backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Orange (လိမ္မော်သီး)


Aye Thi Mon မှ ရေးသားသည်။ · 19/02/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Orange (လိမ္မော်သီး)

လိမ္မော်သီး (Orange)

အခွံက လိမ္မော်ရောင် ဒါမှမဟုတ် အနီဘက်ခပ်သန်းသန်းဖြစ်နေတဲ့ လိမ္မော်ရောင်ရင့်ရင့်ဖြစ်တတ်ပါတယ်။ အရသာကလည်း ခံတွင်းရှင်းပြီးစားကောင်းပါတယ်။ ဗီတာမင် C နဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်တာကြောင့်ခန္ဓါကိုယ်အတွက်တော်တော်လေးအကျိုးပြုတဲ့ အစားအသောက်တစ်ခုပါ။ လိမ္မော်သီးက ကယ်လ်လိုရီပါဝင်မှုနည်းပြီး အာဟာရဓါတ်လည်းအပြည့်အဝပါဝင်ပါတယ်။ သဘာဝအချိုဓါတ်ရရှိစေနိုင်တဲ့ သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။

အာဟာရတန်ဖိုး

လိမ္မော်သီးအရွယ်တော် တစ်လုံးမှာ ကယ်လ်လိုရီ ၈၀ ၊ ပိုတက်ဆီယမ် ၂၅၀ မီလီဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၁၉ ဂရမ်၊ ပရိုတင်း ၁ ဂရမ်ပါဝင်ပြီး အဆီဓါတ်တော့ လုံးဝမပါဝင်ပါဘူး။ လိမ္မော်သီး တစ်လုံးက တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင် C ၁၃၀ ရာခိုင်နှုန်း၊ ဗီတာမင် A ၂ ရာခိုင်နှုန်း၊ ကယ်လ်ဆီယမ် ၆ ရာခိုင်နှုန်းတိုပါဝင်ပါတယ်။ သံဓါတ် နဲ့ အဆီဓါတ်တော့မပါဝင်ပါဘူး။

ဒါ့အပြင် လိမ္မော်သီးမှာthiamin၊ riboflavin၊ niacin၊ ဗီတာမင် B-6၊ folate၊ pantothenic acid၊ phosphorus၊ မဂ္ဂနီဆီယမ်၊ manganese၊ selenium နဲ့ copper ဓါတ်တွေလည်းပါဝင်ပါတယ်။ ဗီတာမင် Cမြင့်မားစွာပါဝင်မှုက ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ လိမ္မော်သီးမှာ choline၊ zeaxanthin နဲ့ carotenoids တို့ပါဝင်ပါတယ်။ လိမ္မော်သီးမှာပါတဲ့ choline က အိပ်ပျော်ဖေို့၊ ကြွက်သားလှုပ်ရှားမှု၊ သင်ယူမှုနဲ့မှတ်ဉာဏ်စွမ်းရည်တွေကိုကောင်းမွန်စေပါတယ်။

လိမ္မော်သီးကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

ကင်ဆာ

လိမ္မော်သီးမှာphytochemicalsတွေပါဝင်တာကြောင့် အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ရင်သားကင်ဆာ၊အစာအိမ်ကင်ဆာနဲ့ အူမကြီး ကင်ဆာဝေဒနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ကျောက်ကပ်ရောဂါ

လိမ္မော်ရည်ပုံမှန်သောက်သုံးပေးမယ်ဆိုရင်ကျောက်ကပ်ရောဂါတွေကို ကာကွယ်ပေးနိုင်သလိုကျောက်ကပ်မှာကေျာက်တည်နိုင်ခြေကိုလည်းလျော့ကျစေနိုင်ပါတယ်။ လိမ္မော်ရည်မှာ သကြားဓါတ်နဲ့အက်ဆစ်ဓါတ်တွေများစွာပါဝင်တာကြောင့် အလွန်အကျွံသောက်သုံးမယ်ဆိုရင်တော့ သွားအပေါ်ယံကြွေလွှာကို ပျက်စီးစေနိုင်ပါတယ်။

အသည်းရောဂါ

ဂျပန်နိုင်ငံမှာလုပ်ဆောင်ခဲ့တဲ့လေ့လာမှု နှစ်ခုအရ လိမ္မော်သိးစားသုံးပေးတာက အသည်းကင်ဆာဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်ပြီး အငည်းရောဂါတွေကို သက်သာစေနိုင်တယ်၊ လို့ဆိုပါတယ်။

ကိုလက်စထရောကျစေနိုင်ခြင်း

လိမ္မော်သီးမှာပါဝင်တဲ့ အမျှင်ဓါတ်ကပျော်ဝင်လွယ်တဲ့ အမျှင်ဓါတ်ဖြစ်တာကြောင့်သွေးတွင်းကိုလက်စထရောကျဆင်းအောင် အထောက်အကူပြုပေးပါတယ်။

နှလုံးကျန်းမာစေနိုင်ခြင်း

လိမ္မော်သီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးရဲ့ လုပ်ဆောင်မှုတွေကောင်းမွန်အောင် အထောက်အကူပြုပေးပါတယ်။ ခန္ဓါကိုယ်ထဲမှာ ပိုတက်ဆီယမ်ပမာဏ နည်းသွားတဲ့အခါ နှလုံးခုန်မမှန်တာမျိုးခံစားရနိုင်ပါတယ်။

ရောဂါတွေဝင်နိုင်ခြေကိုလျှော့ချပေးခြင်း

လိမ္မော်သီးမှာ ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တဲ့ free radicalတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် ကင်ဆာ နဲ့ အသည်းရောဂါလိုမျိုး နာတာရှည်ရောဂါတွေ ခံစားရနိုင်ခြေကိုလျော့ကျစေနိုင်ပါတယ်။

ဝမ်းချုပ်တာကို သက်သာစေနိုင်ခြင်း

လိမ္မော်သီးမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေရည်ထွက်စေပြီး ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။

အမြင်အာရုံကိုကောင်းမွန်စေနိုင်ခြင်း

လိမ္မော်သီးမှာcarotenoidဒြပ်ပေါင်းကြွယ်ဝစွာပါဝင်တာကြောင့် အမြင်အာရုံထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။

သွေးတိုးကျစေနိုင်ခြင်း

လိမ္မော်သီးမှာပါတဲ့flavonoid hesperidin ကသွေးတိုးကျစေနိုင်ပြီး မဂ္ဂနီဆီယမ်ကလည်းသွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။

အရေပြား

လိမ္မော်သီးမှာ ဆဲလ်တွေထိခိုက်ပျက်စီးတာကို ကာကွယ်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်တဲ့beta-carotene ပါဝင်နေပါတယ်။beta-carotene ကအသားအရေကို free radicalsတွေကြောင့်ပျက်စီးမှုကနေ ကာကွယ်ပေးသလို အဂွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

သတိထားရမယ့်အချက်များ

နှလုံးရောဂါအတွက်သောက်ရတဲ့ဆေးတစ်မျိုးဖြစ်တဲ့Beta-blockerသောက်သုံးနေသူတွေအနေနဲ့ လိမ္မော်သီးကို အများကြီးမစားသုံးသင့်ပါဘူး။

လိမ္မော်သီးမှာ ပိုတက်ဆီယမ်များစွာပါဝင်တာကြောင့်ကျောက်ကပ်ရောဂါရှိသူတွေအနေနဲ့ အများကြီးမစားသင့်ပါဘူး။သွေးတွင်းမှာ ပိုတက်ဆီယမ်တွေ များတဲ့အခါကေျာက်ကပ်က ခန္ဓါကိုယ်အတွက် မလိုအပ်တဲ့ပိုတက်ဆီယမ်တွေက မဖယ်ထုတ်နိုင်တာမျိုးဖြစ်နိုင်ပါတယ်။

gastro-esophageal reflux disease (GERD) ရှိတဲ့သူတွေမှာ လိမ္မော်သီးအများကြီးစားရင် ရင်ပူတာနဲ့ပျို့အန်တာတွေဖြစ်နိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Aye Thi Mon မှ ရေးသားသည်။ · 19/02/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement