ဆီးမထိန်းနိုင်ခြင်း အမျိုးအစား ၄ မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 2, 2021 . 2 mins read
Share now

အပြင်သွားရင်းနဲ ဆီးသွားချင်လို့ အိမ်သာအလောတကြီးလိုက်ရှာရ၊ ခရီးသွားရင်လည်း နေမထိထိုင်မသာတွေဖြစ်၊ ဆီးပေါက်ချင်လို့အိမ်သာရှာရင်းနဲ့ ဆီးကလည်းထွက်ကျနဲ့ ဒီလို အဖြစ်တွေ ကြုံနေပြီလား။ တစ်ခါနှစ်ခါလောက်ဆို ပြဿနာ မရှိပေမယ့် အကြိမ်များများလာပြီ ဆီးသွားချင်တိုင်း ဒီလို ဆီးမထိန်းနိုင်တာတွေဖြစ်နေပြီဆိုရင်တော့ သေချာပါတယ် ဆီးမထိန်းနိုင်ခြင်း ပြဿာနာရှိနေပြီဆိုတာပါပဲ။

ဒါပေမယ့် ဆီးမထိန်းနိုင်ဘူးဆိုတာမှာလည်း အမျိုးအစားတွေ ရှိသေးတယ်ဆိုတော့ ကိုယ်က ဘယ်လိုမျိုးထဲမှာများ ပါနေမလဲ ။ ပြီးတော့ ဘာကြောင့်ဖြစ်ရတာလဲ။ အကြောင်းအရှိမှ အကျိုးဆိုတာ ဖြစ်လာတာမလား။ ဒီတော့ ကိုယ်ဖြစ်နေတဲ့ပြဿနာနဲ့ သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းလေး သိထားတော့မမှားဘူးပေါ့။

ဆီးမထိန်းနိုင်ခြင်း အမျိုးအစား ၄ မျိုး

( ၁ ) Stress incontinence

လက္ခဏာ – ဒါကတော့ ရယ်လိုက်၊ ချောင်းဆိုးလိုက်တဲ့အခါ ၊ လှုပ်ရှားမှုလုပ်လိုက်တဲ့အခါမျိုးတွေနဲ့ အလေးအပင်လုပ်လိုက်တဲ့အခါမျိုးတွေမှာ ဖြစ်တဲ့ ဆီးမထိန်းနိုင်ခြင်းတစ်မျိုးပါ။

ဖြစ်ရတဲ့အကြောင်းအရင်း – ဒီလို အလေးပင်မ၊ လှုပ်ရှားမှုလုပ်လိုက်တိုင်း ဖြစ်ရတဲ့ ဆီးမလုံခြင်းပြဿနာ အဖြစ်များတဲ့သူတွေကတော့

  • ကိုယ်ဝန်ဆောင်တွေ
  • သွေးဆုံးသွားတဲ့ အမျိုးသမီးတွေ
  • Pelvic တင်ပဆုံကွင်း ဓာတ်ရောင်ခြည်ကုသမှု ခံယူနေရတဲ့သူတွေနဲ့
  • ခွဲစိတ်မှု တစ်ခုခုကြောင့် ဆီးလမ်းကြောင်းထိသွားတဲ့ သူတွေက ဒီလို Stress Incointence ပြဿနာပိုဖြစ်နိုင်ပါတယ်။

ဆီးမထိန်းနိုင်ခြင်း အမျိုးအစား ၄ မျိုး

( ၂ ) Urge incontinence

လက္ခဏာ -စိတ်ကနေ ဆီးသွားချင်တယ်လို့ ဖြစ်လိုက်တာနဲ့ ဆီးထွက်သွာတာမျိုးကို Urge incointence သတ်မှတ်ပါတယ်။ ဒီလို Urge incontinence ပြဿနာဖြစ်နေတဲ့သူတွေက ဆီးသွားပြီးတိုင်းလည်း သွားချင်နေတတ်ပြီး ညဘက်အိပ်ကောင်းတဲ့ အချိန်တွေမှာပါ ထသွားရတတ်ပါတယ်။

ဖြစ်ရတဲ့အကြောင်းအရင်းများ

  • ဆီးလမ်းကြောင်း ပိုးဝင်တာ
  • ဆီးချိုရောဂါနဲ့
  • အာရုံကြောပိုင်းဆိုင်ရာ ရောဂါ ( Parkinson’s disease နဲ့ multiple sclerosis) ခံစားနေရတဲ့သူတွေဟာ ဒီလို Urge incontinence ပြဿနာ အဖြစ်များပါတယ်။

( ၃ ) Overflow incontinence

လက္ခဏာများ – ဆီးသွားပြီးနောက်ပိုင်း ဆီးတစ်စက်စက်ကျနေတာဆိုရင်တော့ သင့်မှာ Overflow incontinence ပြသနာရှိနေပါပြီ။

ဖြစ်ရတဲ့ အကြောင်းအရင်းများ –

ဒီပြဿနာရဲ့ အဓိက အရင်းခံကတော့ ဆီးအိမ်ကြွက်သားအားပျော့ပြီး ဆီးအကုန် မညှစ်နိုင်တာဖြစ်ပါတယ်။ ဒီလို ဆီးအိမ်ကြွက်သားကို ထိခိုက်စေတဲ့ အကြောင်းအရင်းတွေကတော့

  • Spinal cord ပင်မကျောရိုးကြီးထိခိုက်တဲ့ ပြဿနာ
  • အခြား အာရုံကြောထိခိုက်တဲ့ပြဿနာ တွေနဲ့
  • အမျိုးသားတွေဖြစ်တဲ့ ဆီးကျိတ်ကြီးတဲ့ ပြဿနာတွေမှာဆို Overflow incontinence အဖြစ်များပါတယ်။

( ၄ ) Total incontinence

ဒါကတော့ တစ်ချိန်လုံးတောက်လျှောက် ဆီးယိုနေတဲ့ပြဿနာဖြစ်ပါတယ်။

ဒီလို တောက်လျှောက်ကြီး ဆီးယိုနေတာ ဆီးမထိန်းနိုင်တာကို အဓိကဖြစ်စေတာကတော့ မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်းကြားထဲမှာ ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းတစ်ခု ပွင့်နေတာကြောင့်ဖြစ်ရတာပါ။

ဆီးမထိန်းနိုင်ခြင်း အမျိုးအစား ၄ မျိုး

Takeaways

ဒါတွေကတော့ ဆီးမထိန်းနိုင်ရခြင်းတွေထဲကမှ အတွေ့ရအများဆုံး အမျိုးအစား ၄ မျိုးအကြောင်းဖြစ်ပါတယ်။ ပြီးတော့ ဆီးမထိန်းနိုင်တဲ့ပြဿနာတွေ့လည်း မရှားတာကြောင့် ကိုယ့်ဆီမှာ ဘယ်လိုပုံစံဖြစ်နေတာ၊ ဘာကြောင့်ဖြစ်ရတာလဲဆိုတာလေး သိထားတော့ မမှားဘူးပေါ့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆီးအိမ် မှာ အဖြစ်များတဲ့ ရောဂါတွေက ဘာတွေလဲ။

ဆီးအိမ် ဟာ အညစ်အကြေး (ဆီး)တွေ စုထားတာဖြစ်တဲ့အတွက် ရောဂါဖြစ်လွယ်ပါတယ်။ ဆီးအိမ်ရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာကတော့ ဆီးအပြောင်းအလဲဖြစ်တာပါပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆီးလမ်းကြောင်း ကနေတဆင့် ဘက်တီးရီးယား နဲ့ မှိုပိုးတွေ ဝင်ရောက် ကူးစက်တာက များပါတယ်။ ဗိုင်းရပ်စ် ဝင်ရောက် ကူးစက်မှုကို ဆီးလမ်းကြောင်းပိုးဝင်တယ် ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဘေဘီလေးက ကြက်သွန်နီ (onions) စားလို့ရရဲ့လား။ ဘယ်အရွယ်မှာ စစားလို့ ရတာလဲ။ ဒီမေးခွန်းက မေမေတိုင်း မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတစ်ရပ်ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 20, 2021 . 2 mins read

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths တွေ အများကြီးကို ကြားမိနေနိုင်ပါတယ်။ ဒီအချက်တွေက တကယ်ရော မှန်ရဲ့လား။ ယုံကြည်သင့်ရဲ့လား။ သတင်း အမှန်တွေက ဘာတွေလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read
အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read