကျော် ပါဝင်ဖွဲ့စည်းထားပြီး ရေဓာတ် ပြည့်ဝနေမှ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေက ဟန်ချက်ညီမှာပါ။ ဒါကြောင့် ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက် အချိန်တိုင်းမှာ ရေဓာတ် ပြည့်ဝနေစေဖို့ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ဆုံးရှုံးသွားတဲ့ ရေဓာတ် ပြည့်ဝစေဖို့ ရေကို ပြည့်ဝအောင် ပြန်လည် ဖြည့်တင်းပေးဖို့ လိုပါမယ်။ ဒါမှ လုပ်ဆောင်လိုက်တဲ့ လေ့ကျင့်ခန်းရဲ့ အကျိုးကျေးဇူးကိုလည်း ပြည့်ပြည့်ဝဝ ရရှိစေမှာပါ။

    လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေသောက်သင့်တဲ့ အကြောင်းအရင်း

    လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေ အထူးသဖြင့် အခန်း အပူချိန်မှာ ရှိနေတဲ့ ရေကို သောက်ပေးတာက ခန္ဓာကိုယ် ကျန်းမာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ ဒီလို ပြောရတာက

    • ခန္ဓာကိုယ် အပူချိန်ကို ကျဆင်းစေတာကြောင့် 
    ကိုယ်လက်လေ့ကျင့်ခန်း လုပ်ချိန်မှာ ခန္ဓာကိုယ် အပူချိန်က တိုးလာပါတယ်။ ဒီလို အပူချိန် တိုးလာမှုနဲ့အတူ ကိုယ်တွင်းက ဆားဓာတ် နဲ့ အရည်ဓာတ်တွေက ချွေးထွက်တာနဲ့အတူ ဆုံးရှုံးလာပါတယ်။ ဒီလိုအချိန်မှာ ရေဝဝ သောက်ပေးတာက ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ဖြည့်တင်းပေးပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးနိုင်မှာပါ။
    • ကယ်လ်လိုရီ လောင်ကျွမ်းစေနိုင်တယ်

    လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေနွေးနွေးလေး ဒါမှမဟုတ် အခန်းအပူချိန်အတိုင်း ရှိနေတဲ့ ရေအေးအေးလေး သောက်ပေးတာက ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝစေသလို ကယ်လ်လိုရီ လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန် ထိန်းထားဖို့ရော ကိုယ်အလေးချိန် ကျစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။

  • နှလုံးခုန်နှုန်း ကျစေတယ်
  • လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာက နှလုံးခုန်နှုန်းကို လျင်လျင်မြန်မြန်နဲ့ ရှိသင့်တဲ့ နှလုံးခုန်နှုန်းထက် တိုးစေပါတယ်။ ဒါကြောင့်ပဲ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးချိန်မှာ ရင်ထဲကနေ တဒိန်းဒိန်း ခုန်နေတာပေါ့။ ဒီလို နှလုံးခုန်နှုန်း မြန်နေတာကို သက်သာစေချင်တယ်ဆိုရင်တော့ ရေတစ်ခွက်လောက် ဖြည်းဖြည်းချင်း သောက်ပေးပါ။ ဒီလို လုပ်ပေးတာက အမောပြေစေပြီး နှလုံးခုန်နှုန်းကို ပုံမှန်အနေအထား ရောက်ရှိအောင် လုပ်ဆောင်ပေးပါတယ်။

    • အဆစ်တွေ နာကျင်မှု လျော့ပါးစေတယ်

    လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေတစ်ခွက်လောက် သောက်ပေးတာက အဆစ်တွေကြားထဲက အရည်လေးတွေကို ဖြည့်ပေးရာ ရောက်ပြီး လေ့ကျင့်ခန်း လုပ်ထားတဲ့ဒဏ်ကြောင့် အဆစ်တွေ နာကျင်တာကို သက်သာစေပါတယ်။

    • စိတ်အပန်းပြေစေတယ်

    လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေတစ်ခွက် သောက်ရတာက တော်တော်လေး အရသာရှိသလို စိတ်အပန်းပြေစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ လန်းဆန်းပေါ့ပါးသွားတဲ့ ခံစားချက်ကို ရရှိစေလို့ပါ။

    ကဲ ….. လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေခဲရေ မဟုတ်တဲ့ ရေအေးအေး တစ်ခွက် ဒါမှမဟုတ် ရေနွေးနွေးလေး သောက်ပေးရင်း လေ့ကျင့်ခန်း လုပ်တာကနေ ရလာတဲ့ အကျိုးကျေးဇူးတွေကို ပြည့်ပြည့်ဝဝ ရယူလိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement