home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဆီးသွားရင် ဆီးပူနေသလိုမျိုး ခံစားရတာ ဘာကြောင့်လဲ ။ ။

ဆီးသွားရင် ဆီးပူနေသလိုမျိုး ခံစားရတာ ဘာကြောင့်လဲ ။  ။

ဖြစ်ဖူးကြမှာပါ။ ဆီးသွားတဲ့အခါ ဆီးတွေပုံမှန်ထက်ပူနေတာ၊ ဆီးသွားရင် ကျင်တာ၊ ဆီးသွားရင်နာတာမျိုး အားလုံး ဖြစ်ဖူးကြမှာပါ။ ဆီးသွားရင် နာကျင်တာနဲ့ ပက်သက်တဲ့ ဆောင်းပါးတွေ အများကြီးရေးထားပြီးဖြစ်လို့ ဆီးသွားလိုက်တိုင်း ဆီးတွေ ပူပူကြီးဖြစ်နေတဲ့အကြောင်း ဒီဆောင်းပါးထဲမှာ ပြောပြချင်ပါတယ်။ ။

ဆီးသွားလိုက်လို့ ဆီးပူတာနှစ်မျိုးရှိပါတယ်။

  • ဆီးအပူချိန်က ပုံမှန်ထက် ပိုနွေးတာကို ခံစားမိတာ နဲ့
  • ဆီးကပူလွန်းလို့ ဆီးသွားတဲ့အခါ နာကျင်တဲ့ ဝေဒနာလိုမျိုး ခံစားရတာဆိုပြီး နှစ်မျိုးရှိပါတယ်။

ပုံမှန်ဆို ဆီးအပူချိန်က ကိုယ်ခန္ဓါ အပူချိန်လောက်ပဲရှိရမှာပါ။ ရေအသောက်နည်းတာတို့၊ ကိုယ်ပူပြီးဖျားေနတာတို့ ၊ ဆောင်းတွင်းတို့မှာဆို ဆီးပူသလိုမျိုးခံစားရတတ်ပေမယ့် ဒါပုံမှန်ပါ။ ဆီးက ပူရုံတင်မဟုတ်ဘဲ ဆီးသွားတဲ့အခါ နာကျင်နေတယ်ဆိုရင်တော့ စိုးရိမ်စရာရှိလာပါပြီ ။

ဆီးသွားတဲ့အခါ ဆီးတွေ ပူနေသလိုမျိုး ခံစားရတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ။

အမျိုးသားရော အမျိုးသမီးရော နှစ်ဦးလုံးမှာ ဖြစ်နိုင်တဲ့ ဆီးပူရခြင်း အကြောင်းအရင်းတွေကတော့

၁ – ဆီးလမ်းကြောင်းပိုးဝင်ခြင်း ။ ။

ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ဆီးပူတာ၊ ဆီးသွားရင်နာကျင်တာကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းပါ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ဖြစ်စေတဲ့ အဓိက တရားခံ ဘက်တီးရီးယားကတော့ E. coli ပဲ ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာတွေကတော့

  • ဆီးသွားရင်ကျင်တာ
  • ဆီးခဏခဏ သွားချင်နေတာ
  • ဆီးသွားတာ မဝသလိုခံစားရတာ နဲ့ ပိုဆိုးတဲ့ ကိစ္စတွေမှာတော့
  • ဆီးသွားရင် ပုပ်သလို အနံ့ထွက်တာနဲ့
  • ဆီးထဲ သွေးပါတာတွေပဲ ဖြစ်ပါတယ်။ ပဋိဇီဝ ပိုးသတ်ဆေးတွေနဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသလို့ရတယ်ဆိုသော်လည်း ပေါ့ဆပြီးသေချာမကုသတဲ့လူတွေမှာ ပိုးက ကျောက်ကပ်အထိပျံ့သွားပြီး ကျောက်ကပ်ပိုးဝင်တာ ပါဖြစ်တတ်ပါတယ်။

၂ – လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါတွေကြောင့် ဆီးပူခြင်း

လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါတွေက မျိုးပွားအဂါၤတွေနဲ့ ဆီးလမ်းကြောင်းကို ထိခိုက်စေလို့ဆီးသွားရင် ပူတာ ကျင်တာတွေ ဖြစ်စေတတ်ပါတယ်။ ဆီးပူတာနဲ့ ပက်သက်တဲ့ လိင်ဆက်ဆံရာမှ ကူးစက်တဲ့ ရောဂါတွေကတော့ ဆီးပူညောင်းကျရောဂါ နဲ့၊ Chlamydia လို့ခေါ်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။

၃ – ဆီးအိမ်ရောင်ခြင်း

ကိုယ်ပေါ်က တစ်နေရာရာရောင်နေရင် အဲဒီနေရာကို ကိုင်ကြည့်တဲ့အခါ ပူနေတာမျိုး ခံစားရတယ်ဟုတ်။ ဒီလိုပဲ ဆီးအိမ်ရောင်တဲ့အခါ ဆီးအိမ်တွင်းသိုလှောင်ထားတဲ့ ဆီးတွေ ပူနေတာကြောင့် ဆီးသွားတဲ့အခါ ပူတဲ့ ခံစားမှုမျိုးခံစားရမှာပါ။ဒီစာတွေကို Hello ဆရာဝန် website မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည် ဆီးအိမ်ရောင်တာရဲ့ လက္ခဏာတွေကတော့ ကိုယ်ပူမယ်၊ ချမ်းတုန်ပြီးဖျားမယ်၊ ဗိုက်အောင့်မယ် ၊ ဆီးပူမယ် စတာတွေပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေ မှာဖြစ်တတ်တဲ့ ဆီးပူရတဲ့ အကြောင်းအရင်းတွေကတော့

၁ – ကလေးမွေးပြီးနောက်ပိုင်း မိန်းမကိုယ်ပတ်လည်ပြဲသွားပြီး မိန်းမကိုယ်နားမှာရှိတဲ့ ဆီးလမ်းကြောင်း ပါထိခိုက်ဒဏ်ရာ ရသွားတတ်ပါတယ်။ ဒီစာတွေကို Hello ဆရာဝန် website မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည် ။ ဆီးမှာရှိတဲ့ pH ဟာ အက်ဆစ်ဓါတ်ဖြစ်တာကြောင့် ဆီးနဲ့ ဒဏ်ရာနဲ့ သွားတွေ့တဲ့ခါ ဆီးသွားရင် ပူသလိုခံစားရတတ်ပါတယ်။

၂ – မိန်းမကိုယ်ထဲ ပိုးဝင်ြခင်း – မိန်းမကိုယ်ထဲပိုးဝင်ပြီး ရောင်တဲ့အခါ မိန်းမကိုယ်ပတ်လည်မှာရှိတဲ့ ဆီးလမ်းကြောင်းပါ ထိခိုက်သွားပြီး ဆီးသွားတဲ့အခါ ပူပြီး နာကျင်တတ်ပါတယ်။

အမျိုးသားတွေ မှာဖြစ်တတ်တဲ့ဆီးပူရခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့

ဆီးကျိတ်ရောင်ြခင်း – ဆီးကျိတ်ထဲ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဆီးကျိတ်ရောင်တဲ့အခါ ဆီးပူတာအပြင် ဆီးသွားရခက်တာ ဆီးသွားရင်နာတာမျိုးတွေ ပါခံစားရတတ်ပါတယ်။

သုတ်ပို့ပြွန်ရောင်ခြင်း – သုတ်ပို့ပြွန်ရောင်တဲ့အခါ သူ့ဘေးမှာရှိတဲ့ ဆီးပြွန်ပါရောင်သွားတဲ့အတွက် ဆီးသွားရင် ပူတာမျိုးခံစားတတ်ပါတယ်။ ဒီစာတွေကို Hello ဆရာဝန် website မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည် ။ သုတ်ပို့ပြွန်ရောင်တဲ့ လက္ခဏာတွေကတော့ ဝှေးစေ့နားမှာ ရောင်နေတာ၊ ကိုယ်ပူတာနဲ့ လိင်တံနာတာတွေ ဖြစ်တတ်ပါတယ်။ ဒီစာတွေကို Hello ဆရာဝန် website မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည် )

ဒါဆို ဒီလို ဆီးပူတာကို ဘယ်လိုကုသရမလဲ ။ ။

ဆီးပူတာကို ကုသတဲ့ နည်းကတော့ ဆီးပူရခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ရှာပြီး သူတို့ကို အဓိက ကုသဖို့ပဲ ဖြစ်ပါတယ်။ ဒီစာတွေကို Hello ဆရာဝန် website မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည် ဆီးပူရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိတဲ့ အတွက် အနာနဲ့ ဆေးတွေ့ဖို့ ဆရာဝန်ဆီသွားပြီး ကုသမှုခံယူတာ အကောင်းဆုံးပါ။ အဓိက အကျဆုံးအချက်ဖြစ်တဲ့ ရေများများသောက်ဖို့ကိုလည်း မမေ့ပါနဲ့ ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 2 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။