ဆန်လို့ပြောလိုက်ရင် စားစရာလို့ ပြေးမြင်မယ် ထင်ပါတယ်။ အကြောင်းကတော့ ဆန်က ထမင်း အနေနဲ့ နေ့စဉ် စားသုံးမှုမှာ အာဟာရ ဖြည့်ပေးနေတာကိုး။ အရသာရှိလှတဲ့ ကြက်ဆီ ထမင်း၊ ဒံပေါက် စတာတွေကလည်း ဆန်ကနေ ဖြစ်လာတဲ့ စားဖွယ်တွေလေ။
ထွက်မှာ သေချာပြီလား။
ဆန်လို့ပြောလိုက်ရင် စားစရာလို့ ပြေးမြင်မယ် ထင်ပါတယ်။ အကြောင်းကတော့ ဆန်က ထမင်း အနေနဲ့ နေ့စဉ် စားသုံးမှုမှာ အာဟာရ ဖြည့်ပေးနေတာကိုး။ အရသာရှိလှတဲ့ ကြက်ဆီ ထမင်း၊ ဒံပေါက် စတာတွေကလည်း ဆန်ကနေ ဖြစ်လာတဲ့ စားဖွယ်တွေလေ။
ဆန်က ထမင်းအဖြစ်နဲ့ အာဟာရ ဖြည့်ပေးနေတာထက် ပိုပါတယ်။ လူတော်တော်များများ မတွေးမိတာက ဆန်က အရေပြား နဲ့ ဆံသား အလှအပအတွက် ထောက်ပံ့ပေးနိုင်တယ် ဆိုတာကိုပါ။
လေ့လာမှုတွေအရ ဆန်က နေလောင်တာ၊ ဝက်ခြံနဲ့ အရေးအကြောင်း ဖြစ်တာလိုမျိုး အဖြစ်များတဲ့ အရေပြား ပြဿနာတွေကို သက်သာစေသလို ဆံသားကို ကျန်းမာစေပြီး ဦးရေပြားကိုလည်း ဗောက်ပြဿနာ ကင်းစေနိုင်ပါသေးတယ်။
နေ့စဉ် စားသုံးနေတဲ့ ဆန်ကို အလှအပအတွက် အခုလို အသုံးပြုပေးလို့ ရပါတယ်။
ဆန်ကို face powder အဖြစ် အသုံးပြုပေးလို့ ရပါတယ်။ အဆီပြန်တဲ့သူတွေနဲ့ အထူး သင့်တော်ပါတယ်။ အဆီပြန်မှုကင်းစေပြီး မျက်နှာကို ဖွေးဖွေးလေးနဲ့ လှစေမှာပါ။အသားအရေကို ထိခိုက်မှု ကင်းစေပြီး နေ့စဉ်လည်း အသုံးပြုပေးလို့ ရပါတယ်။
ဆန်ကို မှုန့်ညက်နေအောင် ကြိတ်ပြီး ပြောင်းမှုန့်နဲ့ ရောလိုက်ပါ။ ပြီးရင် လိမ်းနေကျ ပေါင်ဒါမှုန့်တွေကို အသုံးပြုသလို သုံးပေးလို့ ရပါတယ်။ အဆီပြန်မှုကို ကင်းစေပြီး ချွေးပေါက်တွေကို ဖုံးပေးနိုင်မှာပါ။
အရေပြားပေါ်မှာ ဆဲလ်သေတွေ ရှိနေမယ်ဆိုရင် အသားအရေက ကြည်လင်မှု မရှိဘဲ မွဲခြောက်ခြောက် ဖြစ်နေနိုင် ပါတယ်။ အရေပြားပေါ်ကဆဲလ်သေတွေက ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး အရေပြား ပြဿနာ အမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် အရေပြားကို ပုံမှန် သန့်စင်ပြီး ဆဲလ်သေတွေကို ဖယ်ရှားဖို့ လိုပါမယ်။
ဒီပြဿနာကို ဖြေရှင်းဖို့ ဆိုရင်တော့ မညက်တညက်ကြိတ်ထားတဲ့ ဆန်ခွက်တစ်ဝက်စာ နဲ့ ဂျုံမှုန့် ထမင်းစားဇွန်း ၂ ဇွန်းစာ၊ နနွင်း လက်ဖက်ရည်ဇွန်း တဝက်စာ တို့ကို ရောလိုက်ပါ။ ရေ ဒါမှမဟုတ် rose water လက်ဖက်ရည်ဇွန် တဝက်စာထည့်ပြီး သေချာလေး မွှေပေးပါ။ ပြီးရင် မျက်နှာပေါ်မှာ ခပ်ထူထူလေး လိမ်းပြီး လက်ချောင်းလေးတွေ သုံးလို့ နှိပ်နယ်ပါ။ ခြောက်အောင်ထားပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။
ဒီလို လုပ်ပေးတာက အရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်သလို အရေးအကြောင်းတွေကို လျော့ပါးစေပါတယ်။ အသားအရောင် မညီတာနဲ့ အမဲစက်တွေကို သက်သာစေတဲ့အပြင် အဆီပိုတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။
ဝက်ခြံရှိသူလေးတွေ အများစုက highly sensitive skin အမျိုးအစားပါ။ အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေကိုလည်း သေချာလေး စိစစ်ရွေးချယ်ရတဲ့ အသားအရေ ပိုင်ရှင်တွေပါ။ ဒီ အသားအရေပိုင်ရှင်တွေအတွက် အကောင်းဆုံးကတော့ သဘာဝ ပစ္စည်း စစ်စစ်တွေပါ။
ဒါကြောင့် ဝက်ခြံ သက်သာစေဖို့ဆိုရင် သဘာဝ ပစ္စည်း စစ်စစ်ဖြစ်တဲ့ ဆန်မှုန့်ကို လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ နနွင်း နည်းနည်း၊ ခရမ်းချဉ်သီး အရည် လက်ဖက်ရည်ဇွန်း ၄ ဇွန်းစာကို သေချာလေး မွှေပါ။ ပြီးရင် ဝက်ခြံဖြစ်တဲ့နေရာတွေမှာ လိမ်းပေးပြီး မိနစ် ၂၀ လောက် ထားပါ။ ပြီးရင် ရေအေးနဲ့ ဆေးချပါ။ ဝက်ခြံတွေကို သက်သာစေပြီး ဝက်ခြံ ထပ်မဖြစ်အောင် ကာကွယ်ပေးသလို ဝက်ခြံကြောင့် နီရဲရောင်ရမ်းတာကို သက်သာစေပါတယ်။ အသားအရေကို အစက်အပြောက် ကင်းစေပြီး ချောမွေ့စေမှာပါ။
အသားအရေကို ကြည်လင်စေပြီး ချွေးပေါက် ကျဉ်းစေဖို့ နဲ့ ချွေးပေါက်တွေထဲက အညစ်အကြေးတွေကို သန့်စင်ဖို့အတွက် ဆန်ဆေးရည်ကို Toner အဖြစ် အသုံးပြုပေးလို့ ရပါတယ်။ အသားအရေကို ခြောက်သွေ့ ယားယံမှု ကင်းစေမှာပါ။
ဦးရေပြားမှာ အဖြစ်များတဲ့ ဗောက်ပြဿနာကင်းစေဖို့ဆိုရင် ပဲနံ့သာစေ့ လက်ဖက်ရည်ဇွန်း ၃ ဇွန်းစာကို တစ်ည ရေစိမ် ကြိတ်ပြီး ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၄ ဇွန်းစာနဲ့ရော၊ ရေနည်းနည်းပြီး မွှေ။ ရလာတဲ့အရောကို ဦးရေပြားမှာ လိမ်းပြီး မိနစ် ၂၀ ထားပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
The beauty benefits of rice https://www.femina.in/beauty/skin/reap-the-beauty-benefits-of-rice-127319.html Accessed Date 29 July 2020
Beauty Benefits of Rice https://www.theindustryjournal.com/beauty-benefits-of-rice/ Accessed Date 29 July 2020
JAPANESE BEAUTY SECRET – RICE WATER, RICE FACE MASKS AND SCRUBS https://bespotted.org/japanese-beauty-secret-rice-water-rice-face-masks-and-scrubs/ Accessed Date 29 July 2020