သွားတိုက်ဆေးရဲ့ အလှအပအတွက် အသုံးဝင်ပုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 26, 2020 . 1 min read
Share now

သွားတိုက်ဆေးက သွားတွေကို ဖြူစေရုံ၊ ခံတွင်းနံ့ဆိုး ကင်းစေရုံပဲ အသုံးဝင်တာလား။ တကယ်ကတော့ မဟုတ်ပါဘူး။ သွားတိုက်ဆေးက အလှအပအတွက်လည်း အသုံးဝင်ပါတယ်။  သွားတိုက်ဆေးက အလှအပအတွက် ဘယ်လို အသုံးဝင်လဲဆိုတာ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်စေချင်ပါတယ်။

သွားတိုက်ဆေးရဲ့ အလှအပအတွက် အသုံးဝင်ပုံက

ခံတွင်းနံ့ ကောင်းစေပြီး သွားတွေကို ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးနေတဲ့ သွားတိုက်ဆေးက

အမည်းစက်တွေ သက်သာစေတယ်

သွားတိုက်ဆေး လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို သံပရိုရည် ၂ စက်လောက်နဲ့ ရောပြီး သမအောင် မွှေပါ။ အမည်းစက်တွေပေါ်မှာ ခပ်ပါးပါး လိမ်းပေးပါ။ ပုံမှန်လေး လုပ်ပေးမယ်ဆိုရင် ၂ ပတ် အတွင်းမှာ သိသာတဲ့ ရလဒ်ကို ရရှိမှာပါ။

အသားဖြူစေတယ်

သွားတိုက်ဆေးကို သွားတွေဖြူဖို့တင် မဟုတ်ဘဲ အသားဖြူ စေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ သွားတိုက်ဆေး နည်းနည်းကို ခရမ်းချဉ်သီး အရည်နဲ့ ရောစပ်လိုက်ပါ။ ပြီးရင် အရေပြား ပေါ်မှာ လိမ်းပေးပါ။ ခဏထားပြီး ရေဆေးချလိုက်ပါ။ အသားအရေ ကြည်လင်ဖြူဝင်းလာ ပါလိမ့်မယ်။

ပိုးကောင် ကိုက်တာကြောင့် ယားယံတာကို သက်သာစေတယ်

ပိုးကောင် ကိုက်တာကြောင့် အသားယားတဲ့အခါ ပိုးကောင်ကိုက်ခံရတဲ့ နေရာပေါ်ကို သွားတိုက်ဆေး ခပ်ပါးပါး လိမ်းပေးလိုက်ပါ။ သွားတိုက်ဆေးရဲ့ ပူရှိန်းရှိန်း ဖြစ်တဲ့ ခံစားရမှုက ပိုးကောင် ကိုက်တာကြောင့် ယားယံမှုကို သက်သာစေမှာပါ။

ဝက်ခြံ သက်သာစေတယ်

ဝက်ခြံပေါ်မှာ သွားတိုက်ဆေး နည်းနည်းယူပြီး အုံပေးပါ။ မိနစ် ၃၀ လောက်ထားပြီး ရေဆေးချလိုက်ပါ။ ဝက်ခြံကို သက်သာစေပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မှာပါ။

အရေးအကြောင်း သက်သာစေတယ်

အရေးအကြောင်းတွေ သက်သာစေဖို့ အတွက်လည်း  သွားတိုက်ဆေးကို အသုံးပြုလို့ ရပါတယ်။ အရေးအကြောင်း ဖြစ်တဲ့နေရာကို သွားတိုက်ဆေး ခပ်ပါးပါးလေး လိမ်းပြီး ညဘက် အိပ်လိုက်ပါ။ မနက်နိုးတဲ့အခါ ရေဆေးချလိုက်ရုံပါ။

အမည်းကြောင်းတွေကို သက်သာစေတယ်

ချိုင်း၊ ပေါင်ခြံတို့မှာ ဖြစ်တတ်တဲ့ အမည်းစင်းတွေ သက်သာချင်ရင်လည်း သွားတိုက်ဆေးကို အသုံးပြုပေးလို့ ရပါတယ်။ သွားတိုက်ဆေးကို ရေနည်းနည်းနဲ့ ရောလို့ သမအောင် မွှေပေးပါ။ ​ပြီးရင် အမည်းစင်းတွေ ရှိတဲ့နေရာကို လိမ်းပေးပါ။ ခဏထားပြီး ရေဆေးချလိုက်ရုံပါ။

နှုတ်ခမ်းကို ပန်းရောင်သွေး ကြွယ်စေတယ်

ပန်းရောင်သွေး ကြွယ်တဲ့ နှုတ်ခမ်းသားလေးတွေ ပိုင်ဆိုင်နိုင်ဖို့ အတွက်လည်း သွားတိုက်ဆေးကို အသုံးပြုပေးလို့ ရပါတယ်။ သွားတိုက်ဆေးကို ပျားရည်နဲ့ ရောပြီး နှုတ်ခမ်းသားကို ပွတ်လိမ်းပေးပါ။ ၅ မိနစ်လောက် ထားပြီး ရေဆေးချလိုက်ပါ။

အဆီပြန်တာကို သက်သာစေတယ်

အဆီပြန်တဲ့ အသားအရေကြောင့် စိတ်ညစ်နေ တယ်ဆိုရင် သွားတိုက်ဆေးကို ရေ နည်းနည်း၊ ဆား နည်းနည်းတို့နဲ့ ရေပြီး သမအောင် မွှေပါ။ မနက်တိုင်း ဒီ အရောနဲ့ မျက်နှာကို သန့်စင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘာတွေကများ ဆေးယဉ်ပါးမှုကို ဖြစ်စေတာလဲ………

ကြောက်စရာကောင်းတဲ့ ကျန်းမာရေးပြဿနာထဲမှာ ဆေးယဉ်ပါးတာကလည်း တစ်ခု အပါအဝင်ပေါ့။ ယဉ်ပါးမှုက ကေင်းပေမယ့် ဆေးယဉ်ပါးတာက အသက်အန္တရာယ်ရှိစေနိုင်တဲ့ ကိစ္စတစ်ရပ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးကို အစေ့အဆန် ကျွေးသင့်ရဲ့လား။

အစေ့အဆန်တွေက အဟာရကြွယ်ဝပြီး ဘေဘီလေးတွေကို ကျွေးပေးသင့်တဲ့ အစားအစာပါ။ အစေ့အဆန်တွေက ဓာတ်မတည့်မှုဖြစ်စေနိုင်တယ်ဆိုပေမယ့် ကလေးတိုင်း မဖြစ်နိုင်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးနဲ့ ဆန်ပြုတ်

ဘေဘီလေးက ၆ လအထိ မိခင်နို့ တစ်မျိုးတည်းကိုသာ သောက်သုံးသင့်ပါတယ်။ ၆ လ ပြည့်ပြီးတဲ့အခါ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ဒါတွေ စားပါ။

ဝက်ခြံအမာရွတ်တွေက အလှပျက်စေရုံတင် မကပါဘူး။ ယုံကြည်မှုကိုလည်း ပျက်စီးစေပါတယ်။ ဒီလို ဝက်ခြံ အမာရွတ်တွေကို သက်သာစေဖို့ စားပေးရမယ့် အစားအစာလေးတွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

COVID-19 ဗိုင်းရပ်စ်သယ်ယူထိန်းသိမ်းရေးပစ္စည်း         

COVID-19 ဗိုင်းရပ်စ်သယ်ယူထိန်းသိမ်းရေးပစ္စည်း         

ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
ဈေးသက်သာပြီး ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာများ

ဈေးသက်သာပြီး ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
အတွင်းခံနှင့် ရှက်ရွံ့ခြင်း ပြဿနာ

အတွင်းခံနှင့် ရှက်ရွံ့ခြင်း ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 2 mins read
တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read