အသားအရေကို အေးစေနိုင်ပြီး နေလောင်ဒဏ်ကြောင့် ပျက်စီးမှုကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။အရေပြားပေါ်မှာဖြစ်တဲ့ အနီကွက်တွေကို သက်သာစေဖို့လည်း Rose Water ကို အသုံးပြုပေးလို့ ရပါတယ်။
နှုတ်ခမ်းသားလေး ပန်းရောင်သန်းစေဖို့ အသုံးပြုလို့ရတယ်
Rose Water ကို သန့်စင်ထားတဲ့ နှုတ်ခမ်းသားလေးမှာ လိမ်းပေးတာက နှုတ်ခမ်းကို ပန်းရောင်သွေးကြွယ်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ Beet root ကို အမှုန့်ကြိတ်ပြီး Rose Water လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောလို့ နှုတ်ခမ်းပေါ်မှာ ၁၅ မိနစ် လောက်ထားပေးပါ။ ပြီးရင် ရေဆေးချလိုက်ပါ။
Moisturizer အဖြစ် အသုံးပြုလို့ရပါတယ်
အသားအရေကို အစိုဓာတ် ထိန်းဖို့အတွက်လည်း Rose Water ကို Moisturizer အဖြစ် အသုံးပြုပေးလို့ရပါတယ်။ Rose Water လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို အုန်းဆီ စစ်စစ် လက်ဖက်ရည်ဇွန်း ၃ ဇွန်းစာနဲ့ရောပြီး အရေပြားပေါ်မှာ လိမ်းလို့ နှိပ်နယ်ပေးပါ။ ပြီးရင်တော့ ရေနွေးနွေးလေးသုံးလို့ ဆေးချလိုက်ပါ။ အဆီပြန်တတ်ရင်တော့ ဒီနည်းကအဆင်မပြေပါဘူး။
မျက်နှာသန့်စင်ဖို့အတွက် အသုံးပြုလို့ရပါတယ်
မျက်နှာပေါ်က မိတ်ကပ်တွေနဲ့ ပြင်ဆင်ခြယ်သထားတာတွေကို ဖျက်ဖို့အတွက်လည်း Rose Water ကို အသုံးပြုပေးလို့ရပါတယ်။ မျက်နှာပေါ်က ကြေးတွေကိုသန့်စင်ပြီး ချွေးပေါက်လေးတွေကို သန့်စင်စေဖို့အတွက် အသုံးပြုပေးနိုင်ပါတယ်။
ဝက်ခြံအတွက် အသုံးပြုပေးလို့ရတယ်
ဝက်ခြံရှိသူတွေအနေနဲ့ rose water နဲ့ သံပရာရည်ကို ဆတူရောပေးပြီး ဝက်ခြံဖြစ်တဲ့နေရာမှာ လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ ဝက်ခြံ သက်သာစေနိုင်သလို ဝက်ခြံကြောင့် ရောင်ရမ်းတာကိုလည်း သက်သာစေမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။