ရာသီလာချိန် ဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 15, 2020 . 2 mins read
Share now

မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ လစဉ်ကြုံတွေ့ရတဲ့ ရာသီစက်ဝန်းကိုရှောင်လွှဲမရနိုင်ပါဘူး။ ရာသီသွေးဆင်းတယ်ဆိုတာ ညစ်ညမ်းတဲ့အရာမဟုတ်ပေမယ့် ရာသီလာစဉ်အချိန်အတွင်းမှာ ပုံမှန်ထက်ပိုပြီးသန့်ရှင်းမှုရှိဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် အနံ့ဆိုးမထွက်အောင်၊ မလိုလားအပ်တဲ့ရောဂါပိုးတွေမဝင်နိုင်အောင် မကြာခဏဆေးကြောသန့်စင်ပေးဖို့လိုပါတယ်။

ဒါဆို ဘာနဲ့သန့်စင်မလဲ။ ပုံမှန်ဆိုရေချိုးတဲ့အခါရေချိုးဆပ်ပြာနဲ့၊ သန့်စင်ခန်းမှာဆို ရိုးရိုးဆပ်ပြာနဲ့ ပျိုမေတို့ ဆေးကြောသန့်စင်မိကြသလား။ မလုပ်ရပါဘူးနော်။ ရာသီလာချိန် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ဆို အမျိုးသမီးသန့်စင်ဆေးရည်နဲ့ပဲ သင့်တော်ပါတယ်။ မိန်းမကိုယ်ဟာ နုနယ်ပြီး ထိခိုက်လွယ်တဲ့အစိတ်အပိုင်းမို့ ရှိသင့်တဲ့ pH အဆင့်နဲ့ မကိုက်ညီရင်တောင် အဆင်မပြေပါဘူး။ သန့်ရှင်းရေးကို ဖြစ်သလိုလုပ်လို့ အခန့်မသင့်ရင် ယားယံတာအရေပြားထိခိုက်တာ၊ရောင်ရမ်းတာ စတဲ့ လက္ခဏာတွေတင်မကဘဲ ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေအထိဖြစ်လာစေနိုင်ပါတယ်။

ရာသီလာတဲ့အချိန် ဘယ်လိုသန့်စင်မလဲ

ဓမ္မတာလာနေစဉ်အတွင်းမှာယောနိဝ အရေပြားနေရာတွေလိုသေးငယ်တဲ့ကြားတွေထဲမှာ ရာသီသွေးတွေကပ်ကျန်နေတတ်လို့သေချာသန့်စင်နိုင်ဖို့လိုပါတယ်။ ဒါ့ကြောင့် လစဉ်သုံးပစ္စည်းလဲတဲ့အခါမှာ ကြိုကြိုကြားကြားအကုန်သေချာသန့်စင်သင့်ပါတယ်။

ဆပ်ပြာတွေ မသုံးပါနဲ့

မိန်းမကိုယ်မှာ အကျိုးပြုဘက်တီးရီးယားတွေကိုထိန်းညှိထားတဲ့ သဘာဝကာကွယ်မှုစနစ်ရှိပါတယ်။ အမွှေးနံ့တွေ၊ ဓာတုပစ္စည်းတွေပါဝင်တဲ့ ဆပ်ပြာတွေကြောင့် အကျိုးပြုဘက်တီးရီးယားတွေကိုထိခိုက်စေနိုင်လို့ရောဂါပိုးဝင်ဖို့ လွယ်ကူစေနိုင်တယ်၊ ဆပ်ပြာပြင်းလို့ မိန်းမကိုယ်အရေပြားကို ပူတာ၊ လောင်တာ၊စပ်တာ၊ရောင်ရမ်းတာ၊ ဓာတ်မတည့်တာတွေဖြစ်လာစေနိုင်တယ်။

ရေကို ဂရုစိုက်ပါ

ရေချိုးတဲ့အခါ ခပ်နွေးနွေးရေနဲ့ပဲ ချိုးပါ။ ရာသီလာချိန်မှာရေအေးတွေနဲ့မချိုးပါနဲ့၊ရေချိုးသိပ်မကြာဖို့ ဂရုစိုက်ပါ။ အအေးထက် ကြက်သီးနွေးရေက နာကျင်ကိုက်ခဲမှုတွေပိုသက်သာစေနိုင်တယ်။ရောဂါပိုးတွေသန့်စင်ဖို့ ပိုအဆင်ပြေနိုင်တယ်။

ဆေးကြောတဲ့ ပုံစံသတိပြုပါ

ဆေးကြောတဲ့အခါ အရှေ့မှ အနောက်သို့ဆေးကြောသန့်စင်သင့်ပါတယ်။ စအိုဘက်ကနေ အရှေ့ကို ဆေးကြောမိတယ်ဆိုရင် မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်းအဝကို စအိုတဝိုက်က ဘက်တီးရီးယားတွေ ဝင်ရောက်နိုင်လို့ပါ။ မိန်းမကိုယ်ကို ရိုးရိုးရေ သို့မဟုတ် အမျိုးသမီးသန့်စင်ဆေးရည်နဲ့ပဲ သန့်စင်သင့်တယ်ဆိုပေမယ့် တင်ပါးအနောက်ပိုင်းနဲ့ စအိုဘက်ကိုတော့ရေချိုးဆပ်ပြာ ဘာညာ သုံးလို့ရပါတယ်။

ရေမှန်မှန်ချိုးပါ

ပုံမှန်ရေချိုးနေတဲ့သူဖြစ်ပေမယ့် ရာသီဥတုအေးလို့ဆိုပြီးရေမချိုးတာတွေမလုပ်ပါနဲ့။ ရာသီလာနေချိန်မှာ တစ်ကိုယ်ရေသန့်ရှင်းရေးက ပိုအရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။ရေစိမ်ပြီး အကြာကြီးမဟုတ်ဘဲ ပုံမှန်ရေချိုးသန့်စင်ရမှာပါ။အေးနေတယ်ဆိုရေနွေးစပ်ပြီးချိုးပါ။ ရေကပူလွန်းရင် အသားအရေအစိုဓာတ်ထိန်းနိုင်တော့မှာမဟုတ်လို့ ကြက်သီးနွေးရေနဲ့သာ အကောင်းဆုံးပါ။ရေချိုးတယ်ဆိုတာ ခန္ဓာကိုယ်ကိုသန့်စင်ဖို့အတွက်တင်မကပါဘူး။ ရာသီလာစဉ်ကိုက်ခဲမှုဝေဒနာတွေကိုသက်သာစေနိုင်ပါတယ်။

သန့်စင်ပြီးရင် ခြောက်အောင်သုတ်ပါ

ရေချိုးတာပဲဖြစ်ဖြစ် သန့်စင်ဆေးရည်သုံးတာပဲဖြစ်ဖြစ် ပြီးတဲ့အခါ တဘက်သန့်သန့်နဲ့ ညင်ညင်သာသာ တို့သုတ်ပါ။ မိန်းမကိုယ်တဝိုက်မှာ မခြောက်သွေ့ဘဲ အဝတ်အစားမဝတ်ပါနဲ့။ စိုစွတ်နေတဲ့အရေပြားကို ဖုံးအုပ်လိုက်တဲ့အခါ ဘက်တီးရီးယားနဲ့ပိုးမွှားတွေအတွက်ပေါက်ဖွားရာဖန်တီးသလိုဖြစ်စေနိုင်ပါတယ်။

လစဉ်သုံးပစ္စည်းကို ပုံမှန်အသစ်လဲပါ

လစဉ်သုံးပစ္စည်းကို အနည်းဆုံး တစ်နေ့နှစ်ကြိမ်တော့ လဲပေးပါ။ ရာသီသွေးဆိုတာ ခန္ဓါကိုယ်ထဲမှာဘာမှမဖြစ်ပေမယ့် စွန့်ထုတ်လိုက်တာနဲ့ပြင်ပပိုးမွှားတွေကပ်ငြိနိုင်ပါတယ်။ လစဉ်သုံးပစ္စည်းကိုမလဲဘဲ ကြာနေရင် အညစ်အကြေးဟောင်းတွေနဲ့စိုစွတ်နေတဲ့အတွက်ယောနိဝတဝိုက်မှာပေနေမယ်၊ချွေးတွေရှိမယ် ဆိုရင် ပူနွေးစိုစွတ်နေတဲ့ဒီဧရိယာမှာ ဘက်တီးရီးယားတွေက ပွားများရှင်သန်နေနိုင်ပြီး ဆီးလမ်းကြောင်းပိုးဝင်တာ၊ မှိုပိုးဝင်တာတွေ၊ အရေပြားနီရဲရောင်ရမ်းတာတွေ၊ ပွန်းတာတွေဖြစ်လာနိုင်ပါတယ်။သွေးဆင်းတာများတယ်ဆိုရင်တော့ ဒီထက် မကြာခဏလဲပေးပါ။

ပွန်းတာ၊ လောင်တာတွေ သတိထားပါ

သွေးဆင်းများတဲ့အခါပေါင်ပွန်းတာ၊ အရေပြားလောင်တာဖြစ်လာနိုင်ပါတယ်။ လစဉ်သုံးပစ္စည်းကို မလဲဘဲ အကြာကြီးနေတဲ့အခါလည်း ဒီလိုဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ရာသီလာတဲ့အချိန်မှာ သန့်သန့်ရှင်းရှင်းနဲ့ခြောက်ခြောက်သွေ့သွေ့ဖြစ်စေဖို့ မကြာခဏ သန့်စင်ပါ၊ ပိုးမွှားကင်းစင်စေမယ့် အမျိုးသမီးသန့်စင်ဆေးရည်ကိုသုံးပါ၊ လစဉ်သုံးပစ္စည်းကို အသစ်လဲပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Probiotics နှင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး

Probiotics ဆိုတာဟာ လူသားတွေရဲ့ ကိုယ်ခန္ဓာထဲမှာ မှီတင်းနေထိုင်တဲ့ သက်ရှိဘက်တီးရီးယားလေးတွေပဲ ဖြစ်ပါတယ်။ တနည်းပြောရရင် အကျိုးပြုဘက်တီးရီးယားတွေပဲ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

မိန်းမကိုယ်ပိုးဝင်ခြင်းအကြောင်း

အမျိုးသမီးများရဲ့ ကျန်းမာရေးအတွက် မိန်းမကိုယ်ရဲ့ကဏ္ဍဟာ အရေးကြီးပါတယ်။ မိန်းမကိုယ်ပိုးဝင်ခြင်းကြောင့် း ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးမကောင်းသည့် လက္ခဏာများ

အစာအိမ်အူလမ်းကြောင်းဟာ ကိုယ်ခံအား၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းဆိုင်ရာ ရောဂါများ၊ အရေပြားပြဿနာ၊ ကင်ဆာ စတဲ့ရောဂါတွေ ဖြစ်ပွားခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ကိုဗစ်ကာလမှာ ဘယ်လို သားဆက်ခြားမယ် စိတ်ကူးလဲ။

ကိုဗစ်ကာလမို့  တားဆေးသောက်နေတယ်၊ ဆေးကကုန်သွားပြီ ထပ်ဝယ်လို့မရဘူးဆိုတဲ့ ပြဿနာ၊ ထိုးဆေးက ရက်ပြည့်ပြီ ပြန်ထိုးဖို့ကျ ဆေးခန်းက မဖွင့်လို့ ဆိုတဲ့ ပြဿနာ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 20, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

မိုးရာသီနှင့် အောက်ခံဘောင်းဘီများ

မိုးရာသီနှင့် အောက်ခံဘောင်းဘီများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
မိန်းမကိုယ် ရနံ့လေး သင်းစေဖို့ ရေမွှေးတွေ ဆွတ်ကြသတဲ့လား

မိန်းမကိုယ် ရနံ့လေး သင်းစေဖို့ ရေမွှေးတွေ ဆွတ်ကြသတဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
အပြောများတဲ့ Menstrual Cup နဲ့ ကျယ်လာမှာလား အပါအဝင် အမေးအများဆုံး မေးခွန်းများ

အပြောများတဲ့ Menstrual Cup နဲ့ ကျယ်လာမှာလား အပါအဝင် အမေးအများဆုံး မေးခွန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 2 mins read