လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

ကိုယ့်ကိုကိုယ် လိင်မှတဆင့်ကူးစက်တတ်သည့်ရောဂါများမှ ကာကွယ်ခြင်းသည် ကျန်းမာပျော်ရွှင်သော လိင်မှုဘဝနဲ့ မျိုးဆက်ပွား ကျန်းမာရေးအတွက် အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပါ။ ဒီအချက်အလက်တွေကို ဒီနေရာမှာ လေ့လာနိုင်ပါသည်။

ကျန်းမာရေးဗဟုသုတ

လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

အများသုံးဘိုထိုင်အိမ်သာတွေကနေ လိင်ကတဆင့်ကူးစက်ရောဂါတွေ ကူးနိုင်သလား

Shopping mallတို့၊ စားသောက်ဆိုင်တို့ သွားလို့ အိမ်သာတက်ကြရင် ဘယ်လိုများ တက်ကြလဲ။ တင်ပါးနဲ့ အိမ်သာနဲ့ မထိအောင် ကြွပြီး တက်ကြတယ်ဟုတ်။ မြန်မာထိုင်အိမ်သာဆိုရင် ပြဿနာ မရှိပေမယ့် ဘိုထိုင်ဆိုရင် မထိအောင် ကြိုးစားပြီး တက်ကြပါတယ်။ အကြောင်းကတော့ ရောဂါကူးမှာ ကြောက်လို့ပါတဲ့။ အထူးသဖြင့်တော့ လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေပေါ့။ တကယ်ပဲ အများသုံးဘိုထိုင်အိမ်သာတွေကနေ လိင်ကတဆင့်ကူးစက်ရောဂါတွေ ကူးနိုင်သလား။ လိင်ကတဆင့် ကူးစက်ရောဂါတွေက အိမ်သာမှာ ရှိနေနိုင်သလား လူအများစိုးရိမ်ကြတာကတော့ ကိုယ်ထိုင်မယ့် အိမ်သာခွက်မှာ ရောဂါပိုးတွေ ရှိနေမှာကိုပါပဲ။ ပိုးဆိုတာ မျက်စိနဲ့လည်း မမြင်ရဘူးလေ။ လိင်ကတဆင့်ကူးစက်ရောဂါတွေထဲမှာဆိုရင် ဘက်တီးရီးယားတွေ ဖြစ်တဲ့ ဆစ်ဖလစ်တို့၊ ဂနို ဆီးပူညောင်းကျတို့၊ ကလိုင်မဲဒီးယားတို့ ရှိသလို ဗိုင်းရပ်စ်တွေဖြစ်တဲ့ HIV၊ ဘီပိုး၊ လိင်အင်္ဂါကြွက်နို့ပိုး၊ ရေယုန် ကပ်ပါးပိုးတွေဖြစ်တဲ့ Trichomoniasis စတာတွေ ရှိပါတယ်။ ဒါတွေက […]

လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ ကို ရှာဖွေမည်။

လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

ဆီးလမ်းကြောင်းနာကျင်ခြင်း

ဆီးလမ်းကြောင်းနာကျင်ခြင်း ကို အမျိုးသားရော အမျိုးသမီးပါ ခံစားရနိုင်ပြီး နေရထိုင်ရ ခက်စေတာကတော့ အမှန်ပါ။ အခုတစ်ခေါက်တော့ ဆီးလမ်းကြောင်း နာကျင်ခြင်း ဆိုတာ ဘာလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဆီးလမ်းကြောင်းနာကျင်ခြင်း (dysuria) ဆိုတာ ဘာလဲ? dysuria ဆိုတာ ဆီးလမ်းကြောင်း နဲ့ပတ်သက်ပြီး တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ မသက်မသာ ခံစားရတာကို ဆိုလိုတာပါ။ ဘယ်သူတွေက ဆီးလမ်းကြောင်း နာကျင်မှုကို ခံစားရပါမလဲ? အသက်အရွယ် ကျား၊ မ မရွေး လူတိုင်းတော့ ဆီးလမ်းကြောင်းနာကျင်ခြင်း ဖြစ်ဖူးပါတယ်။ အမျိုးသမီးတွေ ကတော့ ပိုအဖြစ်များ ပါတယ်။ သူတို့က ဆီးလမ်းကြောင်း ပိုးဝင်ဖို့ ပိုလွယ်ကူလို့ ပါ။ ပြီးတော့ ကိုယ်ဝန်ဆောင် မိန်းမတွေ နဲ့ ဆီးချို ရှိတဲ့ သူတွေမှာလည်း အဖြစ်များ […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

ဆီးခုံမွေးမှာရှိသောသန်း

ဆီးခုံမွှေးမှာရှိတတ်တဲ့သန်းဆိုတာ လူရဲ့ဆီးစပ်အမွှေးအမှင်ထဲမှာရှင်သန်နေထိုင်တဲ့ အင်းဆက်ငယ်တွေဖြစ်ပြီး အဲဒီလူဆီက သွေးစုပ်ပြီး အသက်ရှင်ကြပါတယ်။ ဒီသန်းတွေက လိင်ဆက်ဆံမှုတွေတွေအတွင်း တစ်ဦးဆီကနေ တစ်ဦးကို ကူးစက်ရွှေ့ပြောင်းနိုင်ပါတယ်။ သန်းတွေရှိတဲ့ အိပ်ရာ၊ အဝတ်အစားနဲ့ တဘက်တွေ ဟာလည်း သန်းတွေရဲ့အသိုက်အမြုံဖြစ်ပါတယ်။   ဆီးခုံမွေးသန်း ရှိတယ်ဆိုတဲ့ အထင်ရှားဆုံးလက္ခဏာ ကတော့ လိင်အင်္ဂါတဝိုက်မှာ ယားယံမှုခံစားရတာပါပဲ။ ဆီးခုံမွေးသန်း တွေ က ဦးရေပြားမှာ ရှင်သန်နေထိုင်လေ့မရှိကြပေမယ့် ခြေသလုံးမွေး၊ ချိုင်းမွေး၊ ရင်ဘတ်မွေး၊ နှုတ်ခမ်းမွေးတို့လို အမွေးအမှင်ထူတဲ့နေရာတွေအပြင် မျက်ခုံးမွေးတွေမှာ ပါ ပြန့်ပွားနေထိုင်ပြီး နေပျော်ကြပါတယ်။ အများအားဖြင့်တော့ ဆီးခုံမွေးသန်း အတွက် ထုတ်ထားတဲ့ဆေးဝါးတွေကို ဆေးဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဒါပေမယ့် ယားယံမှုကမပျောက်ဘဲ ကုတ်ခြစ်မှုကြောင့် ပိုးဝင်လာရင် ဒါမှမဟုတ် သင်က ကိုယ်ဝန်ဆောင် ဖြစ်နေခဲ့ရင် ဆရာဝန်ပြသင့်ပါတယ်။ ဆီးခုံမွေးသန်း က ပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာ တွေ မဖြစ်စေနိုင်ပေမယ့် ယားယံမှုတစ်ခုတည်းကတင်ပဲ အရမ်းကို […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း နှင့် ပိုးကူးစက်ခြင်းများ

လတ်တလော လေ့လာတွေ့ရှိချက်များအရ လိင်ပိုင်းဆိုင်ရာ တက်ကြွမှုရှိတဲ့ လူအများဟာ သူတို့ရဲ့ လိင်မှုဆိုင်ရာ ဘဝမှာ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို အကြိမ်ပေါင်းများစွာ ပြုလုပ်တယ်လို့ ဆိုကြပါတယ်။ ဒီလို လိင်ဆက်ဆံခြင်း အမျိုးအစားဟာဆိုရင် စုံတွဲတွေကြားက ရင်းနှီးဆက်သွယ်မှုကို ပိုပြီး ကောင်းမွန်လာစေနိုင်ပါတယ်။ သို့သော် အကာအကွယ်မဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာဆိုရင် တချို့သော ရောဂါပိုးကူးစက်ခြင်းတွေ ဖြစ်စေနိုင်တယ်ဆိုတာကို သိရပါမယ်။ ဒီဆောင်းပါးမှာတော့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကနေ ဖြစ်လာနိုင်တဲ့ ရောဂါပိုးကူးစက်ခြင်း အန္တရာယ်တွေကို ပြောပြမှာ ဖြစ်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း အမျိုးအစားများ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာ ပါးစပ်၊ နှုတ်ခမ်းနဲ့ လျှာ စတာတွေကို သုံးပြီး လိင်ဆက်ဆံဖက်ရဲ့ မျိုးပွားအင်္ဂါနဲ့ အင်္ဂါတဝိုက်ကို လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ လိင်ဆက်ဆံခြင်းကို လိင်တူ ဆက်ဆံခြင်းမှာရော လိင်ကွဲဆက်ဆံခြင်းမှာပါ တွေ့ရလေ့ရှိပါတယ်။ […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

Lymphogranuloma Venereum ()

အဓိပ္ပါယ်ဖွင့်ဆိုချက်Lymphogranuloma Venereum () ကဘာလဲ။ Lymphogranuloma venereum ဆိုသည်မှာ လိင်မှ ကူး စက်သောရောဂါ တစ်မျိုးဖြစ်ပါသည်။ ၎င်းသည် Chlamydia trachomatis ဘတ်တီးရီးယားကြောင့် ဖြစ်ပွားပါသည်။ ဘတ်တီးရီးယားသည် အရေပြားကို ဖြတ်သွားပြီး ပြန်ရည် ကြော အဖုများသို့ ရောက်ကာ အဖုပတ်လည်တွင် ပြွတ်ကျပ် ခြင်းကို ဖြစ်စေပါသည်။ ရောဂါသည် ပြန်ရည်ကြော အဖုများ၊ အပြင်ဘက် လိင်အင်္ဂါများ၊ ပါးစပ်နှင့် စအိုဝများကို ထိခိုက်စေ ပါသည်။ Lymphogranuloma Venereum () က ဘယ်လောက်အဖြစ်များသလဲ Lymphogranuloma venereum သည် အဖြစ်မများပါ။ ရောဂါသည် အပူပိုင်းဒေသများ နှင့် အပူပိုင်းဒေသအနီးများ တွင် အဖြစ်များပါသည်။ ရောဂါသည် အမျိုးသမီးများထက် အမျိုးသားများတွင် ပိုဖြစ်ပါသည်။ အသက် ၂၀-၄၀ တွင်ဖြစ် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်