- လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ပိုသိလာနိုင်မယ်။
လိင်ပညာပေးကို အိမ်မှာ မိဘတွေက သင်ပေးမယ်။ ကျောင်းမှာ ဆရာတွေက သင်ပေးမယ်ဆိုရင် ပိုပြီး အကျိုးရှိမှာပါ။ တားဆေးတွေအကြောင်း၊ ကွန်ဒုံးတွေ အကြောင်း၊ လိင်ဆက်ဆံဖို့ အဆင်သင့်မဖြစ်သေးရင် ဘယ်အချိန်မှာမဆို ငြင်းပယ်နိုင်ကြောင်း သင်ပေးထားတဲ့အခါ လူငယ်တွေကို သူတို့ဘဝတစ်လျှောက်လုံး လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေဆီကနေ ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။
ဥပမာ ပြောရရင် Sex education ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အရွယ်မတိုင်ခင် လိင်ဆက်ဆံတာကို တားမြစ်နိုင်မယ်ဆိုရင် HIVတွေ၊ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ၊ သက်ငယ်ကိုယ်ဝန်တွေကို ၁၀၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်မှာပါ။ လိင်ပညာပေး နည်းလမ်းတွေ အများကြီး ရှိပြီး နည်းလမ်းတိုင်းက ကလေးတွေကို အရွယ်မတိုင်ခင် လိင်ဆက်ဆံတာကို နောက်ကျစေပါတယ်။
- ကိုယ့်ပါတနာနဲ့ ဆက်ဆံရေးက သင့်တော်လား၊ မသင့်တော်လား သိလာနိုင်တယ်။
ကိုယ့်ပါတနာနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရဖို့ဆိုတာ လူငယ်တွေ ထင်ထားတာထက် အများကြီး ပညာသားပါပါတယ်။ နှစ်ယောက်ကြားက ဆက်ဆံရေး တည်ဆောက်တာတွေ၊ ပြဿနာဖြစ်ရင် ဖြေရှင်းဖို့ နည်းလမ်းတွေ၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ပေးရတာတွေ၊ နောက်ဆုံး လိင်ဆက်ဆံမှု သဘောထားတွေအထိ ပါဝင်ပါတယ်။ ဒါတွေကို သိမထားဘူးဆိုရင် နှစ်ယောက်ကြားမှာ အကြမ်းဖက်မှုတွေ ဖြစ်လာမှာပါ။
စစ်တမ်းတွေအရ အထက်တန်း ကျောင်းသူ ၁၀ယောက်မှာ ၁ယောက်က ပါတနာဆီကနေ အကြမ်းဖက်မှုခံရတယ်လို့ ဆိုပါတယ်။ ဒါကို မထိန်းနိုင်ရင် အိမ်ထောင်ကျတဲ့အခါ အိမ်တွင်းအကြမ်းဖက်မှုတွေအထိ ဖြစ်သွားမှာပါ။ Sex educationက ဒီ relationshipက ကိုယ်နဲ့ သင့်တော်လား မသင့်တော်ဘူးလား။ နှစ်ဦး နှစ်ဖက်ဘယ်လို ညှိနှိုင်းမလဲ။ မကောင်းဘူးဆိုရင် ဘယ်လို အဆင်ပြေပြေနဲ့ အဆုံးသတ်ကြမလဲ စတာတွေအထိ ပါဝင်ပါတယ်။
- ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာမယ်။
လိင်ပညာပေးဆိုတာ ကြီးကောင်ဝင်ချိန်၊ လိင်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကိုပဲ သင်ပေးတာ မဟုတ်ပါဘူး။ လူငယ်တွေကို သူတို့မကြိုက်တဲ့ လိင်ပိုင်းဆိုင်ရာအပြုအမူတွေကိုပါ ငြင်းဆိုပိုင်ခွင့်ကိုပါ သင်ပေးထားတာပါ။ ကိုယ်သဘောမတူရင် ဘယ်သူမှ ဘာမှ မလုပ်နိုင်တဲ့ အခွင့်အရေး၊ သူများသဘောမတူရင် ကိုယ်က ဘာမှ မလုပ်သင့်တဲ့ လေးစားမှုမျိုးကို သင်ပေးတာပါ။
- တခြားသူတွေရဲ့ လိင်ပိုင်းဆိုင်ရာ အခွင့်အရေးတွေကိုလည်း လေးစားတတ်လာမယ်။
အထက်တန်းကျောင်းသားတွေရဲ့ ၈ရာခိုင်နှုန်းလောက်က အလိုမတူဘဲ လိင်ဆက်ဆံခံရပါတယ်။ ၁၀ယောက်မှာ ၁ယောက်က သူများကို အဓမ္မသွားလုပ်ပါတယ်တဲ့။ Sex educationက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အကြောင်း၊ ဒါမျိုးကို မလုပ်သင့်ကြောင်း၊ အကြမ်းဖက်ခံရရင် ဘယ်လို အကူအညီရယူသင့်ကြောင်း သင်ပေးပါတယ်။
- လိင်ပိုင်းဆိုင်ရာ ခွဲခြားမှု မရှိဘဲ လူတိုင်းကို လေးစား တန်ဖိုးထားတတ်လာမယ်။
ဒီနှစ်ပိုင်းတွေမှာ LGBTတွေနဲ့ ပတ်သတ်ပြီး ပွင့်လင်းလာကြပါပြီ။ ဒါတောင် တချို့နေရာတွေမှာ ခွဲခြားဆက်ဆံတာ၊ အနိုင်ကျင့်တာတွေ ရှိတုန်းပါပဲ။ LGBT ကျောင်းသားတွေမှာ ၈၂ ရာခိုင်နှုန်းက ခွဲခြားဆက်ဆံခံရပြီး ၃၈ရာခိုင်နှုန်းက ကိုယ်ထိလက်ရောက် စော်ကားခံရပါတယ်။ Sex educationက လူတစ်ယောက်ရဲ့ လိင်စိတ်ခံယူမှုကို လေးစားတတ်ဖို့၊ လိင်စိတ်က လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို သက်ရောက်မှုမရှိဘူးဆိုတာ သိဖို့ သင်ကြားပေးပါတယ်။
- သူတို့ရဲ့ ဘဝတက်လမ်းကို ကာကွယ်ပေးပါတယ်။
အရွယ်မတိုင်ခင် လိင်ဆက်ဆံတာ၊ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်တာက သူတို့ဘဝ တိုးတက်ရေးကို အနှောင့်အယှက်ဖြစ်ပါတယ်။ CDCရဲ့ အဆိုအရ ကူးစက်ရောဂါတွေ ရနိုင်တဲ့ လိင်ဆက်ဆံမှု ပုံစံရှိတဲ့ ကျောင်းသားတွေက မရှိတဲ့ ကျောင်းသားတွေလောက် ပညာရေးမှာ ထူးချွန်မှု မရှိပါဘူးတဲ့။ HIV အပါအဝင် လိင်က တစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ၊ သက်ငယ်ကိုယ်ဝန်တွေက ပညာရေးကို ထိခိုက်စေပါတယ်။ ဒါတွေ မဖြစ်အောင် Sex educationက ထိန်းကြောင်းပေးနိုင်ပါတယ်။
ဒါတွေကတော့ Sex education ကို သင်ရတဲ့ အကြောင်းတွေပေါ့။ ဒါတွေကို ကြည့်ရင် လိင်အကြောင်းသီးသန့်သင်ပေးတာထက် အများကြီး ပိုတယ်ဆိုတာ သိရမှာပါ။ မသိတဲ့သူက စမ်းတဝါးဝါးနဲ့ တည့်တည့် တိုးမိမှာပါ။ အကျိုးအပြစ်ကို သိတဲ့သူကတော့ ပညာသား ပါပါနဲ့ ရှောင်သွားနိုင်မှာပါ။ Sex educationက ဒါတွေကို ရည်ရွယ်တာပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။