ခုနောက်ပိုင်းဆယ်စုနှစ်အတွင်းမှာ အလှအပပိုင်းဆိုင်ရာ ဆေးပညာက အများကြီးတိုးတက်လာတဲ့အလျောက် လူတွေဟာ သဘာဝမျက်နှာထက် မိမိမျက်နှာကို အလှအပပြုပြင်ရတာကို အများကြီးပိုစိတ်ဝင်စားလာကြပါ
မျက်နှာကို filler ထိုးတယ်ဆိုတာ
မျက်နှာကို filler ထိုးတယ်ဆိုတာ ကို မလေ့လာခင် filler အကြောင်း အရင် ပြောပြပေးပါမယ်။
Dermal filler ဆိုတာဘာလဲ
Filler ဆိုတာ ဟိုက်ရာလူရောနစ်အက်ဆစ်လို့ခေါ်တဲ့ ဓာတုဗေဒပစ္စည်းနဲ့ အဓိကလုပ်ထားတဲ့ ဂျယ်လ်တစ်မျိုးဖြစ်ပြီး အရေးအကြောင်းတွေ အချိုင့်တွေနေရာမှာ ဖြည့်ပေးပါတယ်။ မျက်နှာရဲ့နေရာအမျိုးမျိုးမှာ filler ကိုသုံးနိုင်ပြီး နှုတ်ခမ်းထဲကိုလဲ တိုက်ရိုက်ထိုးပြီး နှုတ်ခမ်းပုံစံပြောင်းလို့ရပါတယ်
Fillerတွေ ဘယ်လို အလုပ်လုပ်လဲ
အခြေခံအားဖြင့် filler တွေဟာ မျက်နှာမှာရှိတဲ့ ဆုံးရှုံးသွားတဲ့ တစ်ရှူးနေရာကိုပြန်လည်ဖြည့်တင်းပေးပြီး အရေးအကြောင်းတွေ၊ လျော့ရဲမှုတွေကို သက်သာစေတာပါ။အသက်ကြီးလာတာနဲ့အမျှ
ဘယ်လောက်ခံသလဲ
ဒါက သင့်ခန္ဒ္ဓာကိုယ်ဟာ filler ကို ဘယ်လိုဓာတ်ပြုသလဲဆိုတာရယ်၊ သုံးတဲ့ ပါဝင်ပစ္စည်း hyaluronic acid အမျိုးအစားပေါ်ရယ်မူတည်ပါတယ်။
filler ထိုးရင် ဘယ်လို ဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်လဲ
ကိုယ့် မျက်နှာကို filler ထိုးတော့မယ်ဆိုတဲ့ လူတစ်ယောက်အနေနဲ့ ဘယ်လို ဘေးထွက်ဆိုးကျိူးတွေသက်ရောက်နို
Filler ထိုးရင်နာမှာလား
မျက်နှာကိုအပ်နဲ့ထိုးတာဖြစ်တဲ့အတွက် ထိုးနေစဉ်အချိန်မှာတော့နည်းနည်းလေး နာကျင်တာရှိနိုင်ပါတယ်။ ဒါပေမယ့် မထိုးခင်မှာ ထုံဆေးလိမ်းပေးထားပြီး နာကျင်မှုကို အများကြီးသက်သာအောင် လုပ်ပေးလို့ရပါတယ်။ ထိုးပြီးတဲ့နောက်မှာလည်း နာကျင်မှုသက်သာအောင် တချို့ filler တွေမှာ နဂိုကတည်းကထုံဆေးနဲ့ရော ထားတာမျိူးလည်းရှိတတ်ပါတယ်။
Filler ဘယ်နှစ်မျိုးရှိလဲ
Filler အတော်များများမှာ အဓိကပါဝင်ပစ္စည်းကတော့ hyaluronic acid ဖြစ်ပြီး သဘာဝအလျောက်ဆိုရင် မျက်လုံး၊ အရေပြားနဲ့ အဆစ်တွေမှာတွေ့ရပြီး မျက်နှာရဲ့ ပုံပန်းကိုပေါ်စေတဲ့အပြင် ရေဓာတ်ကိုဖြည့်ဆည်းပေးပါတယ်။ နောက်လူသိများတဲ့ filler အမျိုးအစားတစ်ခုကတော့ PCI or Ellanse ပါပဲ။ PCI ကိုမျက်နှာမှာထိုးလိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ သဘာဝ ကော်လဂျင်ထုတ်လုပ်မှုကို အားပေးပြီး ကော်လဂျင်ထွက်လာတဲ့အခါမှာလဲ တာရှည်ခံစေပါတယ်။
Botox(ဘိုတောက်စ်) နဲ့ Filler ဘာကွာလဲ
ရာနှုန်းပြည့်ကွာပါတယ်။ ဘိုတောက်စ်ဆိုတာ အရေးအကြောင်းဖြစ်စေတဲ့ ကြွက်သားသေးသေးလေးတွေရဲ့လှုပ်ရှားမှုကို မလုပ်နိုင်အောင်ဟန့်တားလိုက်တာ ဖြစ်ပြီး filler ကတော့ အရေးအကြောင်းတွေရဲ့အောက်က အရေပြားကို ပြန်လည်နုပျိူအောင်လုပ်ပေးတာဖြစ်ပါတယ်။
Filler ထိုးရင် ကုန်ကျစရိတ်ဘယ်လောက်ရှိနိုင်လဲ
ထိုးမယ့်ပစ္စည်းအမျိူးအစား၊ ဘယ်လလောက်ပမာဏထိုးမှာလဲ၊ ဘယ်သူ့ဆီမှာထိုးမှာလဲ ဆိုတာတွေပေါ်မူတည်ပြီး ကုန်ကျစရိတ်ကအမျိုးမျိုးကွာခြားကြပါတယ်။
ဘယ်နေရာမှာထိုးရမလဲ
[embed-health-tool-bmi]