သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အနောက်တံခါးထဲ ချစ်သူကိုပေးမဝင်ခင် ဘာတွေပြင်ဆင်ထားမလဲ

အနောက်တံခါးထဲ ချစ်သူကိုပေးမဝင်ခင် ဘာတွေပြင်ဆင်ထားမလဲ

မိန်းကလေးတွေအတွက်တော့ လိင်မှုကိစ္စဆောင်ရွက်ရဖို့ အမြဲစိုးရိမ်နေရတာ၊ စဉ်းစားတွေးတောစရာတွေ များတာ သဘာဝပါပဲ။ ချစ်သူ၊ လင်မယားရယ်လို့ ဖြစ်လာပြီဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး ရှက်နေလို့တော့ ဘယ်ဖြစ်မလဲ။ သိထားဖို့ လိုအပ်တာကတော့ လိင်မှုကိစ္စဆိုတာ လူသားတိုင်းရဲ့ ဘဝမှာ မရှိမဖြစ် ပါဝင်သင့်တဲ့ အရေးကြီးဆုံး အရာတွေထဲက တစ်ခုဆိုတာပါပဲ။

ဒါပေမဲ့လည်း ကိုယ်က ဒီလို ကိစ္စတွေ ဆောင်ရွက်ဖို့ကို အဆင်သင့်ဖြစ်နေမှ၊ စိတ်ပါနေမှ အဆင်ပြေမှာပါ။ အထူးသဖြင့် ပုံမှန်လိင်ဆက်ဆံမှုမျိုးမှာတောင် တွေဝေနေတတ်တဲ့ မိန်းမသားတွေအတွက် အနောက်တံခါး (စအိုဖြင့်) လိင်ဆက်ဆံရမှာကို ပိုပြီးတောင် စိုးရိမ်ပူပန်နေမှာပါ။ ဒီဆောင်းပါးလေးမှာတော့ စအိုဖြင့် လိင်ဆက်ဆံခြင်းမပြုမီ ဘာတွေသိထားသင့်လဲ၊ ဘာတွေကို ကြိုပြီး ပြင်ဆင်ထားသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

၁။ အရင်ဆုံး ကိုယ့်ချစ်သူနဲ့ သေချာတိုင်ပင်ကြည့်ပါ။

ဘယ်သူ့ရဲ့ ဆန္ဒကြောင့်ပဲဖြစ်ပါစေ ဒီလိုအပြုအမူအတွက် ၂ဦး၂ဖက် သဘောတူညီမှု ရယူဖို့ လိုပါတယ်။ ကိုယ့်အတွက် ဒီလိုလိင်ဆက်ဆံမှုမျိုးဟာ သက်တောင့်သက်သာ ဖြစ်စေနိုင်မလား၊ ပိုပြီး ထိခိုက်နာကျင်စေနိုင်မလား ဒါမှမဟုတ် ရှက်စရာကိစ္စကြီး တစ်ခုလို ဖြစ်နေလား၊ အစရှိသဖြင့် ကိုယ့်စိတ်ထဲမှာ ရှိတဲ့အကြောင်းအရာကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးကြည့်ပါ။ အထူးသဖြင့် ပထမဆုံးအကြိမ် ဖြစ်နေတယ်ဆိုရင် မိန်းကလေးတွေအတွက် ကြောက်ရွံ့စိတ်ဖြစ်နေမှာ အသေအချာပါပဲ။ ဒီနာကျင်ရတော့မယ်ဆိုတဲ့ စိတ်က ဝင်နေရင် ဘယ်လိုမှ သာယာမှုကို ခံစားနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် အမျိုးသားပဲ ဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လိင်မှုကိစ္စမပြုလုပ်ခင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုပြောထားဖို့ လိုပါတယ်။

၂။ ဒီအရာကြောင့် နာကျင်စေခဲ့တဲ့ အတွေ့အကြုံမျိုး ရှိခဲ့ဖူးသလား။

ကိုယ့်ချစ်သူအတွက် ဒါဟာ ပထမဆုံးအကြိမ် မဟုတ်ဘဲ ငြင်းဆန်နေတာမျိုးတွေ ရှိနိုင်ပါတယ်။ ဥပမာ ပထမဆုံးတစ်ခေါက် ဆက်ဆံမှု ပြုခဲ့စဉ်က သူ့အတွက် သည်းမခံနိုင်ရလောက်တဲ့ နာကျင်မှုဝေဒနာတွေ ခံစားခဲ့ရတာ၊ အကြောင်းအမျိုးမျိုးကြောင့် ပွန်းပဲ့ထိခိုက်မှုမျိုးတွေ ဖြစ်ခဲ့ဖူးတာဆိုရင်တော့ ဒီလိုလိင်ဆက်ဆံရဖို့ ကြောက်စိတ်တွေ တော်တော်လေး ဝင်နေမှာပါ။ ဒီလိုအရာမျိုးတွေ ရှိ၊ မရှိဆိုတာ ကိုယ့်ဘက်ကလည်း ပြောပြပေးဖို့လိုပါတယ်။ ဒါမှပဲ ရှေ့ဆက်သင့်၊ မဆက်သင့် ပြန်တွေးဖို့၊ နှစ်ယောက်လုံး သက်တောင့်သက်သာဖြစ်စေဖို့ ပြင်ဆင်သင့်တာတွေ ကြိုပြီး ပြင်ဆင်လို့ ရမှာပါ။

၃။ တချို့သော အစားအစာတွေကို ရှောင်ကြဉ်ပါ။

လိင်မှုကိစ္စ မပြုလုပ်ခင် မစားသင့်တဲ့ အစားအစာတွေ ရှိပါတယ်။ အထူးသဖြင့် စအိုဖြင့် လိင်ဆက်ဆံမှု မပြုခင် ဝမ်းသွားချင်စိတ်ကို နှိုးဆွပေးနိုင်တဲ့ အစေ့အဆန်၊ အခွံမာသီး၊ စပ်လွန်းတဲ့ အစားအစာတွေ၊ အဆီအစိမ့်တွေ၊ အသားတွေ အများကြီးစားတာ၊ လေပွစေနိုင်တဲ့ ကဖင်းဓါတ်ပါတဲ့ အအေး၊ ကော်ဖီ၊ ဖျော်ရည်တွေကို ရှောင်ကြဉ်နိုင်ရင် အကောင်းဆုံးပါပဲ။ ကိုယ့်အတွက် သက်တောင့်သက်သာ ဖြစ်စေဖို့အပြင် မလိုလားအပ်တဲ့ ဝမ်းထွက်တဲ့ အခြေအနေမျိုး မကြုံရအောင် ကာကွယ်ပေးရပါမယ်။ အစာစားတော့မယ်ဆိုရင်လည်း အနည်းဆုံး လိင်ဆက်ဆံခြင်း မပြုခင် ၂နာရီလောက် ခြားပြီး စားပေးဖို့ လိုပါတယ်။

၄။ သန့်ရှင်းရေး ကြိုလုပ်ထားပါ။

စအိုဖြင့် လိင်ဆက်ဆံခြင်း ပြုရာမှာ ဗိုက်ထဲမှာ ဝမ်းမကျန်နေဖို့၊ သန့်ရှင်းနေဖို့ အလွန်အရေးကြီးပါတယ်။ ဒါမှပဲ ကိုယ်ရော၊ ကိုယ့်ချစ်သူပါ အနံ့အသက်ကင်းကင်းနဲ့ ချစ်စခန်းဝင်နိုင်မှာပေါ့။ ဒါကြောင့် တစ်နာရီလောက် ကြိုတင်ပြီး ဝမ်းသွားထားပါ။ လိင်ဆက်ဆံခြင်း မပြုခင်မှာ စအိုအတွင်းကို သေချာဆေးကြောထားပါ။ လိုလိုမယ်မယ် အနံ့မွှေးပြီး စုပ်ယူမှုအားကောင်းတဲ့ wet tissue ဆောင်ထားတာဖြစ်စေ၊ ဆက်ဆံမှု ပြုတဲ့နေရာမှာ မပေကျံအောင် မျက်နှာသုတ်ပဝါ တစ်ထည် ခံထားတာဖြစ်စေ လုပ်ပေးလို့ ရပါတယ်။

