Permanent marker မှာ ပါဝင်တဲ့ မင်အမျိုးအစားဟာ သူစွန်းထင်းမိတဲ့ နေရာမှာ အပေါက်ငယ်လေးတွေရှိရင် စိမ့်ဝင်စွဲမြဲတာကြောင့် ဖျက်ရခက်ပါတယ်။ အရေပြားပေါ်မှာ စွန်းမိရင် ရက်အနည်းငယ်နေရင် သူ့အလိုလိုပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မြန်ဖယ်ရှားချင်ရင်လည်း အသုံးပြုနိုင်တဲ့ နည်းလမ်းတချို့ ရှိပါတယ်။