မျိုးပွားခြင်းကို လွှမ်းမိုးနိုင်သော ရောဂါများ နှင့် အခြေအနေများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ရင်သွေးတစ်ယောက်ရရှိနိုင်ရန်မှာ တွေးထားသည်ထက် ပို၍ ခက်ခဲပါသည်။ မျိုးပွားခြင်းကို အမှန်တကယ် လွှမ်းမိုးနိုင်သော အချက်အလက်များ၊ အခြေအနေများ နှင့် ရောဂါများစွာ ရှိနေသောကြောင့် ဖြစ်သည်။

၁။ သားအိမ်ကြက်သားပျံ့နှံ့ပွားများသည့် ရောဂါတစ်မျိုး (Endometriosis)

ဒီရောဂါသည် အမျိုးသမီးများ၏ တင်ပဆုံအတွင်းပိုင်းကို ထိခိုက်သည်။ သားအိမ်၏ အတွင်းဘက်ဆုံး endometrium ဟုခေါ်သော အလွှာမှ အပိုင်းအစများသည် သားအိမ်အပြင်ဘက်သို့ ပွားများပျံ့နှံ့နေပြီး အလုပလုပ်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မျိုးမအောင်ခြင်း နှင့်ဓမ္မတာလာစဉ် နာကျင်ခြင်းများကို ဖြစ်စေနိုင်သော အကြောင်းရင်းများတွင် ပါဝင်သည်။

၂။ မျိုးပွားလမ်းကြောင်း ရောဂါပိုးဝင်ခြင်း။

အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံးတွင် မျိုးမအောင်ခြင်း၏ အဓိကအကြောင်းရင်း တစ်ခုမှာ လိင်မှတဆင့် ကူးစက်သော ရောဂါများဖြစ်သည်။ အဖြစ်များဆုံး ၂ ခုမှာ မှိုပေါက်ပွားခြင်းရောဂါ နှင့် ဆီးပူညောင်းကျရောဂါ တို့ဖြစ်သည်။ မကုသဘဲ ထားမိလျှင် သားအိမ်ပြွန်တွင် ဖြစ်သော အမာရွတ် နှင့် ဒဏ်ရာသည် မျိုးမအောင်ခြင်းကို ဖြစ်စေနိုင်သည်။ (အချို့သော အမျိုးသမီးများတွင် ရောဂါလက္ခဏာ မပြဘဲ ရှိနေနိုင်သည်။)

အမျိုးသားများတွင်မူ လိင်မှတဆင့်ကူးစက်သော ရောဂါများသည် သုတ်လွှတ်ပြွန် နှင့် အခြားမျိုးပွားအင်္ဂါအစိတ်အပိုင်းများကို အမာရွတ်ဖြစ်စေခြင်း နှင့် ပိတ်ဆို့ခြင်းများဖြစ်စေနိုင်ပြီး မျိုးမအောင်ခြင်းကို ဖြစ်စေနိုင်သည်။

၃။ အမျိုးသမီးများ၏ ဟော်မုန်းမညီမျှမှုများ။

အကယ်၍ အမျိုးသမီးဟော်မုန်းများသည် သူတို့၏ သက်ဆိုင်ရာ အချက်အလက်များကို အချိန်မှန် မထုတ်လွှတ်နိုင်လျှင် သားဥကြွေခြင်းသည် ပုံမှန်မဖြစ်တော့ခြင်း (သို့) သားဥမကြွေနိုင်တော့ခြင်း တို့ဖြစ်သွားနိုင်သည်။ ထို့အခါ ဓမ္မတာလာခြင်းကို ခန့်မှန်း၍မရတော့ဘဲ မှားယွင်းနေနိုင်ပါသည်။

သို့သော် အမျိုးသမီးများ၏ ဟော်မုန်းမညီမျှခြင်းများကို မျိုးပွားခြင်းကို အထောက်အကူပြုသော ဆေးဝါးများသုံး၍ ကုသနိုင်ပါသည်။

၄။ ကပ်ပယ်အိတ်တွင် သွေးကြောများ ရောင်ရမ်းဖောင်းကားနေခြင်း။

သွေးပြန်ကြောများ ရောင်ရမ်းဖောင်းကားနေသော အခြေနေသည် ဝှေးစေ့ တစ်ခု (သို့) နှစ်ခုလုံးတွင် ဖြစ်ပွားတတ်ပါသည်။ မည်သို့ဆိုစေ ထိုကဲ့သို့ သွေးကြောများ ရောင်ရမ်း ဖောင်းကား နေခြင်းသည် မျိုးမအောင်သော ယောက်ျားများရော မျိုးအောင်သော ယောက်ျားမျးတွင်ပါ အဖြစ်များတတ်သည်။ ဒီအခြေအနေသည် ဝှေးစေ့၏ အပူချိန်ကို တက်စေပြီး သုတ်ပိုးထုတ်လုပ်ခြင်းကို ပြောင်းလဲစေကာ သုတ်ပိုးကောင်ရေကို နည်းစေသည်။

၅။ ကဖိန်းဓါတ်

ကိုယ်ဝန်ဆောင်ချိန်တွင် ကဖိန်းဓါတ်ပမာဏ မည်မျှသည် စိတ်ချရပါသည်ဟူ၍ လေ့လာချက်များမရှိသော်လည်း ကျွမ်းကျင်သူများက ကိုယ်ဝန်ဆောင် အမျိုးသမီးများ နှင့် ကိုယ်ဝန်ရနိုင်ရန် ကြိုးစားနေသောသူများသည် ကဖိန်းပမာဏများစွာကို သုံးဆောင်ရန် မသင့်တော်ဟု ပြောဆိုကြသည်။ အချို့သော လေ့လာချက်များအရ ကဖိန်းဓါတ်အများအပြားသည် ကိုယ်ဝန်ပျက်ကျစေနိုင်သည် ဟုဆိုသည်။

၆။ အရက်ယမကာ

ကိုယ်ဝန်ရနိုင်ရန် ကြိုးစားနေသော အမျိုးသမီးများအတွက် အရက်ယမကာသည် သန္ဓေအောင်နှုန်းကို လျော့ကျစေပြီး ကိုယ်ဝန်ပျက်ကျနိုင်ခြေကို မြင့်တက်စေသည်။

၇။ ဆေးလိပ်သောက်ခြင်း။

ဆေးလိပ်တွင် အမျိုးသားများ မျိုးအောင်နိုင်စွမ်းကို လျော့ကျစေသော ဓါတုပစ္စည်းများပါဝင်ပါသည်။ ထို့အတူ အမျိုးသမီးများသည်လည်း ဆေးလိပ်သောက်လျှင် သန္ဓေအောင်နိုင်ဖြေလျော့နည်းခြင်း နှင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေ မြင့်တက်ခြင်းတို့ဖြစ်တတ်သည်။

၈။ မူးယစ်ဆေးဝါး

ဆေးခြောက် (သို့) ကိုကင်းကဲ့သို့သော ဆေးဝါးများကို သုံးစွဲခြင်းသည် သုတ်ပိုးကောင်ရေလျော့ကျစေခြင်း နှင့် ချို့ယွင်းနေသော သုတ်ပိုးများဖြစ်ရန် ရာခိုင်နှုန်းများခြင်း စသည်တို့ခြစ်တတ်သည်။

၉။ အပူ

ရေနွေးကန်၊ ချွေးထုတ်ခန်း (သို့) ရေနွေးငွေ့အခန်းများတွင် အပူကို ကြာရှည်စွာ ထိတွေ့ခြင်းသည် ကပ်ပယ်အိတ်အပူချိန်ကို တက်စေပြီး ပုံမှန်လုပ်ငန်းဆောင်တာကို မထမ်းဆောင်နိုင်ခြင်း နှင့် သုတ်ပိုးကောင်ရေကို လျော့ကျစေခြင်းတို့ဖြစ်တတ်သည်ဟု လေ့လာချက်များက ဆိုသည်။

အကယ်၍ ရင်သွေးလိုချင်ပါလျှင် မျိုးအောင်ခြင်းကို ထိခိုက်စေနိုင်သော ရောဂါများကို သတိထားဖို့ နှင့် ရှောင်ကျဉ်နိုင်ဖို့ သိရှိရန်မှာ အကောင်းဆုံးပင်ဖြစ်သည်။ မျိုးအောင်ပြီး ကိုယ်ဝန်ရှိနိုင်ရန် ကြိုးစားနေစဉ် မေးခွန်းများ၊ သိလိုသည်များ (သို့) အခက်အခဲများကြုံတွေ့နေရပါလျှင် ဆရာဝန် (သို့) ကျန်းမာရေးစောင့်ရှောက်သူကို နောက်ထပ် အကြံဉာဏ်များ၊ လမ်းညွှန်မှုများ နှင့် ကုသမှုများ ရယူဖို့ တိုင်ပင်ရန် မတွန့်ဆုတ်ပါနှင့်။

အခြားသိလိုသည့်မေးခွန်းများရှိလျှင် ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်၊ ရောဂါစစ်ဆေးစမ်းသပ်ချက် (သို့) ကုသမှုများကို မလုပ်ဆောင်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"

    သင့်အတွက် ရွေးချယ်ထားသည်

    Sex education ကို ဘာကြောင့် သင်ပေးရတာလဲ။

    Sex education ကို ဘာကြောင့် သင်ပေးရတာလဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2020
    အောက်စီတိုစင် (သို့မဟုတ်) အချစ်ဟော်မုန်း

    အောက်စီတိုစင် (သို့မဟုတ်) အချစ်ဟော်မုန်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 18, 2020

    သုက်ပိုးနဲ့ပတ်သက်တဲ့ အလွဲတွေနဲ့ မျိုးဆက်ပွားကျန်းမာရေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 10, 2019

    လည်ပင်းဆစ်ချော်ခြင်း အခြေအနေများနှင့် ကုသမှုနည်းလမ်းများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. K Zin Thwe
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2018