backup og meta

မာလာရှမ်းကောထဲမှာပါတဲ့ မက်ခါသီး


Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မာလာရှမ်းကောထဲမှာပါတဲ့ မက်ခါသီး

    မာလာရှမ်းကော စားတဲ့အခါ ခပ်ထုံထုံ အရသာကိုပေးတဲ့ အရာလေးဖြစ်သလို ဟင်းကို အနံ့အရသာ တိုးစေတဲ့ မက်ခါသီးလေးက ကယားပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ ပေါများစွာထွက်တဲ့ ဒေသထွက် ဟင်းခတ် အမွှေးအကြိုင်လေးပါ။ ငရုတ်ကောင်းလိုပဲ ဟင်းလျာတွေထဲမှာ အနံ့အရသာတိုးစေဖို့ ထည့်တတ်ကြပါတယ်။ ဒီလို အထုံအရသာပေးစွမ်းတဲ့ မက်ခါသီးလေးက စားကောင်းရုံတင်ပဲလား။ ကျန်းမာရေး အကျိုးကျေးဇူးရော ရှိလား သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။

    မက်ခါသီးမှာပါတဲ့ အာဟာရ

    ဟင်းခတ်အမွှေးအကြိုင်တစ်ခု ဖြစ်တဲ့ မက်ခါသီးလေးမှာ

    မက်ခါသီး နဲ့ ကျန်းမာရေး

    ခပ်ထုံထုံ ခပ်မွှေးမွှေး မက်ခါသီးလေးက

    လန်းဆန်းစေတယ်

    မက်ခါသီးက ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပေးတာပါ။ မက်ခါသီးမှာ ပါတဲ့ ဒြပ်ပေါင်းတွေက စပါးလင်မှာပါတဲ့ ဒြပ်ပေါင်းတွေလိုပဲ လန်းဆန်းတဲ့ မွှေးရနံ့နဲ့ စိတ်ကြည်လင်လန်းဆန်းစေဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။

    အစာခြေစနစ် ကျန်းမာစေတယ်

    အခြားသော ဟင်းခတ် အမွှေးအကြိုင်တွေ နည်းတူ မက်ခါသီးက အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေနိုင်ပါတယ်။ လေပွတာ၊ ဗိုက်အောင့်တာကို သက်သာစေသလို ဝမ်းတွင်းက အပူအပုပ်တွေကို ကင်းစေနိုင်ပါတယ်။

    သတ္တုဓာတ် ကြွယ်ဝတယ်

    မက်ခါသီးမှာ ခန္ဓာကိုယ် ကျန်းမာစေဖို့ အထောာက်အပံ့ပေးနိုင်တဲ့ ပိုတက်ဆီယမ်၊ copper၊ manganese၊ phosphorus၊ ဇင့် နဲ့ selenium တို့ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး သွေးအားနည်းရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးပြီး သွေးဆဲလ်တွေဖြစ်ပေါ်စေသလို ကိုယ်တွင်း အောက်ဆီဂျင်ပမာဏကို မြှင့်တင်ပေးနိုင်တဲ့ သံဓာတ်လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။

    သွားနာတာကို သက်သာစေတယ်

    မက်ခါသီးကို သွားကိုက်သွားနာသက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ မက်ခါသီးကို ရေနွေးထဲမှာ ၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ စိမ်ပါ။ ရလာတဲ့အရည်ကို ပလုပ်ကျင်းပေးပါ။ သွားကိုက်သွားနာတာကို သိသိသာသာ သက်သာစေပါလိမ့်မယ်။

    အစားစားချင်စိတ် ဖြစ်စေတယ်

    မာလာရှမ်းကောကို အနံ့ရတာနဲ့ စားချင်နေတယ်ဆိုတာ မက်ခါသီးလေးရဲ့ အစွမ်းပါ။ မက်ခါသီးက ခံတွင်းပျက်နေသူတွေကို အစားစားချင်စိတ် ဖြစ်စေပြီး ခံတွင်းမြိန်စေဖို့ လုပ်ဆောင်ပေးပါတယ်။ အစားပျက်နေရင် မက်ခါသီးလေးရဲ့ အကူအညီ ယူလို့ရပါတယ်။

    သွေးတိုး သက်သာစေတယ်

    မက်ခါသီးမှာ ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ သွေးတိုး သက်သာစေသလို နှလုံး ကျန်းမာစေဖို့လည်း အကောင်းဆုံး အထောက်အကူပြုပေးနိုင်ပါတယ်။ မက်ခါသီးက နှလုံးသွေးကြောကျဉ်းတာ၊ ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာတွေ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

    အမြင်အာရုံ ကျန်းမာစေတယ်

    beta-carotene ပါဝင်တာကြောင့် အမြင်အာရုံကောင်းစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးပါတယ်။ မျက်ကြည်လွှာ ကျန်းမာစေသလို အမြင်အာရုံ ကျန်းမာစေပြီး မျက်စိပြဿနာ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။

    အရိုးတွေ သန်မာစေနိုင်တယ်

    မက်ခါသီးမှာ phosphorus၊ manganese၊ copper နဲ့ သံဓာတ်တို့လိုမျိုး သတ္တုဓာတ်တွေပါဝင်နေပြီး အရိုးတွေ သန်မာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ အရိုးပါးတာ၊ အရိုးပွတာမျိုး မဖြစ်စေဖို့လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    ဆက်စပ် အကြောင်းအရာများ



    Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement