လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

ကိုယ့်ကိုကိုယ် လိင်မှတဆင့်ကူးစက်တတ်သည့်ရောဂါများမှ ကာကွယ်ခြင်းသည် ကျန်းမာပျော်ရွှင်သော လိင်မှုဘဝနဲ့ မျိုးဆက်ပွား ကျန်းမာရေးအတွက် အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပါ။ ဒီအချက်အလက်တွေကို ဒီနေရာမှာ လေ့လာနိုင်ပါသည်။

ကျန်းမာရေးဗဟုသုတ

လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

အများသုံးဘိုထိုင်အိမ်သာတွေကနေ လိင်ကတဆင့်ကူးစက်ရောဂါတွေ ကူးနိုင်သလား

Shopping mallတို့၊ စားသောက်ဆိုင်တို့ သွားလို့ အိမ်သာတက်ကြရင် ဘယ်လိုများ တက်ကြလဲ။ တင်ပါးနဲ့ အိမ်သာနဲ့ မထိအောင် ကြွပြီး တက်ကြတယ်ဟုတ်။ မြန်မာထိုင်အိမ်သာဆိုရင် ပြဿနာ မရှိပေမယ့် ဘိုထိုင်ဆိုရင် မထိအောင် ကြိုးစားပြီး တက်ကြပါတယ်။ အကြောင်းကတော့ ရောဂါကူးမှာ ကြောက်လို့ပါတဲ့။ အထူးသဖြင့်တော့ လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေပေါ့။ တကယ်ပဲ အများသုံးဘိုထိုင်အိမ်သာတွေကနေ လိင်ကတဆင့်ကူးစက်ရောဂါတွေ ကူးနိုင်သလား။ လိင်ကတဆင့် ကူးစက်ရောဂါတွေက အိမ်သာမှာ ရှိနေနိုင်သလား လူအများစိုးရိမ်ကြတာကတော့ ကိုယ်ထိုင်မယ့် အိမ်သာခွက်မှာ ရောဂါပိုးတွေ ရှိနေမှာကိုပါပဲ။ ပိုးဆိုတာ မျက်စိနဲ့လည်း မမြင်ရဘူးလေ။ လိင်ကတဆင့်ကူးစက်ရောဂါတွေထဲမှာဆိုရင် ဘက်တီးရီးယားတွေ ဖြစ်တဲ့ ဆစ်ဖလစ်တို့၊ ဂနို ဆီးပူညောင်းကျတို့၊ ကလိုင်မဲဒီးယားတို့ ရှိသလို ဗိုင်းရပ်စ်တွေဖြစ်တဲ့ HIV၊ ဘီပိုး၊ လိင်အင်္ဂါကြွက်နို့ပိုး၊ ရေယုန် ကပ်ပါးပိုးတွေဖြစ်တဲ့ Trichomoniasis စတာတွေ ရှိပါတယ်။ ဒါတွေက […]

လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ ကို ရှာဖွေမည်။

လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

မုဒိမ်းမှုနဲ့ ပတ်သက်လို့ လူသိနည်းနေသေးတဲ့ ဖြစ်ရပ်တချို့

မုဒိမ်းမှု တစ်နည်းအားဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ အဓမ္မ ပြုကျင့်ခံရမှုနဲ့ ပတ်သက်လို့ လူတွေကြားထဲမှာ မှားယွင်းစွာ သိထားတဲ့ အချက်တွေ အများကြီး ရှိနေပါသေးတယ်။ ဒီလို လိင်အကြမ်းဖက်မှုတွေကို နိုင်နင်းစွာ ကိုင်တွယ်နိုင်တဲ့ တရားဥပဒေ မရှိတာ၊ လူတွေရဲ့ ထိန်းချုပ်မှု၊ အသိစိတ် ကင်းမဲ့တာ စတဲ့အချက်တွေကြောင့်လည်း ခုချိန်ထိ ကမ္ဘာမှာ ထိန်းချုပ်မရတဲ့ အဖြစ်အများဆုံး ပြစ်မှုတွေထဲမှာ မုဒိမ်းမှုဟာ ထိပ်ဆုံးမှာ ရှိနေရခြင်းပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အထူးသဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးတွေ မုဒိမ်းမှုနဲ့ ပတ်သက်ပြီး မှားယွင်းစွာ သိထားတဲ့ အချက်တွေအကြောင်းကို ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။ ၁။ မုဒိမ်းမှုကို သူစိမ်းတွေသာ ကျူးလွန်တတ်ကြတယ်။ ပြန်လည် စစ်တမ်းကောက်ယူလိုက်တဲ့အခါ မုဒိမ်းမှု ကျူးလွန်သူတွေရဲ့ ၁၀ ရာခိုင်နှုန်းခန့်သာ သူစိမ်းတွေ ဖြစ်ကြပြီး ကျန်တဲ့ ပြစ်မှုကျူးလွန်သူတွေဟာ […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

အမျိုးသားများတွင်တွေ့ရတဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါလက္ခဏာများ

လိင်အပျော်အပါးလိုက်စားတာ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံတာ၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲတာ၊ လိင်ဆက်ဆံဖော် တစ်ယောက်ထက်ပိုတာ စတာတွေကြောင့် STD လို့ခေါ်တဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေ ဝင်ရောက်လာနိုင်ပါတယ်။ အလွယ်တကူကုသလို့ရတဲ့ ရောဂါတွေရှိတဲ့တိုင်အောင် HIV လိုမျိုး ရောဂါပိုးကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသေးဘဲ မပြန့်ပွားအောင်သာ ထိန်းပေးနိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ အမျိုးသားတွေ သိထားဖို့ လိုမယ့် အမျိုးသားများတွင်တွေ့ရတဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါလက္ခဏာများ အကြောင်းကို ပြောပြပေးချင်ပါတယ်။ အမျိုးသားများတွင်တွေ့ရတဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါလက္ခဏာများ အမျိုးသားများတွင်တွေ့ရတဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါလက္ခဏာများ ကတော့ ၁။ ခလက်မီးဒီးယားရောဂါ (Chlamydia) ရောဂါပိုးရှိသူရဲ့ ပါးစပ်၊ မိန်းမကိုယ်၊ စအိုအတွင်းသို့ အကာအကွယ်မသုံးဘဲ ထိုးသွင်းဆက်ဆံစဉ် ဘက်တီးရီးယားပိုးကူးစက်ခံရတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေထဲက တစ်မျိုးဖြစ်ပြီး ရောဂါလက္ခဏာ အလွယ်တကူမပြတာကြောင့် ကိုယ့်မှာပိုးရှိနေမှန်း မသိတာမျိုးတွေလည်း ရှိပါတယ်။ ကူးစက်ခံရပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ဆီးသွားစဉ်နာကျင်ခြင်း […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

သုက်ရည်မှာ အညှီနံ့ထွက်နေတာ ဘာကြောင့်လဲ

လိင်တံမှ ထွက်တဲ့ သုက်ရည်ဟာ ပုံသေအနံ့တစ်မျိုးတည်း ထွက်တာတော့ မဟုတ်ပါဘူး။ ကိုယ် နေ့စဉ်စားလိုက်တဲ့ အစားအစာ၊ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ လိင်မှုကိစ္စ အစရှိတဲ့အရာတွေပေါ် မူတည်ပြီး အနံ့အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။ တချို့သော အစားအစာတွေဟာ ချိုမွှေးတဲ့ အနံ့ပေးနိုင်သလို ငါးညှီနံ့လို မကောင်းတဲ့ အနံ့မျိုးဖြစ်အောင်လည်း ပြောင်းလဲပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ သုက်ရည်မှာ အညှီနံ့ထွက်နေတာ ဘာကြောင့်လဲ ဆိုတာကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ သုက်ရည်မှာ အညှီနံ့ထွက်နေတာ ဘာကြောင့်လဲ သုက်ရည်မှာ အညှီနံ့ထွက်နေတာ ဘာကြောင့်လဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။ သုက်ရည်ကထွက်တဲ့ အနံ့ကို ခွဲကြမယ်။ ပုံမှန်အားဖြင့် သုက်ရည်မှာ အစွန်းချွတ်ဆေး၊ ကလိုရင်းအနံ့မျိုး ရှိပါတယ်။ အဲ့လိုမှ မဟုတ်ဘဲ ငါးညှီနံ့လို၊ ကြက်ဥပုပ်နံ့လို အနံ့ထွက်တာဆိုရင်တော့ တစ်ခုခုမှားယွင်းနေတယ်လို့ ဆိုနိုင်ပါတယ်။ ကညွတ်၊ အသား၊ ကြက်သွန်ဖြူ၊ ကဖင်းဓာတ်ပါတဲ့ […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါ ကူးစက်နိုင်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါများ။

လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါ (STDs) တော်တော်များများက လိင်အင်္ဂါမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဒါ့ကြောင့် ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံး (သို့မဟုတ်) dental dam လို့ခေါ်တဲ့ ၆ လက်မ ပတ်လည်ခန့် စတုရန်းပုံ ရော်ဘာ အပြားလေးတွေလို အကာကွယ် နည်းလမ်းသုံးခြင်းက လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါကူးစက်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါ တခြား လိင်ဆက်ဆံမှု ပုံစံတွေထက် HIV ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ နည်းတယ်ဆိုပေမဲ့ မကြာခဏ အကာကွယ်မဲ့ဆက်ဆံမိနေရင် ကူးစက်နိုင်ခြေကို ပိုများလာစေနိုင်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာ ပါးစပ်၊ နှုတ်ခမ်းနဲ့ လျှာတို့ကို အသုံးပြုပြီး လိင်တံကို လှုံဆော်ပေးခြင်း (fellatio) နဲ့ အမျိုးသမီး အင်္ဂါကို လှုံ့ဆော်ပေးခြင်း (cunnilingus) နဲ့ စအိုကို လှုံ့ဆော်ပေးခြင်း (anilingus) တို့ပါဝင်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာ လိင်ပိုင်းဆိုင်ရာ […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှတဆင့် ကူးစက်တတ်သော ရောဂါတွေနဲ့ ပတ်သက်ပြီး ဆယ်ကျော်သက်တွေကြားမှာ အယူအဆလွဲမှားနေတဲ့အချက်များ

လိင်မှတဆင့် ကူးစက်တတ်သော ရောဂါတွေနဲ့ ပတ်သက်ပြီး ဆယ်ကျော်သက်တွေကြားမှာ အယူအဆလွဲမှားနေတဲ့အချက်များ ကျွန်တော်တို့မြန်မာတွေဟာ ဘာသာရေးအဆုံးအမ အရရော၊ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေအရရော အင်မတန်မှ အရှက်အကြောက်ကြီးတဲ့သူတွေဖြစ်ပြီး လိင်မှုရေးရာနဲ့ ပတ်သက်လို့ လျှို့ဝှက်သိုသိပ်တတ်ကြပါတယ်။ မိဘက သားသမီးကို၊လူကြီးကလူငယ်ကို လိင်ပညာပေးလက်ဆင့်ကမ်းမှုတွေ လုံလုံလောက်လောက် မလုပ်ပေးနိုင်တာမို့ လူငယ်တွေဟာ ကာလသားကြီးတွေရဲ့အပြောနဲ့ တတ်ယောင်ကား လက်တည့်စမ်းတတ်ကြပါတယ်။ ဒီလို လက်တည့်စမ်းတဲ့အခါမှာ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်တဲ့ လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ၊ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရှိခြင်းများ စတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါတွေနဲ့ ပတ်သက်ပြီး ဆယ်ကျော်သက်တွေကြားမှာ အယူအဆလွဲမှားနေတဲ့အချက်လေးတွေအကြောင်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ၁။ ပေပေတေတေ နေတတ်သူတွေ၊တွေ့ကရာလူနဲ့ အိပ်တတ်သူတွေမှာပဲ ဒီရောဂါတွေ ဖြစ်နိုင်တယ်။ မှားပါတယ်။ လူတိုင်းဟာ လိင်မှတဆင့်ကူးစက်တတ်သောရောဂါတွေကို ညီညီမျှမျှ ကူးစက်ခံရနိုင်ပါတယ်။ သင့်အနေနဲ့ ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံတာပဲဖြစ်ဖြစ်၊နည်းမှန်လမ်းမှန် မသုံးတာပဲဖြစ်ဖြစ် ဒီရောဂါတွေ ကူးစက်ခံရနိုင်ချေ ရှိနေပါတယ်။ […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

အဖြစ်များတဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါ (၁၄) မျိုးအကြောင်း သိကောင်းစရာ

လိင်မှ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဆိုတာ လိင်မှုကိစ္စလုပ်နေတဲ့ သူတိုင်း၊ လိင်မှု ကိစ္စလုပ်ဆောင်ဖို့ စဉ်းစားနေတဲ့ လူတိုင်း သိသင့်တဲ့ ရောဂါတွေပါ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံလို နိုင်ငံမှာ ဒီရောဂါတွေ ဖြစ်ပွားလာရင် လူအများက ကုသဖို့ ရှက်ကြောက်တတ်ကြပါတယ်။ ဒါ့အပြင် STD တချို့က ဆေးဝါးနဲ့ လုံးဝပျောက်ကင်းအောင်ကုသလို့မရပါဘူး။ ဒါ့ကြောင့် ရောဂါတွေကို သေချာသိရှိပြီး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ပြီးမှ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှုကို ပြုလုပ်သင့်ပါတယ်။ ဒီလို အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှု ပြုလုပ်နိုင်ဖို့အတွက် Hello sayarwon ပရိတ်သတ်ကြီးအတွက် အတွေ့ရများတဲ့ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD) ၁၄ မျိုးအကြောင်းဖော်ပြပေးလိုက်ပါတယ်။ ၁။ လိင်အင်္ဂါ အသားပို (HPV) လိင်အင်္ဂါ အသားပို ကိုဖြစ်စေတဲ့ Human […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

ပါးစပ်နဲ့ လိင်ဆက်ဆံရင် ဘယ်လိုရောဂါတွေ ကူးစက်နိုင်သလဲ

ပါးစပ်နဲ့ လိင်ဆက်ဆံရင် ဘယ်လိုရောဂါတွေ ကူးစက်နိုင်သလဲ .....  တစ်ချို့လူတွေက ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါမှာ STI (sexually transmitted infections) လို့ခေါ်တဲ့ လိင်မှ တစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ မဖြစ်နိုင်တော့ဘူး လို့ထင်တတ်ကြတယ်။ တကယ်တော့ ပါးစပ်နဲ့ လိင်ဆက်ဆံရာမှ တစ်ဆင့် လိင်ကူးစက်တတ်တဲ့ရောဂါတွေ (STI ) တွေ ကူးစက်နိုင်ပါသေးတယ်။ STI ရောဂါတစ်ချို့ဖြစ်တဲ့ လိင်အင်္ဂါမှာ ဖြစ်ပွားတဲ့ ရေယုန်ရောဂါနဲ့ ဆီးပူညောင်းကျ ရောဂါ (gonorrhea) တို့ဟာ ပါးစပ်နဲ့ လိင်ဆက်ဆံရာမှ ကူးစက်နိုင်ပါတယ်။ ပါးစပ်နဲ့ လိင်ဆက်ဆံရင် ဘယ်လိုရောဂါတွေ ကူးစက်နိုင်သလဲ ပါးစပ်နဲ့ လိင်ဆက်ဆံရင် ဘယ်လိုရောဂါတွေ ကူးစက်နိုင်သလဲ ဆိုတော့ WHO အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝှမ်းမှာ နေ့စဉ်လိင်မှ တစ်ဆင့် ဖြစ်ပွားတဲ့ ရောဂါ အမျိုးပေါင်း […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

Balanitis (လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Balanitis (လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း) ကဘာလဲ။ လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်းဆိုတာဘာလဲ။ လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း ဆိုသည်မှာ အဖိုလိင်အင်္ဂါ၏ ထိပ်ကိုငုံထားသော အရေပြားနှင့် ထိပ်ဖျား တို့၏ ရောင်ရမ်းခြမ်း နှင့် နာကျင်ခြင်း၊ ကျိန်းစပ်ခြင်း ဖြစ်ပါသည်။ လိင်အင်္ဂါအရေပြားကို ဖြတ်တောက်ခြင်းမပြုထားသော အမျိုးသားများတွင် ပိုဖြစ်ပွားပါသည်။ လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း သည် နာကျင်သော်လည်း အရမ်းပြင်းထန်သော အခြေအနေတစ်ခု မဟုတ်ပါ။ အရေပြား ပေါ် တွင် ဆေးလိမ်းခြင်းဖြင့် သက်သာစေနိုင်ပါသည်။ Balanitis (လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်းသည် လိင်အင်္ဂါအရေပြားကို ဖြတ်တောက်ခြင်းမပြုထားသော အမျိုးသားများတွင် ပိုမိုဖြစ်ပွားသော အဖြစ်များသော အခြေအနေတစ်ခု ဖြစ်ပါသည်။ သင်သည် အန္တရာယ် ဖြစ် စေ သော အချက်များကို လျော့ချခြင်း၊ တကိုယ်ရည် သန့်ရှင်းမှု ကိုထိန်းသိမ်းခြင်း တို့ဖြင့် လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်းမဖြစ်အောင် ကာကွယ်နိုင်ပါသည်။ ပိုမိုသော အချက်အလက် များအ […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

Sexually Transmitted Diseases (Stds) (လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Sexually Transmitted Diseases (Stds) (လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ) ကဘာလဲ။ လိင်မှတစ်ဆင့်ကူးစက်သောရောဂါများဆိုသည်မှ ရောဂါရှိသူနှင့် လိင်ဆက်ဆံမိလျှင် ကူးစက်လာသော ရောဂါများကို ဆိုလိုပါသည်။ STDs အမျိုးအစား ၂၀ ကျော်ရှိ၏။ ကလဲမိုက်ဒီးယား ဂနိုရီးယား HIV/AIDS HPV ဆစ်ဖလစ် ဆီလိင်ပြွန်ရောင်ခြင်း သုက်စုပြွန်ရောင်ခြင်း မိန်းမကိုယ်ပိုးဝင်ခြင်း (လိင်အင်္ဂါ ရေယုန်၊ ထရိုင်ကိုမိုနီးရေးစစ်၊ ကန်ဒီဒီရေးစစ် စသည်များ) PID (Pelvic inflammatory disease) Sexually Transmitted Diseases (Stds) (လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါများသည် အလွန်အဖြစ်များ၏။ သို့သော် တစ်ချို့တွင် အမျိုးသားများထက် အမျိုးသမီးများတွင် ပိုပြင်းထန်တတ်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွင်ဖြစ်ပါက ကလေးကိုပါ ထိခိုက်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများSexually Transmitted Diseases (Stds) (လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ) ရဲ့လက္ခဏာတွေကဘာတွေလဲ လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ လိင်အင်္ဂါတစ်ဝိုက်၊ ပါးစပ် သို့မဟုတ် စအိုတစ်ဝိုက်တွင် အနာများ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်