သံပရိုသီး
ဗီတာမင် C ကြွယ်ဝမှုက အသားအရေကို ကြည်လင်စေပြီး ဆဲလ်သေတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ တစ်နေ့ကို သံပရိုရည် တစ်ခွက်သောက်သုံးပေးတာက အသားအရေကိုကြည်လင်စေဖို့ အလွယ်ကူဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။
လိမ္မော်သီး
လိမ္မော်သီးမှာ ဗီတာမင် A နဲ့ ဗီတာမင် C ပါဝင်နေတာက အသားအရေကို အကောင်းဆုံးအားဖြည့်ပေးနိုင်တာပါ။ လိမ္မော်သီးက ကော်လာဂျင်ထွက်လာအောင် လှုံ့ဆော်ပေးပြီး အသားအရေကို ကြည်လင်စေမှာပါ။ လိမ္မော်သီးအပြင် ကီဝီသီး၊ ဂရိတ်ဖရုတို့ကလည်း အသားအရေကို ကြည်လင်စေပါတယ်။
သလဲသီး
သလဲသီးက အရွယ်တင်နုပျိုစေနိုင်ပါတယ်။ အသားအရေကြည်လင်စေဖို့ အကောင်းဆုံးထောက်ကူပေးနိုင်ပါတယ်။ သွေးသန့်စေပြီး အသားအရေကို သဘာဝအတိုင်း ဖြူဝင်းစေမှာပါ။
သခွားသီး
ဗီတာမင် B နဲ့ အသားအရေအတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်နေသလို ရေဓါတ်လည်း အကောင်းဆုံးဖြည့်ပေးပါတယ်။ ကြည်လင်စိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာသေချာပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။