ကိုယ်ဝန်မရအောင် ဘယ်လိုတားကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ခုခေတ်ဟာ ပွင့်လင်းပြီးလွတ်လပ်လာတာနဲ့အညီ လက်မထပ်ခင်အတူနေကြတဲ့ ယဉ်ကျေးမှုဟာလည်း ပိုပြီးထွန်းကားလာနေပါတယ်။ ဒီလိုအတူနေတာကို အရှေ့တိုင်းယဉ်ကျေးမှုအရ လက်မခံလိုသူတွေရှိသလို လက်ခံသူတွေလဲ အများကြီးရှိလာနေပါတယ်။ အတူနေခြင်း မနေခြင်းဟာ အရွယ်ရောက်ပြီး လွတ်လပ်တဲ့ သူနှစ်ဦးအဖို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် ဖြစ်လာတဲ့နောက်ဆက်တွဲတွေကိုလဲ မပြုလုပ်ခင်ကတည်းက ကြိုတင်စဉ်းစားတိုင်ပင်ဆွေးနွေးထားကြဖို့လိုပါတယ်။

အရေးအကြီးဆုံးကတော့ မလိုချင်သေးဘဲ ကိုယ်ဝန်မတော်တဆမရဖို့နဲ့ ကူးစက်ရောဂါမရဖို့ပါပဲ။ အတူအရင်နေလိုက်မယ်၊ ပြီးတော့မှ အရေးပေါ်ဆေးတိုက်လိုက်မယ်ဆိုတာ ပြည့်စုံမှန်ကန်တဲ့ တာဝန်ယူမှုမဟုတ်ပါဘူး။ အဲဒီအစား သင့်တော်မှန်ကန်တဲ့ သားဆက်ခြားနည်းတွေဟာ ဘာတွေရှိပြီး ကိုယ်နဲ့ ဘာတွေက ကိုက်ညီတယ်ဆိုတာကို အမျိုးသားရော အမျိုးသမီးကပါ သိရှိပြီး လိုက်နာကြတာ အများကြီးပိုအကျိူးရှိပါတယ်။

စနစ်တကိုယ်ဝန်တားနည်းကို မသိလို့ ကိုယ်ဝန်ရှိပြီးမှ ဖျက်ချတဲ့အခါ ပိုးဝင်ပြီး သွေးဆိပ်တက်တာ၊ ခွဲစိတ်ခန်းဝင်ရတာအပြင် သေဆုံးတာတွေအထိ ဖြစ်တတ်ပါတယ်။ နောက်ထပ်အရေးကြီးတာတစ်ခုက လက်ထပ်လိုစိတ်မရှိတဲ့ အမျိူးသားကို အချုပ်နှောင်တစ်ခုဖြစ်စေဖို့ တစ်ဖက်သတ်ကိုယ်ဝန်ယူခြင်းဟာလည်း ဆိုးကျိုးတွေကိုသာဖြစ်စေပါတယ်။ ဒါကြောင့် အတူမနေခင်ကတည်းက သင့်တော်တဲ့ သားဆက်ခြားနည်းကို စနစ်တကျရွေးချယ်လိုက်နာဖို့ အင်မတန်အရေးကြီးပါတယ်။

(၁) ကွန်ဒုံး

စနစ်တကျသာသုံးမယ်ဆိုရင် ကွန်ဒုံးဟာ ကိုယ်ဝန်မရနိုင်အောင် ကိုးဆယ့်ကိုးရာခိုင်နှူန်းအထိ တားဆီးပေးပါတယ်။ ဒါ့အပြင် အကောင်းမွန်ဆုံး အကျိုးရလာဒ်ကတော့ HIV ကာလသား နဲ့ ဆစ်ဖလစ် အပြင်ဘီပိုး စီပိုး စတဲ့ ကူးစက်ရောဂါတွေကိုပါ ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တာပါပဲ။ စျေးနှူန်းအားဖြင့်လဲ သက်သာတဲ့အပြင် convenience store လို သာမန် စတိုးဆိုင်မျိုးမှာတင် အလွယ်ဝယ်လို့ရတာမို့ အသုံးသင့်ဆုံးသားဆက်ခြားနည်းဖြစ်ပါတယ်။ အနံ့အစုံရတဲ့အပြင် အခုအခါမှာ အလွန်ကိုပါးလွှာတဲ့ အနေအထားအထိရှိတဲ့ ကွန်ဒုံးတွေပေါ်နေပြီမို့ အရွေးသင့်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ တခြားသားဆက်ခြားနည်းကို သုံးပြီး အထိတ်ထိတ်အလန့်လန့်နဲ့ ခြောက်လပြည့်တော့မှ သွေးစစ်ရတာထက်စာရင် ကွန်ဒုံးသုံးတာက အများကြီး ရင်ပူသက်သာစေပါလိမ့်မယ်။ ခုအခါမှာ အမျိူးသားသုံးတင်မက အမျိုးသမီးသုံး ကွန်ဒုံးတွေပါရနေပြီဖြစ်ပါတယ်။

(၂) ဟော်မုန်းဓာတ်ပါတဲ့ တားဆေးများ

COC လို့ခေါ်တဲ့ ဟော်မုန်းဓာတ်နှစ်မျိုးပါ တားဆေး သောက်ဆေးအမျိုးအစားနဲ့ ပရိုဂျက်စတင် ဟော်မုန်းတစ်မျိုးတည်းပါတဲ့သောက်ဆေးရယ်လို့ နှစ်မျိုးနှစ်စားရှိပြီး နှစ်မျိူးလုံးက တစ်ရက်တစ်လုံးသောက်ရပါတယ်။ အချိန်မှန်ဖို့အရမ်းအရေးကြီးပါတယ်။ ကိုယ်က သတိမေ့တတ်သူဆိုရင် ကိုယ့်ရဲ့ မိုဘိုင်းဖုန်းနဲ့ဖြစ်ဖြစ် နှိုးစက်ပေးအချိန်အတိအကျသတ်မှတ်ပြီးသောက်တာ ပိုကောင်းပါတယ်။ မနက်ပိုင်းဆိုရင် မနက်ပိုင်း၊ ညပိုင်းဆိုရင် ညပိုင်း မှန်မှန်သောက်ဖို့လိုပါတယ်။ ဒီလိုသာသောက်မယ်ဆိုရင် ကိုးဆယ့်ကိုးရာခိုင်နှုန်းအထိ ကိုယ်ဝန်မရအောင် ကာကွယ်နိုင်စွမ်းရှိပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါရှိသူတွေ၊ အဝလွန်သူတွေကတော့ ရေရှည်မသောက်သင့်ပါဘူး။

(၃) Depo ထိုးဆေး 

သုံးလခံထိုးဆေးလို့အလွယ်ခေါ်ပေမယ့် ဆယ့်နှစ်ပတ်ခံထိုးဆေးဖြစ်ပါတယ်။ ဆယ့်နှစ်ပတ်ပြည့်ရင် တစ်ကြိမ်ပြန်ထိုးရပါတယ်။ နီးစပ်ရာဆေးရုံဆေးခန်းတွေမှာ အလွယ်ထိုးလို့ရပြီး စျေးနှုန်းလဲ သက်သာပါတယ်။ ရာသီထိန်တာ၊ ရာသီမမှန်တာမျိူးဖြစ်တတ်ပါတယ်။ တကယ်လို့ သုံးလခံဆေးထိုးပြီးမှ ရာသီတောက်လျှောက် တစ်လလုံးပေါ်နေတာမျိုးဖြစ်ရင်တော့ နောက်ဆက်တွဲအနေနဲ့သွေးအားနည်းတာမျိုးဖြစ်နိုင်လို့ သတိထားသင့်ပါတယ်။

(၄) သားအိမ်ထဲထည့်ပစ္စည်း 

ငါးနှစ်ကနေ ဆယ်နှစ်ခံတာမို့ ရေရှည်ကိုယ်ဝန်တားချင်တဲ့ သူတွေအတွက် ပိုသင့်တော်ပါတယ်။ ကြိုးစလေးဟာ မွေးလမ်းကြောင်းမှာရှိနေပေမယ့် လိင်ဆက်ဆံခြင်းကိုထိခိုက်မှာမစိုးရိမ်ရပါဘူး။ တခါတရံမှာတော့ အလိုအလျောက်ထွက်သွားတာမျိုးဖြစ်တတ်လို့ မွေးလမ်းကြောင်းထဲမှာ ကြိုးစရှိနေမနေ လစဉ်စမ်းသပ်ပေးဖို့လိုပါတယ်။ သားအိမ်အပြင်ဖက် သန္ဓေတည်ဖူးသူတွေ၊ ရာသီလာစဉ်အပြင်းအထန်ကိုက်ခဲတတ်သူတွေထည့်ဖို့တော့ မသင့်တော်ပါဘူး။

 (၅) လက်မောင်းထဲထည့်ပစ္စည်း

 ဟော်မုန်းဓာတ်ပါဝင်တဲ့ ပစ္စည်းဖြစ်ပြီး ထုံဆေးနဲ့ လက်မောင်းအတွင်း ထည့်ပေးတာဖြစ်ပါတယ်။ ဒီတိုင်းအပြင်ကကြည့်ရင်မသိသာဘဲ လက်နဲ့စမ်းကြည့်မှသာထည့်ထားမှန်းသိနိုင်မှာပါ။ ဟော်မုန်းပါတာမို့ ရာသီမမှန်တာ၊ ကိုယ်အလေးချိန်တိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။

 (၆) အရေးပေါ်သောက်ဆေး 

နာမည်အတိုင်းပဲ အရေးပေါ်အနေနဲ့မှ သောက်သင့်တာဖြစ်ပြီး ပုံမှန်တားဆေးအနေနဲ့ သုံးဖို့လုံးဝမသင့်တော်ပါဘူး။တစ်လကိုတစ်ကြိမ်ထက်ပိုပြီး မသုံးသင့်ပါဘူး။ ဘေးထွက်ဆိုးကျိူးအနေနဲ့ အန်တာ ရာသီမမှန်တာဖြစ်တတ်ပါတယ်။ တစ်လုံးနဲ့တစ်လုံးဆယ့်နှစ်နာရြီခားသောက်ရတဲ့ဆေးရှိသလို တစ်လုံးတည်းသောက်ရတဲ့ဆေးလဲရှိပါတယ်။ အကာအကွယ်မဲ့လိင်ဆက်ဆံပြီး သုံးရက် ခုနစ်ဆယ့်နှစ်နာရီအတွင်းသောက်လို့ရပါတယ်။ ဖြစ်ပြီးပြီးချင်းသောက်လေကာကွယ်နိုင်စွမ်းမြင့်လေဖြစ်ပါတယ်။ကွန်ဒုံးပေါက်သွားတာ၊ မုဒိမ်းမှု၊ ပုံမှန်သုံးနေကျ ထိုးဆေးထိုးဖို့ သောက်ဆေးသောက်ဖို့မေ့လျော့သွားတာ စတဲ့အခြေအနေတွေမှာ သုံးနိုင်ပါတယ်။ တစ်လကိုတစ်ကြိမ်ထက်ပိုပြီး သုံးခဲ့ရင်တော့ ကိုယ်ဝန်ကိုမကာကွယ်နိုင်တာအပြင် သားအိမ်ပြင်ပမှာသန္ဓေတည်နိုင်တာမျိူးလဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မကြာခဏလိင်ဆက်ဆံမှုရှိသူတွေအနေနဲ့ တခြားသင့်တော်ရာ သားဆက်ခြားနည်းတစ်မျိုးမျိုးကိုသာ ဆရာဝန်နဲ့တိုင်ပင်ပြီးသုံးသင့်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ ၊ ရောဂါရှာဖွေ အတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကျောင်းတွေမှာ ဘာလို့ sex education သင်ပေးသင့်တာလဲ။

sex education လိင်ပညာပေး လိင်ဆက်ဆံနည်း မုဒိန်းမှု လိင်ကတစ်ဆင့်မြီးကောင်ပေါက် အန္တရာယ်ကင်း ကွန်ဒုံး တားဆေး ကိုယ်ဝန် ကူးစက်ရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

အနောက်နိုင်ငံတွေနဲ့ Covid-19 အရှုပ်တော်ပုံ

Covid-19 ကပ်ဘေး အာရှနိုင်ငံ အနောက်နိုင်ငံ ဆေးရုံ ကာကွယ်မှု ကူးစက်ရောဂါ coronavirus ကိုရိုနာဗိုင်းရပ်စ် ဆားစ်ရောဂါ မားစ်ရောဂါ စစ်ဆေးမှု ရောဂါထိန်းချုပ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ကူးစက်ရောဂါတွေကနေ ပြန်လည်သက်သာလာချိန်မှာ မှီဝဲသင့်တဲ့ အစားအစာ ၇ မျိုး

ဘက်တီးရီးယားတွေ ကူးစက်ရောဂါ တုပ်ကွေး ခန္ဓာကိုယ် အစားအသောက်ပျက် သဘာဝသစ်သီးဖျော်ရည် ကြက်သားစွပ်ပြုတ် လက်ဖက်ရည်ကြမ်း ငှက်ပျောသီး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သုက်လွှတ်မြန်တာ ဘယ်လိုလုပ်ရမလဲ

စိတ်လှုပ်ရှား သုက်လွှတ်မြန်ခြင်း စွမ်းဆောင်ရည် လက်တွဲဖော်နဲ့အတူနေတဲ့အချိန် လိင်ကိစ္စ စိတ်ပိုင်းဆိုင်ရာ တစ်ကိုယ်ရည်အာသာဖြေ ဟော်မုန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

လိင်ပညာပေး သင်ကြားရာမှာ ကြုံလာနိုင်တဲ့ အခက်အခဲများ

လိင်ပညာပေး သင်ကြားရာမှာ ကြုံလာနိုင်တဲ့ အခက်အခဲများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020
Stay at Home ရင်း Support from Home လုပ်ကြမယ် (၂)

Stay at Home ရင်း Support from Home လုပ်ကြမယ် (၂)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
ကျန်းမာရေးဝန်ထမ်းတစ်ယောက် ဖြစ်ရခြင်းရဲ့ နောက်ကွယ်က အန္တရာယ်များ

ကျန်းမာရေးဝန်ထမ်းတစ်ယောက် ဖြစ်ရခြင်းရဲ့ နောက်ကွယ်က အန္တရာယ်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
Sex education ကို ဘာကြောင့် သင်ပေးရတာလဲ။

Sex education ကို ဘာကြောင့် သင်ပေးရတာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2020