၁။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ထိရောက်စွာ ကာကွယ်နိုင်တယ်။
ကာလသားရောဂါ၊ ဆီးပူညောင်းကျရောဂါ၊ ဘီပိုး၊ HIV ရောဂါပိုး မကူးစက်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းကတော့ ကွန်ဒုံးကို စနစ်တကျ အသုံးပြုတာပါပဲ။ လိင်တူ၊ လိင်ကွဲ ဆက်ဆံရင်ဖြစ်စေ၊ ပါးစပ်နဲ့ ဖြစ်စေ၊ မိန်းမကိုယ်၊ စအိုနဲ့ လိင်ဆက်ဆံတာဖြစ်စေ ကွန်ဒုံးကို အသုံးပြုပေးဖို့ အလွန်အရေးကြီးပါတယ်။
၂။ သန္ဓေတားဖို့ အထောက်အကူပေးနိုင်တယ်။
ကွန်ဒုံးဟာ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေသာမက မလိုအပ်ဘဲ ကိုယ်ဝန်ရသွားမှာကိုလည်း တားဆီးပေးနိုင်ပါတယ်။ သန္ဓေတားဆေးတွေဟာ ကိုယ်ဝန်မရအောင် တားပေးနိုင်ပေမယ့် လိင်ကနေတဆင့် ကူးစက်ရောဂါတွေကို မကာကွယ်ပေးနိုင်ပါဘူး။ ဒါကြောင့် ကွန်ဒုံးကိုလည်း လိင်ဆက်ဆံတိုင်းမှာ အသုံးပြုပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။