၅။ အကာအကွယ်ကို အသုံးပြုပါ။

သူစိမ်းနဲ့ ဖြစ်စေ၊ ကိုယ့်ချစ်သူနဲ့ဖြစ်စေ လိင်ဆက်ဆံတိုင်း အကာအကွယ် သုံးဖို့ မမေ့သင့်ပါဘူး။ အထူးသဖြင့် မိန်းမကိုယ်လို ချောဆီမထွက်ဘဲ အတွင်းနံရံတွေ နူးညံ့လွန်းတဲ့ စအိုဝဟာ ပွန်းပဲ့ထိခိုက်ဖို့ အင်မတန်လွယ်ကူပါတယ်။ ဒီအခါ ကိုယ့်ချစ်သူမှာ ရောဂါပိုးရှိနေရင် သွေးကြောထဲ အလွယ်တကူရောက်သွားပြီး မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ရဖို့ အခွင့်အလမ်း ပိုများသွားနိုင်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ နည်းလမ်းနဲ့ ကွန်ဒုံးကို အသုံးပြုဖို့က မဖြစ်မနေ အရေးအကြီးဆုံးပါပဲ။

၆။ ခရီးအစကို ဂရုစိုက်ပါ။

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ စအိုဝဟာ မိန်းမကိုယ်လို မဟုတ်ဘဲ အတွင်းသားနံရံ အင်မတန်နူးညံ့ပြီး ဝင်ဖို့အတွက် လမ်းကြောင်းကျပ်လွန်းပါတယ်။ အစကတည်းက ကိုယ်က အင်နဲ့ အားနဲ့ ဆောင့်ပြီး ထိုးသွင်းမှု ပြုလိုက်ရင် ကိုယ့်ချစ်သူအတွက် ဒါဟာ နာကျင်ဖွယ်ရာ၊ ထိတ်လန့်ဖွယ်ရာ ဒဏ်ရာကြီးတစ်ခုလို စိတ်ထဲမှာ ကျန်ခဲ့နိုင်ပါတယ်။ ဒါကြောင့် မလောပါနဲ့။ အစပိုင်းကို ဖြည်းညင်းစွာ စတင်ပါ။ လိုအပ်ရင် ချောဆီကို အသုံးပြုပါ။ ကိုယ့်ချစ်သူကို လိင်စိတ်ထကြွစေဖို့ နှိုးဆွပေးပါ။ အဆင်သင့်ဖြစ်ပြီဆိုမှ အရှိန်ကို ဖြည်းဖြည်းချင်း စတင်မြှင့်ပေးတာ ပိုကောင်းပါတယ်။

၇။ ကိုယ့်ချစ်သူရဲ့ အခြေအနေကို အကဲခတ်မေးမြန်းကြည့်ပါ။

အမျိုးသားတွေအနေနဲ့ တစ်ဦးတည်း ဆောင်ရွက်နေရတာ မဟုတ်တဲ့အတွက် လိင်ဆက်ဆံနေစဉ်မှာ ရေငုံနှုတ်ပိတ် နေတဲ့ အကျင့်ကို ဖျောက်ဖို့ ကြိုးစားပါ။ သူ့အတွက် သက်တောင့်သက်သာဖြစ်စေလား၊ မခံမရပ်နိုင်အောင် နာကျင်နေလား မေးမြန်းပါ။ နာကျင်မှုဒဏ်ကြောင့် ရပ်ပေးဖို့ သူ့ဘက်က တောင်းဆိုလာရင် ရှေ့ဆက်မတိုးပါနဲ့။ ဒီတစ်ကြိမ်မှာ မအောင်မြင်နိုင်ရင် ထပ်ပြီး ကြိုးစားခွင့်ရှိပါသေးတယ်။ လိင်ဆက်ဆံမှုဆိုတာ ရှက်ရွံ့စရာထက် နှစ်ဦးနှစ်ဖက် သာယာနေဖို့ လိုအပ်တယ်ဆိုတာကို အမြဲသတိထားပေးပါ။

Verifying...

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

What To Know About Anal Sex – https://www.webmd.com/sex/anal-sex-health-concerns#1(March 21, 2019)

How To Prepare Before Anal Sex – https://www.askmen.com/dating/love_tip/548_anal-sex-prep-guide.html(March 21, 2019)

 

စာရေးသူ ဓာတ်ပုံbadge
Ye Myo Myat မှ ရေးသားသည်။ 09/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။