backup og meta

မိန်းမကိုယ်မှာဖြစ်နိုင်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်မယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 17/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ်မှာဖြစ်နိုင်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်မယ်

    အမျိုးသမီးတိုင်းက အလှအပကိုမြတ်နိုးတတ်ကြသူတွေပါ။ တစ်ကိုယ်လုံးကျန်းမာလှပနေအောင် ဂရုစိုက်ဖို့ကို ငယ်ငယ်က မေမေတွေက တာဝန်ယူထားပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ မေမေကလမ်းညွှန်သူအဖြစ်ရောက်သွားပြီး ကိုယ်တိုင်ကိုယ်ကျဂရုစိုက်ရပါပြီ။မေမေတွေက သမီးချောလေးတွေအဖြစ် ကြီးပြင်းလာစေဖို့ အစစအရာရာ ဂရုစိုက်ပေးကြပါတယ်။ ဒါပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ မေမေ့ကိုတောင် ဖွင့်တိုင်ပင်ဖို့ ခက်တဲ့ပြဿနာတွေရှိလာနိုင်ပါတယ်။ အရှက်ကြီးတတ်တဲ့ မိန်းကလေးရဲ့သဘာဝကြောင့် ဖွင့်တိုင်ပင်ဖို့ ခက်ခဲတတ်တဲ့ပြဿနာလေးတွေကို ဒီဆောင်းပါးကဖြေရှင်းပေးနိုင်မှာပါ။

    မိန်းမကိုယ်မှာဖြစ်နိုင်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်မယ်

    မိန်းမကိုယ်မှာဖြစ်နိုင်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်မယ် ဆိုတာက လေဒီလေးတိုင်း ကျန်းမာစေဖို့ အတော်လေး အရေးပါပါတယ်။ မိန်းကလေးတစ်ယောက်အရွယ်ရောက်လာတဲ့အခါ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရသလို မိန်းမကိုယ်လေးကျန်းမာဖို့ကိုလည်း သေချာဂရုစိုက်ရပါတယ်။

    မိန်းကလေးတစ်ယောက် ပြည့်ပြည့်ဝဝကျန်းမာလှပဖို့ဆိုရင် ပုံမှန်ရာသီသွေးဆင်းဖို့လိုသလို မိန်းမကိုယ်က အနံ့အသက်ဆိုးကင်းစင်ပြီး ရောဂါပိုးကူးစက်ခံရတာတွေကင်းဖို့လည်းလိုမှာပါ။ တစ်ခါတလေမှာ မိန်းမကိုယ်က ဆင်းတဲ့အရည်တွေက နံနေတာမျိုး၊ အရောင်ပြောင်းနေတာမျိုးဖြစ်မယ်ဆိုရင် ရောဂါပိုး ကူးစက်ခံထားရတာမျိုး ဖြစ်နိုင်တာကြောင့် လိုအပ်တဲ့ ကုသမှု ခံယူတာမျိုး လုပ်ဖို့လိုနိုင်ပါတယ်။ ဒီလိုအချိန်မှာ အခြားသူတွေကိုမေးမြန်းရမှာခက်နေတယ်ဆိုရင်တော့ ကိုယ်တိုင်ဖတ်ကြည့်လိုက်ပါ။

    ဒီအချက်တွေကြောင့် မိန်းမကိုယ်မှာ ရောဂါပိုးတွေကူးစက်တာမျိုးဖြစ်နိုင်ပါတယ်

    သင်ဟာ –

    • ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်နေမယ်ဆိုရင်
    • ဆီးချိုရောဂါရှိနေသူဆိုရင်
    • ကိုယ်ခံအားနည်းနေမယ်ဆိုရင်
    • ပဋိဇီဝဆေးတစ်ခုခုသောက်သုံးနေရတာဆိုရင်
    • အက်စထရိုဂျင်ဟော်မုန်းပါဝင်မှုများတဲ့ သန္ဓေတားဆေးကို အသုံးပြုနေတာဆိုရင်
    • မိန်းမကိုယ်ကို အက်ဆစ်ခပ်ပြင်းပြင်းပါတဲ့ ပစ္စည်းတွေနဲ့ အသုံးပြုပြီး သန့်စင်ဆေးကြောမိတာတွေကြောင့် မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်နိုင်သလို အတွင်းခံ သန့်ရှင်းမှုအားနည်းတာ၊ သေချာမခြောက်သွေ့တဲ့ အတွင်းခံကို ဝတ်ဆင်မိတာတွေကြောင့်လည်း မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်တာမျိုးတွေဖြစ်နိုင်ပါတယ်။
    • တစ်ခါတလေမှာ လိင်ဆက်ဆံမှုကနေတဆင့်လည်းရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။ မိန်းကလေးတွေအများဆုံးကြုံတွေ့ရတဲ့ပြဿနာတစ်ခုက မိန်းမကိုယ်မှာ မှိုပိုးကူးစက်ခံရမှုပါ။

    မိန်းမကိုယ်မှာ ရောဂါပိုးကူးစက်ခံရနိုင်ခြေကို ဘယ်လိုလျှော့ချမလဲ

    အခုပြောပြမယ့် ရိုးစင်းတဲ့နည်းလမ်းတွေက မိန်းမကိုယ်မှာ ရောဂါပိုးကူးစက်ခံရနိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်။

    • ချည်သားနဲ့ လုပ်ထားတဲ့ အတွင်းခံတွေကိုပဲ အမြဲဝတ်ဆင်ပေးပါ
    • မိန်းမကိုယ်အတွင်းပိုင်းကို အလွန်အကျွံသန့်စင်ဆေးကြောတာမျိုးမလုပ်ပါနဲ့
    • ရောဂါလက္ခဏာတွေ မသက်သာမချင်း လိင်ဆက်ဆံတာမျိုးမလုပ်ပါနဲ့
    • ဆပ်ပြာတွေသုံးပြီး သန့်စင်ဆေးကြောတာမျိုးမလုပ်ပါနဲ့
    • အနံ့ပြင်းလွန်းတဲ့ တစ်သျှူးတွေမသုံးပါနဲ့
    • အချိန်အကြာကြီး အဝတ်အစားတွေကို တင်းတင်းကျပ်ကျပ်ဝတ်ဆင်ထားတာမျိုးမလုပ်ပါနဲ့
    • လစဉ်သုံးပစ္စည်းတွေကို ပုံမှန်လဲလှယ်ပေးပါ
    • အတွင်းခံကိုသေချာလျှော်ဖွတ်ပေးပါ။ နေရောင်နဲ့ ကောင်းကောင်းခြောက်သွေ့အောင်လှမ်းပါ
    • သန့်ရှင်းရေးလုပ်တဲ့အခါ လက်ကို အရှေ့ဘက်ကနေ အနောက်ဘက်ကို ဆွဲယူတဲ့ ပုံစံနဲ့ သန့်စင်ဆေးကြောပေးပါ။

    ဒီလိုအခြေအနေတွေဖြစ်လာတဲ့အခါ တတ်သိနားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီး သင့်တော်မယ့် ကုသမှုကိုခံယူဖို့လိုအပ်ပါမယ်။ရောဂါအခြေအနေကိုလိုက်ပြီး ကုသမှုနဲ့ဆေးညွှန်းလည်း ကွာခြားနိုင်တာကြောင့်ပါ။

    ဒီလိုအခြေအနေတွေဖြစ်ရင် ဆရာဝန်နဲ့ပြသပေးပါ

    အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းတွေကို လိုက်နာနေပေမယ့် မိန်းမကိုယ်မှာ မှိုပိုးကူးစက်ခံရမှုက မသက်သာဘဲဖြစ်နေမယ် ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသကြည့်ပေးပါ။

    • သင့်အနေနဲ့ မှိုပိုး ကူးစက်ခံရတာက ပထမဆုံး အကြိမ် ဖြစ်နေမယ်ဆိုရင်
    • ဆေးတွေသောက်နေပေမယ့် သက်သာပျောက်ကင်းတာမျိုး မရှိဘူးဆိုရင်
    • သင့်အနေနဲ့ မိန်းမကိုယ်မှာ ရောဂါပိုး ကူးစက်တာက ဘာကြောင့် ဖြစ်တာလဲ ဆိုတဲ့ အကြောင်းအရင်းကို သေသေချာချာ မသိဘူးဆိုရင်
    • အခြား နောက်ဆက်တွဲ ပြဿနာတွေပါ ဖြစ်လာပြီဆိုရင်
    • မကြာခဏ ဆိုသလို မှိုပိုးကူးစက်ခံရမှု ဖြစ်နေပြီဆိုရင်
    • မိန်းမကိုယ်က ဆင်းတဲ့ အရည်တွေ အချွဲတွေက အဝါရောင် ရင့်ရင့်တွေ ဖြစ်ပြီး နံနေမယ် ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသတာက အကောင်းဆုံးဖြစ်မှာပါ။

    ကျန်းမာပျော်ရွှင် လန်းဆန်းတဲ့ လေဒီလေး တစ်ယောက် အနေနဲ့ နေ့ရက်တိုင်းကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းလိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 17/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement