အနီရောင်အသား ဆိုတာ ဝက်သား၊ အမဲသား၊ ဆိတ်သား စတာတွေကို ခေါ်တာပါ။ ဒီအသားတွေက ကြည့်လိုက်ရင် ရဲနေတော့ လွယ်လွယ်ကူကူ အနီရောင် အသားလို့ ခေါ်တာပါ။ ဒီလို နီနေရတာက Myoglobinလို့ ခေါ်တဲ့ သံဓာတ်ပါတဲ့ ပရိုတင်းတစ်မျိုး ပါလို့ပါ။ ကျန်းမာရေး ပညာရှင်တွေက အနီရောင် အသားတွေကို လျှော့စားဖို့ အကြံပေးလေ့ရှိပါတယ်။ ဒါဟာ ဘာကြောင့်များပါလဲ။