backup og meta

ဆား နဲ့ ကျန်းမာရေး


Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆား နဲ့ ကျန်းမာရေး

    ဆားတွေ အများကြီးမစားနဲ့သွေးတိုးလိမ့်မယ်။ ကျန်းမာအောင်အငန်လျှော့စားလေဆိုတဲ့စကားတွေက ပုံမှန်လိုလိုကြားနေရတဲ့ စကားသံပါနော်။ ဒါဆို ဆားက မစားဘဲနေရမှာလား။ ဆားလုံးဝမစားရတော့ဘူးလား။ ဆားက စားတာနဲ့ ကောင်းကျိုးမပေးဘဲ ဆိုးကျိုးတွေပဲဖြစ်နေတာလားဆိုပြီးမေးစရာလေးရှိလာပါပြီ။ ဒီအမေးတွေကို ဒီဆောင်းပါးလေးက အဖြေပေးနိုင်မှာပါ။

    ဆားက သွားနဲ့ခံတွင်းအတွက်ကောင်းတယ်ဆိုတာကပြောနေစရာမလိုအောင်အားလုံးသိထားပြီးဖြစ်မှာပါ။ ဒါဆို ဆားက ကျန်းမာရေးအတွက်ကောင်းတယ်ပြောရမှာလား။ တကယ်တော့ ဆားက လုံးဝမစားဘဲနေရမယ့် အရာတော့မဟုတ်ပါဘူး။ ဆားက သွားနဲ့ခံတွင်းရောဂါအတွက်တင်မဟုတ်ပါဘူး။ ဆားက ကူးစက်ရောဂါအတွက်ရော အနာတွေကို သက်သာစေဖို့အတွက်ပါ အသုံးတည့်ပါတယ်။

    နေ့စဉ်စားသုံးမှုမှာ ဆားထည့်စားသင့်တဲ့အကြောင်းအရင်း

    ဆားကို စားနေကျအစားအသောက်တွေထဲမှာ ဆားထည့်စားတာ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေရရှိစေနိုင်ပါတယ်။

    ရေဓါတ်ပြည့်ဝစေတယ်

    ခန္ဓါကိုယ်မှာ ဆိုဒီယမ် နဲ့ ပိုတက်ဆီယမ် မျှတနေမှကောင်းကောင်းလှုပ်ရှားနိုင်မှာပါ။ ဒါမှလည်း လိုအပ်တဲ့ရေဓါတ်ကို အကောင်းဆုံးဖြည့်တင်းနိုင်မှာပါ။ ခန္ဓါကိုယ်မှာရေဓါတ်မျှတချင်တယ်ဆိုရင် ဆားကို အတန်အသင့်စားသုံးပေးပါ။

    နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်တယ်

    ဆားက နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ပင်လယ်ဆားက စားပွဲတင်ဆားနဲ့မတူပါဘူး။ဆေးဖက်ဝင်ပါတယ်။ ပင်လယ်ဆားမှာ သဘာဝအတိုင်း သတ္တုဓါတ်တွေပါဝင်နေတာကြောင့် နှလုံးကျန်းမာဖို့အတွက် အထောက်အကူပြုပေးနိုင်ပါတယ်။

    ကြွက်မတက်အောင်ကာကွယ်ပေးတယ်

    ပင်လယ်ဆားမှာပါတဲ့ ဓါတ်က ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ဆိုဒီယမ်ဓါတ်ကိုထောက်ပံ့ပေးပြီး ကြွက်တက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဆားမှာပါတဲ့ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် နဲ့ ကယ်လ်ဆီယမ်တို့က ကြွက်သားတွေအတွက် လိုအပ်တဲ့ အာဟာရတွေကိုထောက်ပံ့ပေးပြီး ကြွက်သားတွေကို ကြွက်တက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဆားဓါတ်မလုံလောက်တဲ့အခါ နှလုံးခုန်မမှန်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ခြေကုန်လက်ပန်းကျတာ၊ တက်တာလိုမျိုးဝေဒနာတွေခံစားရနိုင်ပါတယ်။

    အာရုံကြောစနစ်ကို ကျန်းမာစေနိုင်တယ်

    ဆိုဒီယမ်က ခန္ဓါကိုယ်ထဲကရေစီးဆင်းမှုကို ထိန်းညှိပေးနိုင်ပါတယ်။ ဒီလုပ်ဆောင်မှုက အာရုံကြောစနစ်ကျန်းမာဖို့အတွက် အရေးပါပါတယ်။ ဦးနှောက်အနေနဲ့ကလည်း ကျန်းမာနေဖို့က ဆိုဒီယမ်နဲ့ အခြားဓါတ်တွေမျှတနေဖို့လိုပါမယ်။ ဒါကြောင့်ဆားကို အတန်အသင့်လောက်တော့ စားသုံးဖို့လိုပါမယ်။

    အိပ်ရေးဝစေတယ်

    ဆားက အိပ်စက်ခြင်းကို အထောက်အပံ့ပေးပါတယ်။ အများကြီးစားမိရင်တော့သွေးပေါင်တက်ပြီး အိပ်ချင်တာမျိုးဖြစ်လာစေနိုင်ပါတယ်။ ဆားက ကိုယ်တွင်းရဲ့ ဆိုဒီယမ်မညီမျှမှုမဖြစ်အောင် ထိန်းညှိပေးပြီး ကိုယ်တွင်းရေဓါတ်ကိုပြည့်ဝစေနိုင်တာကြောင့်ဟော်မုန်းပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်တွင်းဟော်မုန်းကို ထိန်းညှိပေးတာကကောင်းကောင်းအိပ်စက်ဖို့အထောက်အပံ့ပေးနိုင်တာပါ။

    ဆားနည်းနည်းပဲစားတဲ့အခါ

    ဆားကအများကြီးစားရင် သွေးတိုးတယ်ဆိုပေမယ့် နည်းနည်းပဲစားမယ်ဆိုရင်လည်း ခန္ဓါကိုယ်မှာ ထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။

    • သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကိုမြင့်တက်စေနိုင်တယ်
    • နှလုံးရောဂါဖြစ်စေနိုင်တယ်
    • ရုတ်တရက်နှလုံးရပ်သွားရတာမျိုးခံစားရနိုင်တယ်
    • အင်ဆူလင်မတိုးတာမျိုးခံစားရနိုင်တယ်
    • အမျိုးအစား (၂) ဆီးချိုခံစားရနိုင်တယ်

    ဆားအများကြီးစားတဲ့အခါ

    အရာရာက တန်ဆေးလွန်ဘေးဆိုသလိုပါ။ ဆားက မစားရင်လည်း ခန္ဓါကိုယ်အတွက် မကောင်းသလို အရမ်းစားလွန်းပြန်ရင်လည်း ထိခိုက်တာတွေရှိလာနိုင်ပါတယ်။

    • သွေးတိုးမယ်
    • အစာအိမ်ကင်ဆာဖြစ်မယ်
    • အစာအိမ်အူလမ်းကြောင်းတလျှောက်မှာရောဂါပိုးတွေဖြစ်စေနိုင်တယ်
    • အစာအိမ်နံရံတွေပျက်စီးစေနိုင်တယ်။

    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆားပမာဏ

    ကျန်းမာတဲ့လူတစ်ယောက်အနေနဲ့နေ့စဉ် ဆားကို ၆ ဂရမ်လောက်ထက်တော့ ပိုမစားသင့်ပါဘူး။ တစ်နေ့တာမှာ လူတစ်ယောက်အနေနဲ့ ဆိုဒီယမ်ပမာဏ ၂.၅ ဂရမ်ပဲလိုအပ်ပါမယ်။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဆားပါဝင်နေမှာဖြစ်တဲ့အတွက်နေ့စဉ် ဆားကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာလောက်ပဲ စားသုံးပေးဖို့လိုပါမယ်။ အရွယ်ရောက်ပြီးသူတွေအနေနဲ့ကတော့ ဒီပမာဏက အကောင်းဆုံးပါ။ အရမ်းငယ်လွန်းတဲ့ကလေးတွေအနေနဲ့ ကတော့ ဆားကို ၁ ဂရမ်လောက်ပဲစားသုံးပေးသင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement