backup og meta

အမျိုးသားများတွင်တွေ့ရသော ဆီးချိုသွေးချို လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားများတွင်တွေ့ရသော ဆီးချိုသွေးချို လက္ခဏာများ

    အမျိုးသားများတွင် တွေ့ရသော ဆီးချိုလက္ခဏာများ

    အောက်ဖော်ပြပါအချက်များသည် သင့်အား ဆီးချိုရောဂါသည် အမျိုးသားများတွင် ဘယ်လိုထူးခြားသောသက်ရောက်မှုရှိလဲဆိုတာပြထားပါတယ်။

    ဆီးချိုရောဂါဆိုတာ ဘာလဲ

    ဆီးချိုရောဂါဆိုတာ သင့်ရဲသွေးမှာ သကြားဓါတ်များတဲ့အခါ ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ ဆီးချိုရောဂါက ရိုးရှင်းပေမယ့် သူ့ရဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေက ဆိုးရွားနိုင်ပါတယ်။ ဆီးချိုရောဂါကြောင့် နှလုံးသွေးကြောကျဉ်းရောဂါလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မျက်လုံး၊ အရေပြား၊ ကျောက်ကပ်၊ အာရုံကြောနဲ့ပတ်သက်တဲ့ရောဂါတွေလည်း ဖြစ်နိုင်ပါတယ် ။ ယောက်ျားတွေမှာဆိုရင် ပန်းညှိုးရောဂါအပြင် တခြား ဆီးနဲ့ပတ်သက်တဲ့ ရောဂါတွေပါ ဆီးချိုကြောင့် ဖြစ်လာနိုင်ပါတယ်။

    ကံကောင်းစွာနဲ့ပဲ အပေါ်ကပြောသွားတဲ့ ရောဂါတွေအားလုံးကို ကြိုတင်ကာကွယ်နိုင်တဲ့အပြင် ကုသနိုင်ပါတယ်။ ဂရုတစိုက်နဲ့ နေထိုင်ဖို့ပဲ လိုပါတယ်။

    ဆီးချိုက လိင်ပိုင်းဆိုင်ရာအားလျော့ခြင်းကို ဖြစ်စေပါသလား ?

    ပန်းညှိုးခြင်းက ကျန်းမာရေးချို့ယွင်းမှု တော်တော်များများရဲ့လက္ခဏာဖြစ်နေနိုင်ပါတယ်။ ဥပမာ သွေးတိုး၊ စိတ်ဖိစီးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးလည်ပတ်မှုနဲ့ အာရုံကြောချို့ယွင်းမှုတွေကြောင့်လည်း ပန်းသေပန်းညှိုးဖြစ်နိုင်ပါတယ်။

    တကယ်လို့သင်ပန်းညှိုးရောဂါ ဖြစ်နေတယ်ဆိုရင် ဆီးချိုဖြစ်နေလားစစ်ဆေးပါ။ ဆီးချိုရောဂါဖြစ်နေတဲ့ ယောက်ျားလေးတွေမှာ ပန်းညှိုးရောဂါဖြစ်နိုင်ချေရှိပါတယ်။ ပြောင်းလဲမှုများရှိသော်လည်း ခန့်မှန်းချက်တွေအရ ဆီးချိုရှိနေတဲ့ ယောက်ျားလေးတွေရဲ့ ၂၀ ကနေ ၇၅ရာခိုင်နှန်းက ပန်းညှိုးရောဂါဖြစ်နေနိုင်ပါတယ်။ ဆီးချိုရောဂါက လိင်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေ ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ ဆီးချိုက အလိုအလျှောက်အာရုံကြောစနစ်ကို ချို့ယွင်းစေလို့ပါ။ အလိုအလျှောက်အာရုံကြောစနစ်က သွေးကြောတွေကိုကျယ်ခြင်း၊ ကျဉ်းခြင်းတို့ကို ပြုလုပ်ပါတယ်။ တကယ်လို့ ဆီးချိုက လိင်တံအတွင်းရှိ သွေးကြောလေးတွေနဲ့အာရုံကြောကို ထိခိုက်စေတဲ့အခါ ပန်းညှိုးရောဂါဖြစ်နိုင်ပါတယ်။

    အမျိုးသားတွေရင်ဆိုင်နေရသော ဆီးချိုကြောင့်ဖြစ်တဲ့ ဆီးလမ်းကြောင်းနဲ့ပတ်သက်တဲ့ တခြားရောဂါကတော့ retrograde ejaculation ပဲဖြစ်ပါတယ်။ အဲဒီအခြေအနေမှာ တချို့သုက်ရည်တွေက ဆီးအိမ်ထဲကို လွှတ်မိသွားပါတယ်။ ရောဂါလက္ခဏာကတော့ သုက်လွှတ်တဲ့ပမာဏ သိသိသာသာ နည်းသွားနိုင်ပါတယ်။

    လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကို တော်တော်များများ ပြောရရှက်ကြပါတယ်။ ဒါပေမယ့် သင့်ဆရာဝန်က ပန်းညိုးခြင်းအကြောင်းနဲ့ တခြားရောဂါလက္ခဏာတွေကို ပွင့်ပွင့်လင်းလင်းပြောပြဖို့အလွန် အရေးကြီးပါတယ်။ ဆီးချိုကို ရိုးရိုးသွေးစစ်ရုံနဲ့ သိနိုင်ပါတယ်။ ပန်းညှိုးရောဂါဖြစ်စေတဲ့ အကြောင်းရင်းကို ရှာဖွေရာခြင်းရာကနေ တခြားမသိသေးတဲ့ ကျန်းမာရေးပြဿနာတွေကိုလည်း တွေ့လာနိုင်ပါတယ်။

    ကိုယ့်အခြေအနေကို ကိုယ်ဘယ်လို စီမံနေထိုင်ရမလဲ ?

    ဆီးလမ်းကြောင်းနဲ့ပတ်သက်တဲ့ရောဂါတွေနဲ့ တခြားသောဆီးချိုကြောင့်ဖြစ်တဲ့ရောဂါတွေကို ကာကွယ်ဖို့ အကောင်းဆုံးကတော့ သင့်သွေးထဲက သကြားဓါတ်ကို ပုံမှန်အခြေအနေမှာ ထိန်းထားနိုင်ဖို့ပါပဲ။ ကုသမှုတွေမှာတော့ ဆေးသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ အစားအသောက်ကို မှန်ကန်စွာစားခြင်းတွေပါဝင်ပါတယ်။ ပန်းညှိုးရောဂါကိုတော့ tadalafil (Cialis)၊ vardenafil (Levitra) နဲ့ sildenafil ( Viagra) စတဲ့ ဆေးတွေနဲ့ ကုသနိုင်ပါတယ်။

    တခြားဆေးနဲ့ ပတ်သက်တဲ့ပြဿနာတွေ မဖြစ်ဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးပါ။

    တချို့အခြေအနေတွေမှာ ဆီးချိုက စိတ်ကျခြင်း၊ စိုးရိမ်ခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါတွေက သင့်ရဲ့ပန်းညှိုးရောဂါအပြင် တခြားရောဂါတွေကိုပါ ပိုဆိုးစေပါတယ်။ တကယ်လို့ သင့်မှာမျှော်လင့်ချက်မဲ့၊ ဝမ်းနည်း၊ စိတ်ပူ၊ စိုးရိမ်နေတဲ့ စိတ်အခြေအနေတွေကို ခံစားနေရပြီဆိုရင် သင့်ဆရာဝန်ကို အမြန်ဆုံးပြောပြပါ။ တကယ်လို့ သင့်မှာ စားသောက်မှုနဲ့အိပ်စက်မှုဆိုင်ရာ အမူအကျင့် အသစ်များေ ပါ်ပေါက်လာရင် ဆရာဝန်ကိုပြောပြပါ။ စိတ်ကို ကုသခြင်းက ခန္ဓါကိုယ်ကို သက်ရောက်နေသော ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်ပါတယ်။

    ဆီးချိုရဲ့ တခြားလက္ခဏာတွေက ဘာတွေလဲ ။

    တချို့လက္ခဏာတွေက အမျိုးသားရော အမျိုးသမီးမှာပါ အတူတူပါပဲ။ ဥပမာ – အရေပြားပြဿနာမျိုးစုံသည် ဆီးချို၏ ပထမဆုံးပေါ်ပေါက်လာတဲ့ လက္ခဏာများထဲက တစ်ခုဖြစ်နိုင်ပါတယ်။

    ဆီးချိုကြောင့် သွေးလည်ပတ်မှုအားနည်းခြင်းက ခြေထောက် အောက်ပိုင်းနဲ့ခြေဖဝါးတွေမှာ ယားယံစေနိုင်ပါတယ်။ ဆီးချိုရှိနေခြင်းက သင့်ကို ဘက်တီးရီးယားနဲ့မှိုပိုးတွေ ကူးစက်လွယ်စေပါတယ်။ အရေပြားကိုထိန်းသိမ်းပြီး လိုအပ်ပါက အရေပြားအထူးကုနဲ့ တွေ့ပါ။

    American Diabetes Associatin ၏ အဆိုအရ အာရုံကြောပျက်စီးမှုက ဆီးချိုရှိသူတစ်ဝက်လောက်မှာ ဖြစ်ပါတယ်။ ဆီးချိုကြောင့် အာရုံကြောချို့ယွင်းမှုကိုတော့ diabetic neuropathy လို့ခေါ်ပါတယ်။ အလိုအလျောက် အာရုံကြောစနစ်ပျက်စီးမှုမှာ သင့်ကိုယ်ရဲ့အခြေခံလုပ်ငန်းစဉ်တွေ ဥပမာ သွေးလည်ပတ်ခြင်း၊ အသက်ရှူခြင်း စတာတွေကို ထိန်းချုပ်တဲ့အာရုံကြောတွေ ထိခိုက်ပျက်စီးပါတယ်။ Pheripheral neuropathyကြောင့် သင်ဟာ ခြေလက်တွေမှာ ထုံကျဉ်ခြင်းနဲ့ နာကျဉ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ တကယ်လို့ သင်က အဲလိုတွေ ခံစားနေရတယ်ဆိုရင် ဆရာဝန်ကို အမြန်ဆုံးအကြောင်းကြားပါ။ စောစောသိ စောစောကုတာက ထိခိုက်မှုကိုလျှော့ချနိုင်ပါတယ်။

    အချုပ်ဆိုရသော်

    အမျိုးသားတွေက အမျိုးသမီးတွေထက် ဆီးချိုအနည်းငယ်ပိုဖြစ်နိုင်ပါတယ်။ ဆီးချိုက ကလေးတွေအပါအဝင် လူတန်းစားတိုင်း ဖြစ်နေပါတယ်။ ဝသောလူများ များပြားလာခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    တကယ်လို့ သင့်သွေးတွင်းသကြားဓါတ် တက်နေမယ်၊ အမျိုးအစား၂ ဆီးချိုဖြစ်နိုင်ချေရှိနေမယ်ဆိုရင်၊ အဲဒါကို သင်ကာကွယ်လို့ရကောင်းရနိုင်ပါသေးတယ်။ ဆီးချိုဖြစ်နေပြီဆိုရင်တောင် သင်ကောင်းကောင်း အသက်ရှင်နေထိုင်နိုင်ပါသေးတယ်။ ကျန်းမာသော အမူအကျင့်များ ကျင့်သုံးပြီး ဆေးမှန်မှန်သောက်ခြင်းဖြင့် ဆီးချိုနောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်စီမံလို့ ရနိုင်ပါ တယ်။

    ကြိုတင်ကာကွယ်ခြင်းကလည်း အရေးပါပါတယ်။ တကယ်လို့ သင်နောက်ဆုံးအကြိမ် သွေးစစ်တာ ဘယ်အချိန်လည်း မမှတ်မိရင် ချက်ချင်းအသစ်ထပ်စစ်ပါ။ တကယ်လို့ သင်က ပန်းညိှုးရောဂါနဲ့ တခြားဆီးချိုကြောင့်ဖြစ်တဲ့ရောဂါလက္ခဏာတွေကို ခံစားနေရပြီဆိုရင် လက်ဦးမှုရအောင်ယူထားပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement