backup og meta

သင့်ခြေဖဝါးလေးတွေ ဘာကြောင့်နာရတာလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ခြေဖဝါးလေးတွေ ဘာကြောင့်နာရတာလဲ ။  ။

    ခြေဖဝါးဝါးတော်နုနု သွေးခြည်ဥ မှာစိုးတယ် ဆိုသလိုမျိုး ကိုယ့်ြေခဖဝါးလေးေတွဆိုတာ ခန္ဓါကိုယ်တစ်ခုလုံးရဲ့ ဝန်ကို ထမ်းနေရသူလေးပါ။ နေရာအနှံ့ကို သူလေးနဲ့ ပဲလျှောက်သွားနေရတာဆိုတော့ ကိုယ်မသိလိုက်မိလို့ လုပ်လိုက်တဲ့ အပြုအမူတွေကနေ ခြေဖဝါးနာသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဘယ်လို အကြောင်းအရာတွေကြောင့် ခြေဖဝါးနာရတာလဲ ။ ။

    လေ့ကျင့်ခန်းလုပ်လွန်းတာကြောင့် ခြေထောက်အသားလေးတွေ ကြေပြီး ခြေဖဝါးနာနိုင်သလို အခန့် မသင့်ရင်လည်း ခြေခေါက်လဲတတ်ပြီး ခြေထောက်မှာ သွေးခြည်ဥသွားတတ်ပါသေးတယ်။

  • ကိုယ်အလေးချိန်များလွန်းရင်လည်း ခြေထောက်နာတတ်ပါတယ်။

  • များလှတဲ့ ကိုယ်အလေးချိန်ကြောင့် ဒူးနာတာ အပြင် ခြေဖဝါးလည်းနာတတ်ပါတယ်။ အဆီများတဲ့ အဝလွန်တဲ့သူတွေမှာ ခြေဖဝါးနာတာ ပိုဖြစ်တတ်ပါတယ်။ အကြောင်းကတော့ အဆီ တစ်ရှူးတွေက ရောင်ရမ်းခြင်းကို ပိုဖြစ်စေတာကြောင့်ဖြစ်ပါတယ်။

  • ဆေးလိပ်ကြောင့်လည်း ခြေထောက်နာတတ်ပါတယ်။

  • ဆေးလိပ်ဟာ အဆုတ်နဲ့ နှလုံးကို ဒုက္ခပေးရုံသာမက သွေးကြောတွေကို ဒုက္ခပေးနိုင်ပါတယ်။ ဆေးလိပ်ကြောင့် သွေးကြောကျဉ်းတာ၊ သွေးခဲတာတွေဖြစ်လို့ ခြေဖဝါးဆီကို ကောင်းကောင်းသွေးမရောက်တော့ဘဲ ခြေဖဝါးနာကျင်တာကိုဖြစ်စေပါတယ်။ သွေးမရောက်တာ အချိန်ကြာလာတာနဲ့ အမျှ ခြေဖဝါးက တစ်ရှူးတွေ ပုပ်သွားလို့ ြေခထောက်ဖြတ်လိုက်ရတာ မျိုးတွေ ဖြစ်တတ်ပါတယ်။

    • ခြေထောက်ဆိုင်ရာ သွေးကြောရောဂါတွေ ကလည်း ခြေဖဝါးကို နာကျင်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ။

    ဒီလို သွေးလွှတ်ကြော ရောဂါခံစားနေရတဲ့သူတွေမှာ ကျဉ်းနေတဲ့ သွေးလွှတ်ကြောတွေကြောင့် ခြေထောက်ဆီကို သွေးတွေ မရောက်တော့ဘဲ ခြေထောက်နာတာမျိုးတွေ၊ တစ်ရှူးတွေ ပုပ်သွားတာမျိုးတွေဖြစ်တတ်ပါတယ်။ နောက်ပိုင်း အနာတွေ ဖြစ်လာပြီး ဖြစ်လာတဲ့ အနာတွေလည်း မကျက်တော့လို့ ခြေထောက်ဖြတ်လိုက်ရတဲ့ အဖြစ်မျိုးတွေ ဆက်ကြုံတွေ့နိုင်ပါတယ်။

