ဒီဆေးရည်ကို ဆရာဝန်ရဲ့ ခွင့်ပြုချက်ဖြင့်သာ ထိုးသွင်းသင့်ပါတယ်။ အပြင်ဆေးဆိုင်တွေမှာလည်း ဆေးရောင်းတာမျိုး သိပ်မရှိသလို ကိုယ့်သဘောနဲ့ ကိုယ်ထိုးတာမျိုးလည်း မလုပ်သင့်ပါဘူး။ ကျားဟော်မုန်း တော်တော့်ကို နည်းလွန်းနေတဲ့ အခြေအနေ၊ ဒါမှမဟုတ် အသက် ၄၀ နောက်ပိုင်း အသက်ကြီးတဲ့ အရွယ် အမျိုးသားတွေကိုသာ ဆရာဝန်က ဒီဆေးရည်ထိုးသွင်းဖို့ အကြံပေးပါလိမ့်မယ်။
ဆေးရည်ထိုးသွင်းခြင်းမပြုခင်မှာ ဆရာဝန်အနေနဲ့ လူနာရဲ့ သွေးနီဆဲလ်အရေအတွက်ကိုလည်း စစ်ပါလိမ့်မယ်။ အကြောင်းရင်းကတော့ ဒီကျားဟော်မုန်း တိုးစေတဲ့ ဆေးရည်ထိုးသွင်းတဲ့အခါ လူနာအနေနဲ့ ပုံမှန်ထက် သွေးနီဆဲလ်အရေအတွက် များသွားနိုင်တာကြောင့် ကိုယ်ခန္ဓာအတွက် တခြားဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မဖြစ်စေဖို့ စစ်ဆေးရတာပဲဖြစ်ပါတယ်။
ဆရာဝန်က ဆေးထိုးတော့မယ်ဆိုရင် တင်ပါးမှာရှိတဲ့ တင်ပါးကြွက်သားအတွင်းကို ထိုးသွင်းတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဆရာဝန်ဆေးပေးလိုက်ပြီး ကိုယ့်ဘာသာအိမ်မှာ ထိုးမယ်ဆိုရင်တော့ ပေါင်မှာရှိတဲ့ ကြွက်သားတွေကို ကိုယ်တိုင်ဆေးရည်ထိုးသွင်းတာမျိုးတွေလည်း ရှိပါတယ်။
ဒီဆေးရည်ကို ထိုးသွင်းနေစဉ်နဲ့ ထိုးသွင်းပြီး နာရီဝက်အတွင်းမှာ လူနာအနေနဲ့ အသက်ရှူကျပ်တဲ့ ပြဿနာတွေ၊ ဓာတ်မတည့်တဲ့ လက္ခဏာတော်တော်များများကို ပြတတ်ပါတယ်။ ဒါကြောင့် လူနာအနေနဲ့ ဆေးရည်ထိုးသွင်းပြီးတာနဲ့ ဆေးရုံမှာ ခဏအနားယူဖို့လိုအပ်ပြီး ချက်ချင်းထပြန်တာမျိုးတော့ လုပ်လို့မရပါဘူး။ ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်ပေးသူက အဆင်ပြေပြီလို့ သတ်မှတ်လို့ရတဲ့ အနေအထားရောက်မှသာ လူနာကို ပြန်လွှတ်ပေးမှာဖြစ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်တဲ့ လက္ခဏာတွေကတော့
- လည်ချောင်းထဲမှာ ကျပ်ပြီး အသက်ရှူမဝသလို ခံစားရခြင်း
- အစာ၊ ရေ မျိုချလို့မရခြင်း
- အသက်ရှူကျပ်ခြင်း
- အသက်ရှူရင် တရွှီရွှီမြည်နေခြင်း
- ရင်ဘတ်က အောင့်နေခြင်း
- ခေါင်းမူးဝေနေခြင်း
- အော့အန်ခြင်း
- ချွေးစေပြန်ခြင်း
- အနီဖု၊ အင်ပျဉ်ထခြင်း
- ခန္ဓာကိုယ်အနှံ့ ယားယံခြင်းတို့ ဖြစ်ပြီး ဒီလက္ခဏာတွေကို ကိုယ်ပြသနေတဲ့ ဆရာဝန်နဲ့ သေချာ ပွင့်ပွင့်လင်းလင်း ပြောပြထားဖို့ လိုအပ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။