backup og meta

လှမယ်ထင်ပြီး လုပ်နေမိတဲ့ အမှားများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 23/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လှမယ်ထင်ပြီး လုပ်နေမိတဲ့ အမှားများ

    လူတိုင်းကတော့ လှချင်တတ်ကြတာပါပဲ။ အထူးသဖြင့်တော့ မိန်းကလေးတွေပေါ့။ လှချင်တဲ့အခါ လှအောင် အမျိုးမျိုး အဖုံဖုံကြိုးစားကြတော့တာပါပဲ။

    ဒီလိုပြုလုပ်တဲ့အခါ တစ်ခါတစ်ရံမှာ အပြုအမူမှားတွေဖြစ်နေတတ်ပါတယ်။ ဘယ်လို အပြုအမူမျိုးတွေက အပြုအမူမှားတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    လှချင်လို့ မှားကြတာတွေ

    လှချင်ပချင်တာကြောင့် အလှကုန်ပစ္စည်းတွေကို အလွန်အမင်းအသုံးပြုတဲ့အခါမှာ မျက်နှာမှာ ဝက်ခြံပိုထွက်တာမျိုး၊ ထိခိုက်ရှနာဖြစ်လွယ်တာမျိုးတွေ ပိုဖြစ်လာမှာပါ။ အများကြီးသုံးပြီး သေချာပြန်မဖျက်ဘူးဆိုရင် ပိုဆိုးတာပေါ့။

  • ဆပ်ပြာမတိုက်သင့်တဲ့နေရာတွေကို ဆပ်ပြာအလွန်အကျွံတိုက်မိနေတာ
  • အမျိုးသား လိင်အင်္ဂါအတွင်း၊ မိန်းမကိုယ်အတွင်းပိုင်း စတာတွေလိုမျိုး sensitive area တွေကို ဆပ်ပြာအလွန်အကျွံသုံးပြီး တိုက်ချွတ်မိနေတာကလည်း ကောင်းတဲ့ အပြုအမူမဟုတ်ပါဘူး။ ဒီနေရာတွေဟာလည်း တခြားနေရာတွေလိုမျိုး နေ့စဉ် သန့်ရှင်းပေးဖို့ လိုအပ်တာမှန်ပေမယ့် ဆပ်ပြာတွေ ဖိတိုက်နေလို့တော့ မရဘူးဆိုတာ သိထားပေးပါ။

    • အရက်သေစာသောက်စားချိန်မှာ ရေမသောက်တာ

    ဝိုင်အနီက သွားကို စွန်းထင်းစေနိုင်သလို ဝိုင်အဖြူက သွားကိုထိခိုက်စေနိုင်တဲ့ အက်ဆစ်ဓာတ်တွေပါရှိပါတယ်။ နောက်ပြီး တခြားပြင်းတဲ့အရက်တွေမှာဆိုရင်လည်း အာခေါင်ခြောက်စေတာကနေစလို့ လျှာအရသာခံနိုင်စွမ်းပျက်စေတာအထိ ဆိုးကျိုးတွေ အသီးသီးပါဝင်နေပါတယ်။ ဒါကြောင့် လှပတဲ့ သွားလေးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အရက်သေစာကို ရှောင်ကြဉ်တာက အကောင်းဆုံးဖြစ်ပါတယ်။

    မဖြစ်မနေသောက်သုံးမယ်ဆိုရင်လည်း ရေကို မကြာခဏတွဲဖက်သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ အရက်သောက်တာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ သိကြပေမယ့် တချို့က အထာကြတယ်ဆိုတဲ့ အတွေးမျိုးတွေးတတ်ကြတာမို့ ခုလို ထည့်ပြောရတာပါ။

    သွားတိုက်တယ်ဆိုတာက သွားလှပသန့်ရှင်းစေဖို့ ကောင်းမွန်စေတဲ့ နည်းလမ်းတစ်ခုပါ။ ဒါပေမယ့် ကော်ဖီသောက်ပြီးပြီးချင်း သွားတိုက်မယ်ဆိုရင်တော့ သင့်သွားဝါသွားဖို့ ပိုနီးစပ်ပါတယ်။ ဒါကြောင့် ကော်ဖီသောက်ပြီး အနည်းဆုံး တစ်နာရီခြားပြီးမှ သွားတိုက်သင့်ပါတယ်။

    • ဆံပင်ခြောက်သွေ့နေချိန် ရေကူးတာ

    ရေကူးကန်တွေမှာ ရေသန့်စင်ဖို့အတွက် ကလိုရင်းအပါအဝင် ဓာတုဗေဒပစ္စည်းတွေ ထည့်ခတ်ထားတတ်ကြပါတယ်။ ဒါကြောင့် ကိုယ်က လှချင်လို့ ရေဆင်းကူးတာဖြစ်ပေမယ့် အကြိမ်တိုင်း ခြောက်သွေ့နေတဲ့ ဆံပင်နဲ့ဖြစ်နေရင် ဆံသားကို သိသိသာသာပျက်စီးစေမှာဖြစ်ပါတယ်။ ရေမကူးခင်မှာ ဆံပင်ကို ရိုးရိုးရေသန့်သန့်နဲ့ ဖြန်းပေးဖို့ လိုအပ်သလို ရေကူးပြီးချိန်မှာလည်း ခေါင်းလျှော်ဖို့ လိုမှာဖြစ်ပါတယ်။

    • ခေါင်းခဏခဏ လျှော်လွန်းတာ/ အကြာကြီးနေမှ လျှော်တာ

    ခေါင်းခဏခဏ လျှော်တဲ့အခါ ဆံသားတွေ ခြောက်သွေ့တာ ဖြစ်နိုင်ပါတယ်။ အကြာကြီးနေမှ လျှော်ရင်လည်း ခေါင်းမှာ အဆီနဲ့ အညစ်အကြေးတွေ ပိတ်ဆို့နေမှာပါ။ ဒီတော့ မိမိဆံသားအခြေအနေကို လိုက်ပြီး သင့်တော်သလို လျှော်ပေးပါ။ အများစုကတော့ ၂−၃ရက်ခြားတစ်ခါ လျှော်ရင် လုံလောက်ပါတယ်။

    ခေါင်းလျှော်ရာမှာ ပျော့ဆေးကိုလည်း တွဲဖက်သုံးပေးဖို့ လိုအပ်ပါတယ်။ ပျော့ဆေးမသုံးဘဲ မကြာခဏ ခေါင်းလျှော်တဲ့အခါ ဆံပင်ခြောက်တာမျိုး၊ ပြတ်လွယ်တာမျိုးဖြစ်တတ်ပါတယ်။

    • ခဏခဏ နားဖာချေးကလော်တာ

    ဂွမ်းတုတ်တံလေးတွေနဲ့ နားဖားချေးကလော်တာက ဇိမ်ကျတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် ဒီလိုပြုလုပ်တာဟာ မလိုအပ်တဲ့ ကိစ္စတစ်ခုလို့တောင် ဆိုလို့ရပါတယ်။ နားဖာချေးတွေဟာ နားအတွင်းပိုင်းကို ကာကွယ်ဖို့အတွက် တည်ရှိနေတဲ့ အရာတွေပါ။ မကြာခဏ နားဖာချေးကလော်တာဟာ နားစည်ကို မတော်တဆထိခိုက်စေနိုင်သလို ရေရှည်မှာ အကြားအာရုံကိုလည်း အန္တရာယ်ပေးနိုင်ပါတယ်။

    • Deodorant တွေ အလွန်အကျွံသုံးတာ

    တချို့က ချွေးနံ့ပျောက်ရင်ပြီးရော Deodorant တွေကို အလွန်အကျွံသုံးစွဲကြပါတယ်။ တကယ်က ဒီလောက်မလိုပါဘူး။ အများစုက ညအိပ်ခါနီး တစ်ကြိမ်သုံးရင်  လုံလောက်ပါပြီ။

    • ဂျုတ်ကို ပုံမှန်မလဲလှယ်တာ

    မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေး ရိတ်ရာမှာအသုံးပြုတဲ့ သင်တုန်းဓား၊ ဂျုတ်စတာတွေကို ပုံမှန်မလဲလှယ်တာကလည်း တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ အလှအပကို ထိခိုက်စေတဲ့ အမူအကျင့်တစ်မျိုးဖြစ်ပါတယ်။ ဓားတုံးသွားတဲ့အခါ သင့်အနေနဲ့ တစ်နေရာတည်းကို ခဏခဏ ရိတ်ရတဲ့အတွက် အရေပြားရှနာတွေ ပိုဖြစ်နိုင်ပါတယ်။ ဂျုတ်တွေကို ၅−၇ခါလောက် သုံးပြီးရင် အသစ်လဲသင့်ပါတယ်။

    • ရေပူနဲ့ မကြာခဏ ရေချိုးတာ

    ပူနွေးတဲ့ရေနဲ့ ရေချိုးတာမျိုး၊ ရေနွေးငွေ့နဲ့ ရေချိုးတာမျိုးက သင့်ကို အညောင်းအညာပြေစေနိုင်ပါတယ်။ ဒါပေမယ့် မကြာခဏဒီလို ချိုးနေမယ်ဆိုရင်တော့ အရေပြားခြောက်ပြီး ယားယံတတ်ပါတယ်။ အထူးသဖြင့် နှင်းခူပြဿနာရှိသူတွေမှာပေါ့

    • မျက်နှာကို မကြာခဏ Scrub လုပ်တာ

    Scrub လုပ်တာက မျက်နှာက ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို ကြည်လင်စေပါတယ်။ ဒါပေမယ့် လိုအပ်တဲ့အကြိမ်အရေအတွက်ထက် ပိုပြီး Scrub လုပ်မိနေမယ်ဆိုရင်တော့ အရေပြားပြဿနာတွေ ဖြစ်လာမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 23/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement