backup og meta

ကိုယ့်ငယ်ပါက သေးလိုက်တာဆိုပြီး အမြဲတွေးပူနေတဲ့သူတွေရှိလား (Small Penis Syndrome)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 24/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ငယ်ပါက သေးလိုက်တာဆိုပြီး အမြဲတွေးပူနေတဲ့သူတွေရှိလား (Small Penis Syndrome)

    ကိုယ့်ငယ်ပါက သေးလိုက်တာဆိုပြီး အမြဲတွေးပူနေတဲ့သူတွေရှိလား (Small Penis Syndrome) စိတ်ပညာအရ ဒီပြဿနာကို Small Penis Syndrome သို့မဟုတ် Penile Dysmorphic Disorder (PDD) လို့ ခေါ်ပါတယ်။

    ကိုယ့်ငယ်ပါက သေးလိုက်တာဆိုပြီး အမြဲတွေးပူနေတဲ့သူတွေရှိလား (Small Penis Syndrome)

    ကိုယ့်ငယ်ပါက သေးလိုက်တာဆိုပြီး အမြဲတွေးပူနေတဲ့သူတွေရှိလား (Small Penis Syndrome) အကြောင်းလေး လေ့လာလိုက်ပါဦးနော်။

    PDD သည် အမျိုးသားတွေမှာ ရှိတဲ့ စိုးရိမ်ပူပန်ခြင်း စိတ်ဝေဒနာပါ။ ကိုယ့်ရဲ့ လိင်အင်္ဂါက ပုံမှန်အရွယ်အစားထက် သေးနေခြင်း (၃လက်မနဲ့ အောက်) မရှိဘဲ ပုံမှန်အရွယ်အစားရှိနေပါလျက်နဲ့ ကိုယ့်ကိုယ်ကိုယ် သေးနေတယ်လို့ မြင်သလို ကိုယ့်ရဲ့ အဖော်က လိင်အင်္ဂါအရွယ်အစားနဲ့ပတ်သက်ပြီး ကိုယ့်အပေါ် စိတ်တိုင်းမကျမှာကို တွေးကြောက်နေတတ်တဲ့ စိတ်ဝေဒနာဆိုလည်း မမှားပါဘူး။

    • အမျိုးသားဦးရေ ဘယ်လောက်မှာ PDD လက္ခဏာရှိနေလဲ။

    သင်ထင်ထားတာထက်ပိုပြီး အမျိုးသားတွေဟာ ကိုယ့်ရဲ့ လိင်တံအရွယ်အစားကို အားမလိုအားမရဖြစ်ခြင်း၊ စိတ်တိုင်းကျ ကျေနပ်မှုမရှိတာတွေ တွေ့ရတတ်ပါတယ်။ အဲ့တော့ အရေအတွက်နဲ့ တွက်ပြရမယ်ဆိုရင် အမျိုးသားဦးရေ စုစုပေါင်းရဲ့ တစ်ဝက်လောက်မှာ ဒီလို စိတ်ဝေဒနာလက္ခဏာမျိုး တွေ့ရနိုင်ပါတယ်။

    • ဘယ်လိုအချက်တွေက PDD ဖြစ်အောင် တွန်းပို့ပေးနေလဲ။

    အပြာရုပ်ရှင်အလွန်အကျူးကြည့်ခြင်းဟာ ဒီလိုစိတ်မလုံခြုံတဲ့ ခံစားချက်မျိုးဝင်လာအောင် အလှုံ့ဆော်ပေးနိုင်ဆုံး အကြောင်းပြချက်ပါပဲ။ အပြာရုပ်ရှင်ကို ယောက်ကျားလေးအများစုက စွဲစွဲလမ်းလမ်းကို ကြည့်တတ်ကြပါတယ်။ ဒီလိုအပြာရုပ်ရှင်ရိုက်တဲ့ မင်းသားအများစုဟာ သဘာဝအတိုင်း လိင်အင်္ဂါကြီးထွားနေတာလည်း ရှိသလို ဆေးဝါးအကူအညီနဲ့ ကြီးနေတာတွေလည်း ရှိပါတယ်။ ဒီလိုအပြာကားတွေ အမြဲလိုလိုကြည့်တတ်တဲ့အခါ ကိုယ့်ရဲ့ ပစ္စည်းက ရုပ်ရှင်တွေထဲက မင်းသားတွေလောက် ကြီးမနေဘူးလို့ ခံစားလာရပါတယ်။ အဲ့လိုကနေ ဆက်စပ်ပြီး စိုးရိမ်ပူပန်တာ၊ အလိုမကျတာ၊ စိတ်တိုင်းမကျတာတွေပါ ဆက်တိုက်ဆိုသလို ဝင်လာရင်းကနေ ဒီအတွေးက ခေါင်းထဲမှာ အမြဲကြီးစိုးသွားတဲ့ အခြေအနေထိကို ရောက်သွားနိုင်ပါတယ်။

    PDD ရှိတဲ့အမျိုးသားတွေမှာ ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။

    • ကိုယ့်ရဲ့ လိင်အင်္ဂါအရွယ်အစားကို တခြားသူတွေ (အထူးသဖြင့် အပြာရုပ်ရှင်ထဲမှ သရုပ်ဆောင်တွေ) နဲ့ နှိုင်းယှဉ်တာ

    • ကိုယ့်ရဲ့ အင်္ဂါအပေါ် တခြားသူတွေ ဘယ်လိုမြင်မြင် ကိုယ့်မျက်လုံးထဲမှာတော့ သေးနေတယ်လို့ပဲ တစ်ထစ်ချမှတ်ယူထားတာ

    • အပြာရုပ်ရှင်တွေအပေါ် စွဲလမ်းမှုကြောင့် ပုံမှန်ယောက်ျားတစ်ယောက်မှာ ရှိသင့်တဲ့ လိင်တံအရွယ်အစားသည် ကိုယ့်မှာရှိတဲ့ အရွယ်အစားထက် အများကြီး ကြီးနေရမယ်လို့ ခံယူထားတာ

    • လိင်တံအရွယ်အစားအပေါ် စိုးရိမ်စိတ်က အမြဲစိတ်ထဲမှာကိန်းအောင်းနေတာ

    • ဒီအရွယ်အစားပေါ် တခြားသူတွေ ဘယ်လိုမြင်မလဲဆိုတာနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ သိမ်ငယ်နေတာ၊ ရှက်ရွံ့နေတာ

    • တခြားသူတွေနဲ့ သို့မဟုတ် ကိုယ်ချစ်ရတဲ့သူနဲ့ လိင်ဆက်ဆံဖို့ကို မရဲတာ

    • ဒီစိုးရိမ်စိတ်ကြောင့် ကိုယ့်ရဲ့ လိင်တံထောင်မတ်နိုင်စွမ်းနဲ့ လိင်စိတ်ဆန္ဒပြီးမြောက်ခြင်းအပေါ် အဟန့်အတားဖြစ်တာ အစရှိတဲ့ အမူအကျင့်လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။

    ပုံမှန်လိင်တံအရွယ်အစားသည် ဘယ်လောက်ရှိလဲ၊ ဘယ်လောက်ကို သေးတယ်လို့ သတ်မှတ်လို့ရလဲ။

    အမျိုးသားတစ်ယောက်ရဲ့ လိင်တံအရွယ်အစားကို ထောင်မတ်နေချိန်မှာသာ တိုင်းတာလို့ရပါတယ်။ ထောင်မတ်နေချိန်မှာ ၅လက်မရှိတဲ့ လိင်အင်္ဂါသည် ပုံမှန်အရွယ်အစားလို့ သတ်မှတ်လို့ရပါတယ်။ အလွန်သေးငယ်တဲ့ အရွယ်အစား (တစ်နည်းအားဖြင့် ၃လက်မအောက် သေးတဲ့ လိင်အင်္ဂါ) ကို ပုံမှန်ထက်သေးတဲ့ ပဲမြစ် (Micropenis) လို့ခေါ်ပါတယ်။ ပဲမြစ်အရွယ်အစားရှိတဲ့ အမျိုးသားတွေသာ ကိုယ့်ရဲ့ လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး ဟော်မုန်းကုသမှုခံယူတာမျိုးတွေ လုပ်သင့်ပါတယ်။

    အမျိုးသမီးတွေကရော လိင်တံအရွယ်အစားအပေါ် ဘယ်လိုမြင်ကြလဲ။

    ၈၀ ရာခိုင်နှုန်းသော အမျိုးသမီးဦးရေသည် လိင်တံအရွယ်အစားနဲ့ပတ်သက်ပြီး ဝေဖန်ခြင်း၊ အထင်သေးခြင်း မရှိဘဲ လိင်တံထောင်မတ်နိုင်ခြင်း၊ သုက်ထိန်းနိုင်ခြင်း၊ သက်လုံကောင်းခြင်း၊ ကာမသုခအပြည့်အဝ ပေးစွမ်းနိုင်ခြင်းကိုသာ ဂရုစိုက်တတ်ကြတာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့် PDD ဆိုတဲ့ စိတ်ဝေဒနာဟာ အမျိုးသားတွေရဲ့ စိတ်ထဲမှာကိုက ကိုယ့်ဘာသာ သိမ်ငယ်စိတ်တွေ၊ ရှက်ရွံ့စိတ်နဲ့ အားမလိုအားမရ ဖြစ်တဲ့ စိတ်တွေ ဝင်လာတာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

    (Small Penis Syndrome )PDD ကို ကုသလို့ရလား။

    ဒီပြဿနာက သိမ်ငယ်စိတ်၊ အားငယ်စိတ်ကနေ အစပြုလာတဲ့ စိုးရိမ်ပူပန်ခြင်းလက္ခဏာဖြစ်ပြီး စိတ်ရောဂါလို့ ခေါင်းစဉ်တပ်ရလောက်တဲ့အထိတော့ မပြင်းထန်ပါဘူး။ စိတ်ရောဂါကုထုံးပညာရှင်နဲ့ သေချာတိုင်ပင်ဆွေးနွေးကြည့်ခြင်းဖြင့် ကုသလို့ရသလို ကိုယ့်စိတ်ကို ကိုယ့်ဘာသာပြင်လို့လည်း ရပါတယ်။

    စိတ်ရောဂါကုထုံးအရ

    • ပုံမှန်မဟုတ်တဲ့ ကိုယ့်ရဲ့အတွေးတွေက ကိုယ့်ရဲ့ စိတ်ခံစားချက်နဲ့ အပြုအမူတွေကို ဘယ်လိုမကောင်းတဲ့ သက်ရောက်မှုမျိုး ဖြစ်စေလဲဆိုတာ နားလည်စေတဲ့ CBT ကုထုံး

    • ဘယ်အရာတွေကြောင့် အမျိုးသားတွေမှာ ဒီလိုစိုးရိမ်ပူပန်ခြင်း လက္ခဏာအစပျိုးလာစေလဲဆိုတာ သတ်မှတ်ပေးပြီး ဒီအမူအကျင့်တွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်စေဖို့ စိတ်ကုထုံး

    • လိင်မှုဘဝနှင့် အိမ်ထောင်ရေးရာ အကြံပေးဆွေးနွေးခြင်း

    • ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက သတ်မှတ်ထားတဲ့ အမျိုးသားတစ်ယောက်ရဲ့ လိင်အင်္ဂါအရွယ်အစား၊ ကြီးထွားမှုနှုန်း စံသတ်မှတ်ချက်တွေအကြောင်းကို ပြောပြခြင်း စတဲ့ကုထုံးတွေနဲ့ ဆွေးနွေးတိုင်ပင်လို့ရပါတယ်။

    ဒီပြဿနာကို တခြားတစ်ယောက်နဲ့ ဖွင့်ပြောရမှာရှက်တယ်၊ စိတ်မလုံသလို ခံစားရရင် ကိုယ်တိုင် ခံစားနေရတဲ့ ဝေဒနာကို ပျောက်သွားစေဖို့ ဒီနည်းလမ်းတွေနဲ့ လုပ်ကြည့်လို့ရပါတယ်။

    • အပြာရုပ်ရှင်တွေကို လျှော့ကြည့်ခြင်း

    • ရုပ်ရှင်ထဲကအတိုင်း အပြင်လောကသည် ထပ်တူမကျနိုင်ကြောင်း နားလည်လက်ခံခြင်း

    • အားကစား၊ လေ့ကျင့်ခန်းလုပ်ခြင်း

    • ယောဂကျင့်ခြင်းဖြင့် စိတ်ထဲက ပူလောင်မှုသောကတွေကို ပြေငြိမ်းစေခြင်း

    • ကိုယ့်ဇနီး၊ ချစ်သူ၊ လိင်ဆက်ဆံဖော်ကို ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ အတွေးတွေကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး တိုင်ပင်ဖြေရှင်းခြင်း

    • တကယ်တမ်း လိင်အင်္ဂါအရွယ်အစားထက်စာရင် သက်လုံကောင်းခြင်း၊ သုက်ထိန်းနိုင်ခြင်း၊ မျိုးအောင်နိုင်ခြင်းကသာ ၂ဦးလုံးရဲ့ ကာမသုခပြည့်ဝစေနိုင်တဲ့အကြောင်းကို နားလည်လက်ခံခြင်း

    • မိမိကိုယ်ကိုယ် အရှိအတိုင်း လက်ခံခြင်းဖြင့် စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ သိမ်ငယ်ခြင်းတွေကို ကျော်လွှားခြင်းဖြင့် ဖြေရှင်းကြည့်လို့ရပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 24/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement