လက်ချောင်းပိုးဝင်ခြင်းဟာ အတွေ့ရများတဲ့ ပြသနာဖြစ်ပါတယ်။ စောသေးရင် ဒီပြသနာဟာ လွယ်ကူစွာ ကုသနိုင်ပါတယ်။ ထိရောက်တဲ့ ကုသမှုမပြုခဲ့ရင်တော့ ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြသနာတွေ ဝင်လာနိုင်ပြီး လက်ချောင်းကို အသုံးမချနိုင်တော့ခြင်း၊ ဆုံးရှု့းခြင်းတွေ ဖြစ်နိုင်ပါတယ်။
ဒီဆောင်းပါးမှာ လက်ချောင်းတွေမှာ ရောဂါပိုးဝင်တာကို ဘယ်လိုကုသရသလဲ ဖော်ပြပေးသွားပါမယ်။
အိမ်တွင်းဆေးဝါးများ
လက်ချောင်းပိုးဝင်ခြင်းဟာ သူ့ဖာသာ ပိုဆိုးသွားနိုင်တာမို့ အိမ်တွင်းကုထုံးများဟာ အကန့်အသတ်တော့ ရှိပါတယ်။ သာမန် လက်သည်းပိုးဝင်တာမျိုးဆိုရင် အိမ်တွင်းဆေးဝါးနဲ့ ကုသနိုင်ပါတယ်။ တရက်ကို ၂ကြိမ်၃ကြိမ် ရေနွေးနွေးထဲမှာ စိမ်ထားမယ်ဆိုရင် ရောင်တာနာတာ လျော့နိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းကို ၂ရက်လောက်လုပ်ပြီး မသက်သာဘူးဆိုရင် ဆရာဝန်ပြသင့်ပါတယ်။ ဆီးချိုရှိနေရင်၊ တခြား ရောဂါပိုးဝင်တာဖြစ်နေရင် တတ်ကျွမ်းနားလည်သူတွေနဲ့ ကုသသင့်ပါတယ်။
ဆေးကုသမှု
လက်ချောင်းရောဂါပိုးဝင်ခြင်းအတွက် ကုသရာမှာ ရောဂါပိုးရဲ့ ပင်မရင်းမြစ်ကို နှိမ်နင်းခြင်းနဲ့ အနာကို ကုသခြင်းဆိုပြီး ပါဝင်ပါတယ်။ အနာကို ကုသတဲ့ နေရာမှာ အမျိုးမျိုး ရှိပါတယ်။ သင့်ဆရာဝန်ဟာ ခပ်သေးသေးခွဲပြီး အရည်တွေစီးထွက်သွားအောင် လုပ်ပါလိမ့်မယ်။ ပိုဆိုးတဲ့အနာတွေမှာ မကောင်းတဲ့ အသားစတွေအားလုံး ခွဲစိတ်ဖယ်ရှားလိုက်ပါလိမ့်မယ်။ ကျန်တဲ့အသားတွေဟာ အနာပြန်ကျက်နိုင်ပါတယ်။
ကုသမှုဟာ ရောဂါပိုးဝင်ခြင်း အမျိုးအစားပေါ် မူတည်ပါတယ်။
လက်သည်းပိုးဝင်ခြင်း
သင့်လက်သည်းမှာ ရောဂါပိုးဝင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီပြသနာအတွက် ဆရာဝန်ဟာ သင့်ကို ပဋိဇီဝဆေးတွေ ညွှန်ပါလိမ့်မယ်။ ပိုဆိုးလာရင် ဖြစ်တဲ့နေရာကို ခွဲစိတ်ပြီး အရည်တွေ စီးထွက်စေ ပါလိမ့်မယ်။ လက်သည်းရဲ့ အစိတ်အပိုင်းတချို့ကို ဖယ်လိုက်ပါလိမ့်မယ်။
မှိုစွဲတာမျိုးဆိုရင်တော့ မှိုစွဲရာမှာ ကုသတဲ့လိမ်းဆေးကို ဖြစ်တဲ့လက်မှာ လိမ်းနိုင်ပါတယ်။
အနာကို ကောင်းကောင်းကျက်အောင် ရေနွေးနွေးထဲမှာ စိမ်ပေးနိုင်ပါတယ်။
လက်ချောင်းအတွင်း ပြည်တည်လှိုက်စားခြင်း
ဒီပြသနာကို ကုသဖို့ ပဋိဇီဝဆေးပေးခြင်း၊ ဖိအားလျော့ပါးစေခြင်း၊ အတွင်းမှ အရည်များ စီးထွက်စေခြင်း စတဲ့နည်းတွေ ပါဝင်ပါတယ်။ အရောင်ဆုံး၊ အကိုက်ခဲဆုံးနေရာကို ခွဲပြီး ပြည်များကို ညှစ်ထုတ်ပါလိမ့်မယ်။ ပြီးရင် ဆရာဝန်ဟာ အိမ်မှာပဲ ကုသနိုင်တဲ့အချက်တွေကို ပြောပါလိမ့်မယ်။
လက်ချောင်းများတွင် ရေယုန်ပိုးဝင်ခြင်း
လက်ချောင်းမှာ ရေယုန်ဖြစ်ရာကနေ ပြည်တည်နာ ဖြစ်နိုင်ပါတယ်။ ရေယုန်ရောဂါဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားပါတယ်။ ဗိုင်းရပ်စ်ပိုး ဆန့်ကျင်ဆေးတွေနဲ့ ကုသပါတယ်။ ဒီပြသနာမှာ ခွဲစိတ်ခြင်းဟာ အနာကျက်ခြင်းကို နှေးစေတာကြောင့် မခွဲရပါဘူး။ Acyclovir လိုဆေးမျိုးဟာ ဒီရောဂါကို သက်သာစေပါတယ်။ ဘက်တီးရီးယားပိုးဝင်နိုင်ခြေကို လျော့ကျစေပြီး ဗိုင်းရပ်စ်ပိုး ပြန့်ပွားနှုန်းကိုလည်း လျော့ကျစေနိုင်ပါတယ်။ ဒါပေမယ့် ရေယုန်ဖြစ်စေတဲ့ Herpes Simlpex Virus ကို ကြိုတင် ကာကွယ်ခြင်း မရှိပါဘူး။
ရောင်ရမ်းခြင်း
နီရဲပြီး ရောင်ရမ်းနေခြင်း ဖြစ်တတ်ပါတယ်။ ဆရာဝန်ဟာ ပဋိဇီဝသောက်ဆေးတွေ ပေးပါလိမ့်မယ်။ အများအားဖြင့် ရက်ငတ္တပတ်အနည်းငယ်နဲ့ ပျောက်နိုင်ပါတယ်။ သောက်ဆေးနဲ့မသက်သာဘဲ အဖျားတက်လာရင်တော့ ပဋိဇီဝဆေးကို သွေးပြန်ကြောကတဆင့် ပေးပါလိမ့်မယ်။ ဖြစ်တဲ့နေရာကို မြှင့်ထားတာ ပျောက်ကင်းတာ မြန်စေပါတယ်။
ကွေးရန်သုံးသည့် လက်ချောင်း၏ ကြွက်သားအရွတ်တွင်း ပိုးဝင်ရောင်ရမ်းခြင်း
ဒီကိစ္စဟာ ဆိုးရွားတာမို့ လျင်မြန်စွာ ကုသဖို့ လိုအပ်ပါတယ်။ ခွဲဖို့လိုပါတယ်။ ခွဲစိတ်အပြီးမှာလည်း ပဋိဇီဝဆေးတွေကို သွေးပြန်ကြောကတဆင့် ပေးပါလိမ့်မယ်။ သင့်လက်ချောင်း ပြန်သက်သာလာဖို့ ရက်ပေါင်းများစွာတော့ အချိန်ယူရပါမယ်။
အတွင်းပိုင်းကျကျ ပိုးဝင်ခြင်း
သာမန်ဆိုရင်တော့ ပဋိဇီဝသောက်ဆေးအနေနဲ့ သောက်နိုင်ပါတယ်။ ပိုဆိုးလာရင် ခွဲဖို့လိုပါတယ်။ ပြီးရင် ပဋိဇီဝထိုးဆေးတွေကို သွေးပြန်ကြောကတဆင့် ပေးပါလိမ့်မယ်။
သင့်လက်ချောင်းများဟာ ဘက်တီးရီးယားကြောင့် ပိုးဝင်နိုင်ပါတယ်။ သာမန် လက်သည်းပိုး ဝင်တာလောက်ဆိုရင် အိမ်တွင်းကုသမှုတွေနဲ့ အဆင်ပြေပါတယ်။ ပိုဆိုးတဲ့ပြသနာတွေ ဖြစ်မလာအောင်တော့ ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ လက်ချောင်းမှာ ပိုးဝင်ခြင်းအတွက် ကုသပုံတွေဟာ ကွဲပြားတာကြောင့် ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့ လိုအပ်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။