ဂရုစိုက်ဖို့လိုတဲ့ ခြေထောက်ကျန်းမာရေး


Aye Thi Mon မှ ရေးသားသည်။ · 22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဂရုစိုက်ဖို့လိုတဲ့ ခြေထောက်ကျန်းမာရေး

    ကျန်းမာရေးဂရုစိုက်ပါဆိုတဲ့ စကားထဲမှာခေါင်းအစခြေအဆုံး ကျန်းမာရေးအကုန်လုံး အကျုံးဝင်ပေမယ့် လူတွေကခြေထောက်ကျန်းမာရေးကို လျစ်လျူရှု့ထားတတ်ကြတယ်နော်။ တကယ်တော့နေ့တိုင်းစိတ်ရှိတိုင်းသွားလာလှုပ်ရှားတာတွေကိုမညည်းမညူလုပ်ပေးတဲ့ခြေထောက်လေးတွေကိုမေ့ထားတတ်ကြတယ်နော်။ တကယ်တော့ခြေထောက်လေးတွေလည်း ကျန်းမာဖို့လိုပါတယ်နော်။

    ခြေထောက်က ဘယ်လိုဖွဲ့စည်းထားတာလဲ

    ခြေထောက်မှာ ခန္ဓါကိုယ်ရဲ့ အရိုး ၂၅ ရာခိုင်နှုန်းပါဝင်နေသလို အဆစ်က ၁၈ ရာခိုင်နှုန်း နဲ့ ကြွက်သား ၆ ရာခိုင်နှုန်းပါဝင်နေပါတယ်။ တကယ်လို့ခြေထောက်လေးမှာသာ ကျန်းမာရေးချို့ယွင်းမှုတစ်ခုခုဖြစ်မယ်ဆိုရင် တစ်နေ့တာလုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းလုပ်ဆောင်နိုင်တော့မှာ မဟုတ်သလို ခန္ဓါကိုယ်မှာထိခိုက်လာနိုင်တာတွေကလည်း အများကြီးပါ။ တစ်ကိုယ်လုံးကို ဟန်ချက်ညီအောင်ထိန်းထားပေးတဲ့အစိတ်အပိုင်းကိုသေချာလေးဂရုစိုက်ဖို့ လိုမယ်နော်။

    ခြေထောက်ကိုသေချာဂရုမစိုက်ရင် ဘာတွေဖြစ်လာနိုင်လဲ

    လူတော်တော်များများကရေသာချိုးလိုက်ကြတာ၊ခြေထောက်ကိုသေချာတိုက်တယ်ဆိုသူကရှားပါတယ်နော်။ ခန္ဓါကိုယ်ရေစိုနေရင် သုတ်တတ်ပေမယ့်ခြေထောက်များရေစိုနေကြည့် သုတ်ခဲကြတယ်နော်။ခြေထောက်ကိုသေချာဂရုမစိုက်တဲ့အခါ အခုလိုပြဿနာတွေတက်လာနိုင်ပါတယ်နော်။

    ခြေထောက်ကျန်းမာအောင် ဒီအချက်တွေဂရုစိုက်ပါနော်

    ခြေထောက်ကျန်းမာဖို့က လူတိုင်းအတွက်အရေးကြီးတာပါ။ ဆီးချိုရောဂါရှိသူတွေမျာဆိုရင်ခြေထောက်ကျန်းမာရေးက အလေးထားလုပ်ဆောင်သင့်တဲ့ အချက်တစ်ခုပါနော်။ ဒီတော့နေ့စဉ်လှုပ်ရှားမှုမှာ အရေးကြီးတဲ့ခြေထောက်လေးတွေကိုနေ့စဉ် ဒီလိုလေးဂရုစိုက်ပေးပါနော်။

    • ခြေထောက်ကို သန့်စင်ပါ (အနည်းဆုံးတစ်နေ့တစ်ကြိမ်)
    • ခြေထောက်ကိုခြောက်သွေ့အောင်ထားပါ
    • ခြေထောက်မှာ တစ်ခုခုဖြစ်နေလားဆိုတာကို ညအိပ်ရာမဝင်ခင် ပုံမှန်စစ်ဆေးပေးပါ
    • ခြေထောက်နဲ့ သင့်တော်မယ့် ဖိနပ်စီးပါ (အရမ်းကျပ်လွန်းတဲ့ ဖိနပ်မျိုးကိုရှောင်ပါ)
    • အခါအားလျော်စွာခြေထောက်ကို စစ်ဆေးမှုလုပ်ပါေ(ခြေထောက်တွေရောင်နေလား၊ခြေသည်းတွေမှာ ပိုးဝင်ကူးစက်တာမျိုးများရှိလားဆိုတာကိုပါ)
    • ခြေဖဝါးလေး၊ခြေဖနောင့်ကဆဲလ်သေတွေကို ဖယ်ရှားပါ။
    • ခြေထောက်ကို ပုံမှန်နှိပ်နယ်ပေးပါ။
    • ခြေသည်းတွေကို ပုံမှန်ညှပ်ပေးပါ။ တိပေးပါ။
    • ခြေထောက်အသားအရေကို အစိုဓါတ်ထိန်းပေးပါ။
    • ဖိနပ်မပါဘဲ လမ်းလျှောက်တာမျိုးမလုပ်ပါနဲ့။
    • အမြဲဖိနပ်တစ်ရံစီးတာမျိုးမလုပ်ပါနဲ့။
    • ခြေထောက်နာတဲ့အခါ လိုအပ်တဲ့ ကုသမှုခံယူပေးပါ (ဆေးလိမ်းတာ၊ရေနွေးအိတ်ကပ်တာမျိုး လုပ်ပေးပါ)
    • ခြေထောက်မှာထိခိုက်ဒဏ်ရာရတဲ့အခါသေချာဆေးလိမ်းပါ၊ ပလာစတာကပ်ပါ။

    အခုပြောခဲ့တဲ့ အချက်လေးတွေကို သတိထားလုပ်ဆောင်လု့ိ ခြေထောက်ကိုနေ့တိုင်း ဂရုစိုက်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုပုံစံကို ဖန်တီးလိုက်ပါနော်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement