backup og meta

အမျိုးသမီးသန့်စင်ဆေးရည်နဲ့ ရိုးရိုးဆပ်ပြာ ဘာတွေကွာခြားလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးသန့်စင်ဆေးရည်နဲ့ ရိုးရိုးဆပ်ပြာ ဘာတွေကွာခြားလဲ

    လှလိုက်တာ အရုပ်လေးကျနေတာပဲ၊ အားကျလိုက်တာနော်၊ဘော်ဒီရှိတ်လည်း မိုက်တယ်၊ အသားအရေလေးကို ကြည့်ပါဦး၊ ချစ်စရာလေး ဝတ်တတ်လိုက်တာ စတဲ့စကားတွေက ခပ်လန်းလန်းကောင်မလေးတွေကိုမြင်ရင်လေဒီတို့အချင်းချင်းပြောလေ့ရှိတဲ့ အားကျစကားတွေပါ။ ပြီးပြည့်စုံတဲ့အလှတရားကိုပိုင်ဆိုင်နိုင်ဖို့ကမိန်းကလေးတွေရဲ့စိတ်မှာ အဖြစ်ချင်ဆုံး အိပ်မက်ပါပဲ။

    ဒါဆို အပေါ်ယံလှရုံနဲ့ပြည့်စုံပြီလား တွေးကြည့်ပါနော်။ တချို့မိန်းကလေးတွေက မိတ်ကပ်လောက်နဲ့ပဲ အလှကိုဖန်တီးတာမဟုတ်ဘူးဆိုတာ သတိရသင့်ပါတယ်။ အသားအရေကို ဂရုစိုက်တယ်၊ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဦးစားပေးတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတာ ရေမှန်မှန်ချိုးပြီး skin careကောင်းကောင်းသုံးရုံနဲ့လည်းမပြည့်စုံပါဘူး။ မိန်းကလေးတွေကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့ မိန်းမကိုယ်သန့်ရှင်းရေးကိုမေ့ထားလု့ိမရပါဘူး။ မိန်းကလေးရောဂါလို့ခေါ်ကြတဲ့ရောဂါအမျိုးမျိုးက ဘယ်ကအရင်းခံလာတယ်ထင်လို့လဲ။ မိန်းမကိုယ်သန့်ရှင်းရေးမရှိရင် ဒါမှမဟုတ်ရောဂါပိုးဝင်ရင် အသားအရေကအစပျက်စီးပြီး ဘယ်လိုလှပနေနိုင်တော့မလဲ။ ကိုယ့်ဆီက အနံဆိုးထွက်နေတာ၊ မှိုပိုးဝင်တာတွြေဖစ်နေရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကမရှိနိုင်တော့ဘူးလေ။

    ရောဂါပိုးဝင်တာ ဘယ်လိုသိနိုင်မလဲ

    အဖြူဆင်းတယ်ဆိုတိုင်းရောဂါပိုးဝင်တာမဟုတ်ပေမယ့် အနံ့ဆိုးထွက်နေရင်တော့ရောဂါပိုးဝင်တာဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်မှာ ယားယံတာ၊ နီရဲလာတာ၊ အနာဖြစ်လာတာဆိုရင်တော့ မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုစိုက်ဖို့လိုတဲ့အပြင် ဆရာဝန်ပါပြသင့်နေပြီဖြစ်ပါတယ်။

    မိန်းမကိုယ်သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်မလဲ

    သန့်ရှင်းရမယ်ဆိုလို့ရေချိုးတိုင်းဆေးကြောဖို့စဉ်းစားကြမှာပါ။ရေချိုးဆပ်ပြာနဲ့ မိန်းမကိုယ်ကိုပါဆေးကြောသန့်စင်လိုက်ရင်ပြီးတာပဲလို့မတွေးလိုက်ပါနဲ့။ အမျိုးသမီးတွေရဲ့နုနယ်တဲ့မိန်းမကိုယ်လေးတွေအတွက် ထိခိုက်မှုမရှိအောင် အထူးထုတ်လုပ်ထားတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေရှိပါတယ်။ နေ့စဉ်သုံးအတွက်ကိုပဲ အမြှုပ်ပုံစံနဲ့ အရည်ပုံစံ နှစ်မျိုးရှိတဲ့အပြင် ရာသီလာချိန်မှာ ဘက်တီးရီးယားကာကွယ်နိုင်မယ့် Feminine Wash လည်းရှိတယ်။ မိန်းမကိုယ်အတွက် ထိခိုက်မှုမရှိ၊ အနံ့ဆိုးတွေပျောက်စေမယ်၊ရောဂါပိုးတွေကာကွယ်ပေးတဲ့အစွမ်းက Feminine Washတွေမှာပဲရှိပါတယ်။

    ဆပ်ပြာက ဘာလို့ မသုံးသင့်တာလဲ

    ဆပ်ပြာတွေက အမွှေးနံ့တွေနဲ့ ဓါတုပစ္စည်းအပြင်းစားတွေပါဝင်တတ်လို့ မိန်းမကိုယ်အတွက် မသုံးတာကောင်းပါတယ်။ရေချိုးဆပ်ပြာဆိုတာ တနေကုန်မွှေးပျံ့လန်းဆန်းနေဖို့အပြင် အသားဖြူစေမယ့် ဓါတ်ပစ္စည်းတွေတောင် ပါဝင်နိုင်ပါတယ်။

    နောက်တစ်ချက်က မိန်းမကိုယ်မှာ ထိန်းသိမ်းသင့်တဲ့ pH အဆင့်ကို သက်ရောက်မှုရှိစေနိုင်တာပဲဖြစ်ပါတယ်။ ရှိသင့်တဲ့ pH အဆင့်မဟုတ်ဘဲ ထိန်းညှိမှုစနစ် ကမောက်ကမဖြစ်ခဲ့ရင် မှိုပိုးဝင်တာလိုမျိုး မကောင်းတဲ့ရလဒ်တွေဖြစ်လာစေနိုင်ပါတယ်။

    ကိုယ်တိုက်ဆပ်ပြာနဲ့ရေချိုးဆပ်ပြာရည်အများစုမှာ ပါဝင်တဲ့ ဓါတုပစ္စည်းတွေဆိုတာလည်း တည့်တဲ့သူ ရှိသလို မတည့်သူရှိနိုင်ပါတယ်။ ဓါတ်မတည့်လွယ်ဖြစ်တတ်တဲ့ မိန်းမကိုယ်အတွက်က ပိုသတိထားရပါမယ်။ အစကဘာမှမဖြစ်ဘဲ သန့်စေချင်လို့ ဆပ်ပြာသုံးတော့မှ ယားလာတာ၊ အလာ့ဂျစ်ဖြစ်တာတွေက မဖြစ်သင့်တဲ့ရလဒ်တွေပါ။

    ဓါတုပစ္စည်းပါဝင်မှုများရင် ရှိသမျှ ဘက်တီးရီးယားတွေအကုန်ပြောင်စင်သွားစေနိုင်တာကြောင့် အကျိုးပြုဘက်တီးရီးယားလေးတွေပါ ဆုံးရှုံးရနိုင်ပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေက ရှိသင့်တဲ့ပမာဏမှာရှိနေမှရောဂါပိုးမွှားတွေကို ကာကွယ်နိုင်တဲ့ သဘာဝစနစ်ကို ထိန်းသိမ်းနိုင်မှာပါ။ ရှိသင့်တဲ့ pHအဆင့်နဲ့ အကျိုးပြုဘက်တီးရီးယားအနေအထား ပျက်ယွင်းသွားရင်ရောဂါပိုးတွေဝင်လာမယ်၊ရောင်ရမ်းတာ ယားယံတာတွြေဖစ်လာမယ်။

    ဒါ့ကြောင့် ခြောက်သွေ့ယားယံတာမရှိဘဲ အစိုဓါတ်ကိုထိန်းပေးပြီး အကျိုးပြုဘက်တီးရီးယားတွေရှင်သန်မှုကိုထောက်ကူပေးတဲ့ prebiotics ပါဝင်တဲ့ Feminine Wash ကိုပဲရွေးချယ်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement