သန်းသတ်ဆေး
ခွေး သို့မဟုတ်ကြောင်ကိုရေချိုးပေးတဲ့အခါ ရှန်ပူထည့်ပြီးရေမဆေးချမီ အမွှေးကြားထဲကော်ဖီအနည်တချို့နဲ့ ပွတ်တိုက်ပေးပါ။ ပုံမှန်အတိုင်းရေချိုးချပြီးကော်ဖီနဲ့နောက်တစ်ခါထပ်ပွတ်တိုက်ပေးပါ။ပြန်ဆေးချပါ။ သန်းကင်းစင်စေတဲ့အပြင် ညဘက် ကိုယ်နဲ့အတူလာအိပ်ရင်ကော်ဖီနံ့လေးတောင်မွှေးနေဦးမှာပါ။
အရေးကြီးတာတစ်ချက်ကခွေးလေးတွေကိုကော်ဖီအဖတ်တွေမစားမိစေဖို့ပါပဲ။ခွေးတွေအတွက် ကဖင်းက အဆိပ်ဖြစ်စေတတ်လို့ပါ။
မျက်ရည်အိတ်တွဲခြင်းကို သက်သာစေတယ်
လက်ဖက်ရည်ခြောက်ထုပ်လေးတွေနဲ့ပဲအသုံးဝင်တာမဟုတ်ပါဘူး။ကော်ဖီကလည်း မျက်လုံးအောက်မှာ မျက်ရည်အိတ်တွဲခြင်းကို သက်သာစေနိုင်ပါတယ်။ကော်ဖီအနည်တွေကိုရေအနည်းငယ်နဲ့အနှစ်ဖြစ်အောင်လုပ်ပါ။ မျက်လုံးအောက်ဧရိယာမှာ တင်ပြီး ၁၅ မိနစ်လောက် နားလိုက်ပါ။
အသားအရေ ကြေးချွတ်ခြင်း
ကော်ဖီအနည်တွေက အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ သဘာဝကြေးချွတ်ဆေးဖြစ်ပါတယ်။ ခန္ဓါကိုယ်အတွက်Coffee Body Scrub လုပ်မယ်ဆိုရင်ကော်ဖီမှုန့်ခွက်တဝက်၊coconut palm sugar ခွက်တဝက်၊ အုန်းဆီ သို့မဟုတ် သံလွင်ဆီ၊ သစ်ကြံပိုးခေါက် တစ်ဇွန်း၊လိုအပ်ပါတယ်။ ခွက်တစ်လုံးထဲမှာ အားလုံးထည့်ပါ။ရေခဲသေတ္တာထဲ အအေးခံပါ။Scrub က နှစ်ပတ်လောက်တော့ ထားလို့ခံပါတယ်။
ဆံသားအလှအတွက်
ဆံကေသာအလှကုန်တွေ အများကြီးသုံးထားတယ်ဆိုရင် ဒါမှမဟုတ် သဘာဝခေါင်းလျှော်ရည်ကိုပြောင်းသုံးထားတယ်ဆိုရင် သင့်ရဲ့ဆံပင်တွေမှာ လိုအပ်ချက်တွေဖြစ်နေနိုင်ပါတယ်။ ဆံပင်မှာမပြောင်စင်ဘဲ ကပ်ငြိနေတဲ့ အရာတွေကိုကော်ဖီနဲ့ ဖယ်ရှားနိုင်ပါတယ်။ခေါင်းလျှော်တဲ့အခါ ရှန်ပူမထည့်ခင်ကော်ဖီအနည်လက်တစ်ဆုပ်လောက်နဲ့ ပွတ်လျှော်ပေးပြီး နှိပ်နယ်ပေးပါ။ ဆံကေသာတောက်ပြောင်လှပလာပါလိမ့်မယ်။
ဆပ်ပြာ
အသားအရေအတွက် အာဟာရဖြည့်ပေးမယ့်၊ အညစ်အကြေးတွေသန့်စင်ပေးမယ့်ကော်ဖီဆပ်ပြာမွှေးကို ကိုယ့်ဘာသာဖန်တီးနိုင်ပါတယ်။ကော်ဖီမှုန့်ကို ခွက်ရဲ့လေးပုံတစ်ပုံ၊ ဂလစ်ဆရင်းဆပ်ပြာ ၈အောင်စ၊ အုန်းနို့အမှုန့် လက်ဖက်ရည်၁ ဇွန်း၊ ဗနီလာ ၂ ဇွန်း၊ လက်ကိုင်ပါတဲ့အိုး၊ ဖန်ပန်းကန်လုံးတစ်လုံး၊Muffin မုန့်လုပ်တဲ့အိုး၊ယောက်မတစ်ချောင်းတို့လိုအပ်ပါတယ်။ အိုးကိုရေတစ်ဝက်ထည့်ပါ။ ဖန်ပန်းကန်လုံးကို ထည့်ပါ။ရေဆူလာရင် ပန်းကန်လုံးထဲ ဆပ်ပြာကိုထည့်ပြီးအရည်ပျော်အောင်ထားပါ။ အရည်ပျော်လာရင် ဆီသုတ်ထားတဲ့ Muffin အိုးရဲ့ အခွက်လေးတွေထဲကော်ဖီမှုန့်ကိုထည့်ပါ။ အရည်ပျော်လာတဲ့ဆပ်ပြာကို မီးပိတ်ပြီး ဗနီလာ၊ကော်ဖီမှုန့်နဲ့ အုန်းနို့မှုန့်ကိုထည့်ပါ။ ဆပ်ပြာကို ယောက်မသုံးပြီး Muffin ခွက်လေးတွေထဲဖြည့်ပါ။ နာရီအတော်ကြာ အအေးခံပါ။
သုံးပြီးသားကော်ဖီအနှစ်တွေကို အခုလိုလေး သုံးပေးလို့ ရပါတယ်။