ကလေးမွေးပြီးနောက်ပိုင်း သန္ဓေတားဆေးကို ဘယ်အချိန်မှာ ပြန်သောက်ရမှာလဲ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 10, 2020 . 2 mins read
Share now

မီးဖွားပြီးပြီဆိုတာနဲ့ မေမေတို့ ခေါင်းထဲ အရင်ဆုံးရောက်လာတာ နောက်ကိုယ်ဝန်ကို ဘယ်အချိန်ကျမှ ယူမယ်ဆိုတဲ့ အတွေးတွေပဲဖြစ်ပါတယ်။ ရင်သွေး တစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာ ၂ နှစ်ခြားတာက အကောင်းဆုံးလေ။ ဒီကြားထဲ မရည်ရွယ်ဘဲ သားဦးလေး ၂ နှစ်မပြည့်ခင်မှာ နောက်ကိုယ်ဝန်ရသွားတဲ့ အဖြစ်အပျက်တွေကလည်း ရှိတော့ မီးဖွားပြီးတာနဲ့ သားဆက်ခြားဖို့၊ သန္ဓေတားနည်း တွေလုပ်ဖို့ စပြီးစဉ်းစားရတာပေါ့။ ဒါ့ကြောင့် ဒီဆောင်းပါးထဲမှာ လူသုံး အများဆုံးနဲ့ သုံးရ အလွယ်ကူဆုံးဖြစ်တဲ့ သန္ဓေတားသောက်ဆေးကို မီးဖွားပြီး ဘယ်အချိန်မှာ ပြန်စသောက်ရမလဲဆိုတဲ့အကြောင်း လေး ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။

မီးဖွားပြီးနောက်ပိုင်းတားဆေးကို ဘယ်အချိန်မှာ ပြန်သောက်ရမှာလဲ ။ ။

သိကြတဲ့အတိုင်း ဆေးတွေဆိုတာ သူ့ဆိုးကျိုးနဲ့သူရှိတဲ့အတွက် မီးဖွားပြီးခါစ နို့တိုက် နေတဲ့ မေမေတို့ဆို ပိုလို့တောင် ဆေးသောက်တဲ့နေရာမှာ ဂရုစိုက်ရဦးမှာပါ။ တားဆေးမှာလည်း တားဆေးအလျောက် မသောက်သင့်တဲ့အချိန်မှာ သောက်လိုက်မိရင် မလိုလားအပ်တဲ့ အရာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကို မီးဖွားပြီးနောက်ပိုင်း တားဆေးပြန်သောက်တဲ့အခါမှာ သိထားဖို့လိုတာပါ.

  • ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။ ကလေးနို့တိုက်နေတဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် တားဆေးတွေကြိုက်တဲ့အချိန်မှာ ဝယ်သောက်တာမျိုး လုပ်လို့မရပါဘူး။ သောက်မယ့် ဆေးမှာလည်း ဟော်မုန်းတစ်မျိုးတည်းပါတာသောက်မှာလား၊ ပေါင်းထားတဲ့ ဟော်မုန်းတားဆေးတွေ သောက်မလားဆိုတာ အရင်ရွေးသင့်ပါတယ်။
  • နို့တိုက် နေတဲ့အချိန်ဖြစ်တာကြောင့် တားဆေးသောက်ဆေးသောက်ရမှာ သတိထားရမယ့်အချက်တွေရှိပါတယ်။ တားဆေးသောက်ဆေးတော်တော်များများဟာ မိခင်ရဲ့နို့ထွက်မှုအပေါ် သက်ရောက်မှုရှိတတ်တဲအ့တွက်ကြောင့် စစချင်းဆို progestogen ဟော်မုန်းတစ်မျိုးတည်းပါတဲ့ တားဆေးသောက်ဆေးသောက်သင့်ပါတယ်။ ၆ပတ်ထက် ကျော်မှသာ ဟော်မုန်းနှစ်မျိုးပေါင်းထားတဲ့ သောက်ဆေးတွေ သောက်သင့်ပါတယ်။
  • မီးတစ်ခါဖွားပြီးရင် သန္ဓေအောင်နိုင်စွမ်း ပိုမြင့်လာတဲ့အတွက်ကြောင့် မီးဖွားပြီး ပထမကာလဖြစ်တဲ့ ၄၅ ရက်မတိုင်ခင်မှာတင် သားဥတွေ ကြွေနိုင်ပါတယ်။ အဲဒီ အချိန်မတိုင်ခင် အတူနေမိလိုက်လို့ကိုယ်ဝန်ရသွားတတ်တဲ့အတွက် ကိုယ်ဝန်ရှိမရှိ သေချာအောင် တစ်ခေါက်စစ်ပြီးမှ တားဆေးသောက်သင့်ပါတယ်။
  • ပိုပြီးစိတ်ချချင်တယ်ဆိုရင်တော့ မီးဖွားပြီးနောက် သန္ဓေတားဆေးစသောက်ပြီးနောက်ပိုင်း ၇ရက်လောက်မှာ အတူနေတာ ရှောင်နိုင်ရင်ရှောင် မရှောင်နိုင်ရင် ကွန်ဒုံးသုံးပြီး အကာအကွယ်နဲ့ ဆက်ဆံသင့်ပါတယ်။ ဒါမှ နောက်ကိုယ်ဝန် တန်းမရဖို့အတွက် စိတ်ချရမှာပါ။
  • အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေတွေ မတူတဲ့အတွက်ကြောင့် ဘယ်လိုအချိန်မှာ တားဆေးပြန်သောက်ရမလဲဆိုတာကို ဆရာဝန်လောက် အကြံပေးနိုင်တဲ့သူ ရှိမှာ မဟုတ်ပါဘူး။ ဒ့ါကြောင့် မီးဖွားပြီး ကိုယ်ဝန်ပြန်တားဖို့လုပ်တော့မယ်ဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ်။
  • တားဆေးသောက်ပြီဆိုတည်းက နေ့တိုင်း မပျက်မကွက်သောက်ဖို့ အတွက်ကိုလည်း သေချာမှတ်ထားဖို့ လိုအပ်သလို တားဆေးမှာလည်း ဆိုးကျိုးတွေ ရှိတာကြောင့် ကိုယ်နဲ့အဆင်ပြေမှ တည့်မှသာ တားဆေးသောက်ဆေးနဲ့ သန္ဓေတားတဲ့နည်းကို ရွေးချယ်ပါ။
  • အသက် ၃၅ နှစ်နောက်ပိုင်း အမျိုးသမီးတွေ၊ ဆေးလိပ် သောက်တဲ့သူတွေ၊ အသည်းရောဂါ၊နှလုံးရောဂါ နဲ့ ရင်သားကင်ဆာဖြစ်ဖူးတဲ့ အမျိုးသမီးတွေကတော့ တားဆေးသောက်ဆေး အစား အခြား သန္ဓေတားနည်းတွေကို ပိုပြီး ဦးစားပေးရွေးချယ်သင့်ပါတယ် ။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသမီးတွေ ဆီးခုံမောက်တာ ဘာကြောင့်လဲ။

ဆီးခုံမောက် တာကြောင့် အဝတ်အစားကျပ်ကျပ်တွေလည်း မဝတ်နိုင်၊ ဝတ်လိုက်တာနဲ့ ဆီးခုံနေရာက ဖုဖောင်းနေတာ ဘာကြောင့်လဲလို့ တွေးမိဖူးပါသလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်

မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အမျိုးသမီးတိုင်းရဲ့ အဓိကသော့ချက် ရာသီရက်

အမျိုးသမီးတွေအတွက် ရာသီရက်က အရေးကြီးပါတယ်။ ရက်မှတ်ထားရုံနဲ့ သားဥကြွေတဲ့ရက်တို့၊ နောက်တစ်ခါ ရာသီပြန်လာမယ့်ရက်တို့၊ ကိုယ်ဝန်ပတ်တို့ကို တွက်ချက်လို့ ရနေပြီလေ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သားဥကြွေ ခါနီးရင် ဘာတွေ ခံစားရမလဲ။

သားဥကြွေ တဲ့အချိန်ဟာ ကိုယ်ဝန်လိုချင်တဲ့သူတွေရော၊ တားချင်တဲ့ သူတွေအတွက်ပါ အရေးကြီးပါတယ်။ အလွယ်ဆုံးနည်းကတော့ ကျန်းမာရေးကိရိယာမှာ တွက်ချက်တာပဲ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

စိတ်ဖိစီးလွန်း ရင် ရာသီထိမ် တတ်သလား။

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read
ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ ဘယ်နေ့မှာ မွေးကြမလဲ။

ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ ဘယ်နေ့မှာ မွေးကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 18, 2020 . 2 mins read