    • ဒေါက်ဖိနပ် လှလှလေးတွေကြောင့်လည်း ခြေဖဝါးနာတတ်ပါတယ်။ ။

    ဒေါက်ဖိနပ်လေးတွေဆိုတာ အပြင်ပိုင်းက ကြည့်ရင်သာ လှပမှုကို ယူဆောင်ပေးပေမယ့် အတွင်းပိုင်း ခြေဖဝါးလေးတွေ အတွက်တော့ တကယ်ကို မသက်မသာခံစားရစေတဲ့ အရာတွေပါ။ ဒေါက်ဖိနပ်စီးထားရတဲ့ အချိန်မှာ ခြေဖဝါးက မြေပြင်နဲ့ အညီ မဟုတ်ဘဲ တစ်ဘက်လျှောဖြစ်နေတာကြောင့် ခန္ဓါကိုယ်ရဲ့ အားတစ်ခုလုံးက ခြေဖဝါး တစ်နေရာအပေါ်ကိုပဲ ကွက်ကျနေတာကြောင့် ခြေဖဝါးနာရပါတယ်။ ။

    • အရက်သောက်တာများလွန်းရင်လည်း ခြေထောက်နာတတ်ပါတယ်။

    အရက်ဆိုတာ အာရုံကြောကို ထိခိုက်စေတဲ့ အရာတစ်ခုဖြစ်လို့ အရက်သောက်လွန်းတဲ့သူတွေမှာ ခြေဖဝါးနာတာမျိုးတွေဖြစ်တတ်ပါတယ်။ ခြေထောက်မှာ ပူနေတာ၊ ထုံကျင်နေတာမျိုးတွေ ဖြစ်တတ်လို့ သူ့ကို alcoholic neuropathy အရက်ကြောင့် အာရုံကြောထိခိုက်ခြင်းလို့ ခေါ်ပါတယ်။

    • ဆီးချိုကို ကောင်းကောင်းမထိန်းနိုင်တာ ။ ။

    ဆီးချို ေရာဂါ သမားတွေဆိုတာ ခြေထောက်ကို သေချာ ဂရုစိုက်ရတဲ့သူတွေပါ။ ခြေထောက်မှာ အနြာဖစ်ရင်လည်း ဆီးချိုကြောင့်အနာကျက်နှေး နိုင်သလို ဆီးချိုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ အာရုံကြောထိခိုက်တာလည်း ဖြစ်တတ်တဲ့အတွက်ကြောင့် ဆီးချို သမားတွေမှာ ခြေဖဝါးနာတတ်ပါတယ်။

    • ခြေဖနောင့် ကွဲတာ။ ။

    ဆောင်းရာသီဆို အသားခြောက် အသားပပ်ြပီး ခြေဆီတွေ မထွက်တော့လို ့ခြေဖနောင့်ကွဲတာမျိုးတွေ ကြုံဖူးကြမှာပါ။ ကွဲတဲ့ခြေဖနောင့် အစလေးကို သွားသွားဆွနေရင် အသားစိုက်သွားတတ်ပြီး ခြေဖနောင့် နာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အစိုဓါတ်ရအောင် ခြေဖဝါးကို အလှဆီ လိမ်းပေးပါ။

    ဒါတွေကတော့ သင့်ခြေဖဝါးကို နာကျင်စေရတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ ခြေဖဝါးနာကျင်ပြီဆို လမ်းလျှောက်ရတာ သက်တောင့် သက်တာ မရှိတော့လို့နေ့စဉ်လုပ်နေကျ အလုပ်တွေကိုတောင် မလုပ်နိုင်တော့ပါဘူး။ ဒီတော့ ကိုယ့်ခြေဖဝါးလေးကို ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့။ ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement