ရာသီလာချိန်မှာ လမ်းလျှောက်တာက အကောင်းဆုံးသောလေ့ကျင့်ခန်းတစ်ခုပါ။ ရိုးစင်းပြီး လုပ်ဆောင်ရတာလည်း လွယ်ကူပါတယ်။ လမ်းလျှောက်တာက ကြွက်သားတွေကိုပြေလျော့စေပြီး ခါးကြောကြီးတလျှောက်တောင့်တင်းနေတာတွေကို သက်သာစေတဲ့အပြင် စိတ်အခြေအနေကို ပါအပြောင်းအလဲဖြစ်စေမှာပါ။ လမ်းလျှောက်တဲ့အခါ အရမ်းမြန်မြန်လျှောက်တာမျိုး မလုပ်မိဖို့တော့ သတိထားပါ။ မိနစ် ၃၀လောက်အထိတော့လမ်းလျှေက်ပေးလို့ရပါတယ်။
ယောဂ
ယောဂလေ့ကျင့်ခန်းလုပ်တာက သွေးစီးဆင်းမှုကို တိုးတက်ကောင်းမွန်စေနိုင်ပြီးသွေးခဲတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ အရမ်းပြင်းထန်တဲံလေ့ကျင့်မှုမျိုးမလုပ်ဖို့တော့ သတိပြုသင့်ပါတယ်။ယောဂလေ့ကျင့်ခန်းက ခန္ဓါကိုယ် အကြောတွေကိုပြေလျော့စေပြီး ရာသီသွေးဆင်းမှုကို မှန်ကန်စေနိုင်ပါတယ်။
အကြောလျော့လေ့ကျင့်ခန်း
သင့်အနေနဲ့ အိမ်နေရင်း အကြောလျော့တဲ့လေ့ကျင့်ခန်းကို သက်တောင့်သက်သာလုပ်ဆောင်ပေးရုံနဲ့ ရာသီလာစဉ်နာကျင် ကိုက်ခဲမှုကိုလျော့ပါးသက်သာစေမှာ အသေအချာပါ။ အကြောလျော့လေ့ကျင့်ခန်းလုပ်တဲ့ အခါ အသက်ကို ခပ်ပြင်းပြင်းလေးရှုပေးမယ်ဆိုရင် ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကိုလျော့ပါးသက်သာစေမှာပါ။
ကပေးခြင်း
သင့်အနေနဲ့ Zumba ဒါမှမဟုတ် Kpop လိုမျိုးအကတွေကို ကပေးပါ။ ဒီလိုကပေးတာက စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်သလို ကယ်လ်လိုရီေတွကိုလည်း ကျစေတဲ့အပြင် ခန္ဓါကိုယ်က ကြွက်သားတွေကိုပြေလျော့စေမှာ အသေအချာပါပဲ။
ခြေထောက်မြှောက်တဲ့လေ့ကျင့်ခန်း
ရာသီလာချိန်မှာခြေထောက်မြှောက်တဲ့လေ့ကျင့်ခန်းလုပ်ဆောင်ပေးတာက ဝမ်းဗိုက်၊နောက်ကျောနဲ့ တင်ပါးဆုံကကြွက်သားတွေကိုပြေလျော့စေနိုင်ပြီး ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာစေနိုင်ပါတယ်။ ကြမ်းပြင်ပေါ်မှာ ခန္ဓါကိုယ်ကို လှဲချထားပြီးခြေထောက် တစ်ဖက်ချင်းကို ၉၀ ဒီဂရီအနေအထားဖြစ်အောင်မြှောက်ပေးရမှာပါ။ တစ်ဖက်ပြီး တစ်ဖက်လုပ်ဆောင်ရမှာပါ။ တစ်ဖက်ချင်းစီကို ၅ ကြိမ်ကနေ ၁၀ ကြိမ်အထိလုပ်ဆောင်ရမှာပါ။
Plankထောက်ကြမယ်
ရာသီလာချိန်မှာ ခါးတွေ၊ ပေါင်တွေထဲက ကိုက်တာကြောင့် သင့်အနေနဲ့ ဒီလေ့ကျင့်ခန်းလုပ်ဖို့မဖြစ်နိုင်ဘူးလို့တွေးနေပါသလား။ ဒီလိုမျိုး ခန္ဓါကိုယ်တစ်ခုလုံး ကကြွက်သားတွေကို အသုံးပြုရတဲ့ Plankထောက်တာက ခါးနာတာတွေကို သက်သာစေနိုင်သလို ရာသီလာစဉ် နာကျင်ကိုက်ခဲတာကိုပါ သက်သာစေနိုင်ပါတယ်။မြေပြင်ပေါ်မှာခြေဖျားနဲ့တံတောင်တွေကို အားပြုပြီး ခန္ဓါကိုယ်တစ်ခုလုံးရဲ့ ဟန်ချက်ကို ထိန်းညှိထားရမှာပါ။ တစ်ခါလေ့ကျင့်ရင် ၁၀ မိနစ် ကနေ ၁၅ မိနစ်အထိလုပ်ဆောင်ရပါမယ်။
ရာသီလာချိန်မှာ သက်တောင့်သက်ဖြစ်မယ့်လေ့ကျင့်ခန်းလေးတွေကို လုပ်ဆောင်ပြီး သွက်လက်ကျန်းမာတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေလေဒီတို့ရေ ……
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။