backup og meta

သွေးလွန်တုပ်ကွေးရောဂါ အကြောင်း သင်သိထားသင့်သမျှ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 13/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးလွန်တုပ်ကွေးရောဂါ အကြောင်း သင်သိထားသင့်သမျှ

    သည်းသည်းမည်းမည်း ရွာလိုက်တဲ့ မိုးနဲ့ မိုးရာသီတောင် ရောက်လာပြန်ပြီနော်။ မိုးရာသီက နွေရဲ့ ပူပြင်းတဲ့ဒဏ်ကို သက်သာစေတယ် ဆိုပေမယ့် မိုးရာသီမှာအဖြစ်များတဲ့ ရောဂါတွေရဲ့ ပြဿနာကလည်း ရှိနေတယ်။ အထူးသဖြင့်တော့ သွေးလွန်တုပ်ကွေးပေါ့။ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိုးရာသီမှာ ကိုယ်တိုင်ရော မိသားစုမှာပါ ရောဂါကင်းပြီး ပျော်ရွှင်ချင်တယ်ဆိုရင် သွေးလွန်တုပ်ကွေးရောဂါ အကြောင်း လေ့လာထားကြစို့နော်။

    သွေးလွန်တုပ်ကွေးရောဂါ (Dengue Fever) ဆိုတာ

    သွေးလွန်တုပ်ကွေးရောဂါ ဆိုတာက အေးဒီးစ်လို့ခေါ််တဲ့ ခြင်ကျားကိုက်ရာနေတဆင့် ကူးစက်ခံရတဲ့ ရောဂါ တစ်မျိုးပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အပူပိုင်းဇုန်နဲ့ သမပိုင်းဇုန်ဒေသတွေမှာ အဖြစ်များပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ဆိုတဲ့ နေရာမှာလည်း”Break-Bone” Fever လို့ခေါ်တဲ့ အပျော့စား သွေးလွန်တုပ်ကွေးရောဂါ နဲ့ Dengue Hemorrhagic Fever လို့ခေါ်တဲ့ အပြင်းစား သွေးလွန်တုပ်ကွေးရောဂါ ဆိုပြီး နှစ်မျိုး ရှိပါတယ်။

    -“Break-Bone” Fever (အပျော့စားသွေးလွန်တုပ်ကွေးရောဂါ) ခံစားရတဲ့အခါ

    ဒီဝေဒနာခံစားရတဲ့အခါ

    – Dengue Hemorrhagic Fever (အပြင်းစားသွေးလွန်တုပ်ကွေးရောဂါ) ခံစားရတဲ့အခါ

    ဒီဝေဒနာခံစားရတဲ့အခါ

    • သွေးယိုစိမ့်မယ်
    • အဖျားတက်မယ်
    • သွေးပေါင်ချိန်ကျတာလိုမျိုး ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့ကတော့ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။

    သွေးလွန်တုပ်ကွေးရောဂါ ဖြစ်တဲ့အခါ အခုလိုလက္ခဏာတွေ ခံစားရနိုင်ပါတယ်

    သွေးလွန်တုပ်ကွေး ခံစားနေရသူအများစု အထူးသဖြင့်တော့ ကလေးငယ်တွေ နဲ့ ဆယ်ကျော်သက်တွေမှာ ရောဂါသိပ်မပြင်းထန်ဘူးဆိုရင် ရောဂါလက္ခဏာတွေက သိသိသာသာမတွေ့ရတတ်ပါဘူး။ ခြင်ကိုက်ခံရပြီးပြီးချင်းမှာလည်း ရောဂါလက္ခဏာတွေ မပြတတ်ပါဘူး။ ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရပြီး ၄ ရက်ကနေ ၇ ရက်အတွင်းမှာမှ ရောဂါလက္ခဏာစပြီး ပြတတ်တာဖြစ်ပါတယ်။

    သွေးလွန်တုပ်ကွေးရောဂါဖြစ်တဲ့အခါ –

    • ခေါင်းကိုက်မယ်
    • ကြွက်သားတွေ၊ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲမယ်
    • မအီမသာဖြစ်မယ်
    • အော့အန်မယ်
    • မျက်လုံးအနောက်ဘက်က နာကျင်မယ်
    • ဂလင်းတွေ ရောင်ရမ်းမယ်
    • အရေပြားမှာ အနီရောင်အဖုအပိမ့်တွေ ထွက်မယ်

    အရမ်းပြင်းထန်လာမယ်ဆိုရင်တော့ –

    • ဗိုက်အောင့်မယ်
    • အဆက်မပြတ် အော့အန်နေမယ်
    • သွားဖုံးနဲ့ နှာခေါင်းက သွေးထွက်မယ်
    • ဆီးသွားရင် သွေးပါမယ်၊ ဝမ်းသွားရင် သွေးပါမယ်၊ အန်တဲ့အခါ သွေးစတွေပါလာမယ်
    • အရေပြားအောက်မှာ သွေးယိုစိမ့်မှုဖြစ်ပြီး အညိုအမည်းစွဲသလို အကွက်တွေဖြစ်မယ်
    • အသက်ရှူရခက်မယ်
    • အသက်ရှူတာ အရမ်းမြန်နေမယ်
    • ခန္ဓာကိုယ်ကအေးစက်နေမယ်
    • ခြေကုန်လက်ပန်းကျမယ်
    • အိပ်မပျော်ဘဲ စိတ်မတည်ငြိမ်တာမျိုးဖြစ်နေမယ်။ ဒီလိုအခြေအနေမျိုးဖြစ်နေပြီဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားပြဖို့လိုအပ်ပါတယ်။ အရေးပေါ် အခြေအနေဖြစ်တာကြောင့် အခန့်မသင့်ရင် အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။

    သွေးလွန်တုပ်ကွေးကို ဒီလိုကာကွယ်လို့ရပါတယ်

    သွေးလွန်တုပ်ကွေးကို ကာကွယ်တာက အကောင်းဆုံး နည်းလမ်းပါ။ ရောဂါကိုကာကွယ်နိုင်မယ့် နည်းလမ်းက ခြင်ကိုက်မခံရအောင် ဂရုစိုက်တာနဲ့ ရောဂါပိုးရှိတဲ့နေရာတွေကို ရှောင်ကြဉ်တာပါ။ ခြင်ကိုက်မခံရအောင်ကာကွယ်မှုက အထိရောက်ဆုံးသော ရောဂါကာကွယ်နည်းပါ။

    • ဖြစ်နိုင်ရင် လူထူထပ်တဲ့နေရာတွေကို ရှောင်ရှားပါ – လူထူထပ်တဲ့နေရာတွေက ရောဂါပိုးအလွယ်တကူ ကူးစက်ပြန့်နှံ့နိုင်တာကြောင့် လူထူထပ်တဲ့နေရာတွေကိုရှောင်ကြဉ်တာကလည်း ရောဂါကာကွယ်တဲ့ နည်းလမ်းတစ်ခုပါ။
    • အိပ်စက်ချိန်မှာ ခြင်ထောင်ဖြင့် အိပ်စက်ပါ –နေ့ဘက်မှာဖြစ်ဖြစ် ညဘက်မှာဖြစ်ဖြစ် အိပ်စက်တဲ့အခါတိုင်း ခြင်ထောင်ထောင်အိပ်တတ်တဲ့ အကျင့်ကိုမွေးမြူပါ။ ဒီအကျင့်က သွေးလွန်တုပ်ကွေးတင်မဟုတ်ဘဲ ခြင်ကြောင့်ဖြစ်တဲ့ရောဂါတိုင်းကို ကာကွယ်ပြီးသားဖြစ်ပါတယ်။
    • နေအိမ်တွင်းကို ခြင်မဝင်နိုင်အောင် လုပ်ဆောင်ပါ – နေဝင်ချိန် နဲ့ ညဘက်တွေမှာ လေအေးပေးစနစ် ဖွင့်ထားပြီး ခြင်မဝင်နိုင်အောင် သေချာစီမံထားတဲ့ နေရာမှာနေပါ။ နေအိမ်မှာ ခြင်လုံဇကာ တပ်ဆင်ပြီး ခြင်မဝင်ရောက်နိုင်အောင် ဂရုစိုက် လုပ်ဆောင်တာမျိုးတွေ လုပ်ဆောင်ပြီး နေအိမ်ကို ခြင်ကင်းစင်ဇုန်အဖြစ် ဖန်တီးပါ။
    • လုံခြုံစွာဝတ်ဆင်ပါ – ခြင်ကိုက်ခံရတာမျိုး မဖြစ်စေဖို့အတွက် ညနေဘက် နဲ့ ညဘက် အချိန်တွေမှာ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ဆင်ပြီး ခြင်ကိုက်မခံရအောင် ကာကွယ်ပေးပါ။
    • ခြင်နိုင်ဆေးသုံးပါ – ဒါကတော့ အသုံးအများဆုံးသော ခြင်ကာကွယ်နည်းလမ်း တစ်ခုပါ။ ခြင်ကို ကာကွယ်ဖို့အတွက် နေအိမ်တွင်းမှာ ခြင်ဆေး ထွန်းလို့ရသလိုခြင်ဆေး ဖြန်းဆေးကို အသုံးပြုလို့လည်း ရပါတယ်။
    • နေအိမ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ – နေအိမ်ပတ်ဝန်းကျင်မှာ အမှိုက်တွေ သန့်ရှင်းနေအောင် ထားပေးပါ။ ခြင်ခိုအောင်းနိုင်တဲ့ နေရာတွေကို ရှင်းလင်းပါ။ သွေးလွန်တုပ်ကွေးရောဂါပိုး သယ်ဆောင်ထားတဲ့ ခြင်တွေက အိမ်အတွင်းပိုင်းနဲ့ အိမ်အနီးတဝိုက်က နေရာတွေမှာ နေထိုင်ပြီး ကားတာယာ အဟောင်းလိုမျိုး မိုးရေတွေ ဝပ်နေနိုင်တဲ့ နေရာတွေထဲမှာ ပေါက်ဖွားနိုင်တာကြောင့် နေအိမ်ပတ်ဝန်းကျင်က ခြင်ခိုအောင်းနိုင်တဲ့ နေရာတွေကို ရှင်းလင်းထားပါ။
    • ခြင်မကိုက်တဲ့လူးဆေးလူးပေးပါ – သွေးလွန်တုပ်ကွေး အပါအဝင် ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေကို မဖြစ်အောင် ကာကွယ်ဖို့ဆိုရင် အရင်ဆုံး လုပ်ရမှာက ခြင်မကိုက်အောင် ဂရုစိုက်ဖို့ပါ။ ကိုယ်တိုင်မှာရော မိမိချစ်ရသူတွေမှာပါ မတော်တဆ ခြင်ကိုက်ခံရတာမျိုး မဖြစ်စေဖို့အတွက် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အရေပြားမှာ ခြင်မကိုက်အောင် လူးတဲ့ဆေးလေး လူးပေးပါ။
    • တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ – ခန္ဓာကိုယ်မှာ ချွေးနံ့ကင်းစင်နေမယ်ဆိုရင် ခြင်ကိုက်ခံရတာ သက်သာပါတယ်။ ဒါကြောင့် ခြင်ကိုက်ခံရတာနဲ့ ရောဂါဘယတွေဘေးကနေ ကင်းဝေးစေဖို့ဆိုရင် တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ဖို့လိုပါမယ်။

    သွေးလွန်တုပ်ကွေး အပါအဝင် ခြင်ကြောင့် ဖြစ်တဲ့ ရောဂါတွေ ကင်းဝေးပြီး သာယာကြည်နူးစရာ ကောင်းတဲ့ မိုးရာသီကို ပိုင်ဆိုင်နိုင်ကြပါစေ။

    သွေးလွန်တုပ်ကွေး ကာကွယ်နည်း

    သွေးလွန်တုပ်ကွေးကို ဒီလို ကာကွယ်လို့ ရပါတယ်။
    • ဖြစ်နိုင်ရင် လူထူထပ်တဲ့နေရာတွေကိုရှောင်ရှားပါ
    • အိပ်စက်ချိန်မှာခြင်ထောင်ဖြင့်အိပ်စက်ပါ
    • နေအိမ်တွင်းကို ခြင်မဝင်နိုင်အောင်လုပ်ဆောင်ပါ
    • လုံခြုံစွာဝတ်ဆင်ပါ
    • ခြင်နိုင်ဆေးသုံးပါ
    • နေအိမ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ
    • ခြင်မကိုက်တဲ့လူးဆေးလူးပေးပါ
    • တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 13/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement