တီဘီရောဂါက HIVပိုးရှိတဲ့သူတွေကို သေစေတဲ့ အဓိက အကြောင်းရင်း ဖြစ်တယ်လို့ ဆိုပါတယ်။ Mycobacterium tuberculosis ကြောင့် ဖြစ်ပြီး လေကနေ တဆင့် ကူးစက်နိုင်ပါတယ်။ HIVရှိတဲ့သူတွေက ခုခံအားကျနေတဲ့အတွက် တီဘီပိုဖြစ်နိုင်ပါတယ်။ အချိန်မီကုသမှ သက်သာရာရမယ့် ရောဂါတစ်ခုဖြစ်ပါတယ်။
ကင်ဆာများ
သားအိမ်ခေါင်းကင်ဆာက လိင်အင်္ဂါကြွက်နို့ကြောင့် ဖြစ်တယ်ဆိုတာ သိပြီးသားပါ။ လိင်ဆက်ဆံဖော်များတဲ့သူတွေမှာ ပိုတွေ့ရပါတယ်။ ခုလေ့လာချက်တွေအရ HIVပိုးရှိတဲ့သူတွေမှာ လိင်အင်္ဂါကြွက်နို့ ဖြစ်နိုင်ချေ ပိုများပါတယ်တဲ့။ ဒါကြောင့် HIVပိုးရှိတဲ့ အမျိုးသမီးတွေက သားအိမ်ခေါင်းကင်ဆာ ရှိမရှိကို ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။
ကြွက်နို့ ဗိုင်းရပ်စ် အမှတ် ၈ human herpes virus 8 (HHV-8) ကြောင့် ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ တွယ်ဆက်တစ်ရှူးတွေမှာ ကင်ဆာရောဂါ ဖြစ်စေပါတယ်။ အရေပြားမှာ ခရမ်းပုပ်ရောင် အကွက်တွေ တွေ့ရတတ်ပါတယ်။
- ပြန်ရည်ကျိတ် ကင်ဆာ Non-Hodgkin’s lymphoma (NHL)
Lymphocytesလို့ ခေါ်တဲ့ သွေးဆဲလ်လေးတွေက ခုခံအားစနစ်ရဲ့ အရေးပါတဲ့ ဆဲလ်တွေပဲ ဖြစ်ပါတယ်။ ဒါ့ပြင် ပြန်ရည်ကျိတ်တွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်း၊ ရိုးတွင်းခြင်ဆီနဲ့ ဘေလုံးမှာလည်း တွေ့ရပါတယ်။ HIVရှိတဲ့သူတွေမှာ ဒီဆဲလ်တွေက ကင်ဆာဆဲလ်အဖြစ် ပြောင်းသွားတတ်ပါတယ်။
Opportunistic infection ကို ဘယ်လို ကာကွယ်ကြမလဲ။
အကောင်းဆုံးနည်းလမ်းကတော့ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ဆေးပုံမှန်သောက်နေဖို့လိုပါတယ်။ ဒါမှ ကိုယ့်ရဲ့ ရောဂါအခြေအနေကို အမှန်အတိုင်းသိရမှာပါ။ ဒါ့ပြင်
- လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးတာ
- အတူနေရင် ကွန်ဒုံးသုံးတာ
- မွေးမြူရေး တိရိစ္ဆာန်တွေ၊ ခွေးတွေ၊ ကြောင်တွေ၊ငှက်တွေရဲ့ မစင်နဲ့ ဝေးဝေးနေတာ
- ကလေး သေးခံလဲပေးတဲ့အခါ လက်အိတ်စွပ်တာ
- နေမကောင်းတဲ့ သူနဲ့ ဝေးဝေးနေတာ
- အသားမကျက်တကျက်တွေ၊ အစိမ်းတွေ၊ ပိုးမသတ်ထားတဲ့ နို့တွေကို ရှောင်တာ
- ရေစိမ်း မသောာက်တာ
- လက်ဆေးတာ
- တစ်ကိုယ်ရည်သုံး ပစ္စည်းတွေကို သူများနဲ့ မျှဝေ မသုံးစွဲတာ စတဲ့ နည်းလမ်းတွေနဲ့ ကာကွယ်လို့ရပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။