ဘာနဲ့ သားဆက်ခြားကြမလဲ
ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားမှာ နှစ်နှစ်လောက်ခြားတာက ကလေးအတွက်ငွေရေးကြေးရေးကစလို့ အစစအရာရာပြင်ဆင်ဖို့အတွက်လည်း အချိန်ရသွားစေမှာပါ။ပြည့်စုံတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ဖို့အတွက်ကရွေးချယ်စရာသားဆက်ခြားနည်းတွေအများကြီးပါ။ သန္ဓေတားဆေးသောက်တာ၊ဆေးထိုးတာ၊ လက်မောင်းထဲထည့်တဲ့ ပစ္စည်းထည့်တာနဲ့ သားအိမ်တွင်းထည့်ပစ္စည်း (IUD) ထည့်တာပါ။ ဒီထဲမှာမှ အလုပ်များတဲ့လေဒီမေမေတို့အတွက် အဆင်ပြေစေမယ့် သားဆက်ခြားနည်းလေးတစ်ခုကိုပြောပြရမယ်ဆိုရင်တော့ IUD ပါ။
သားအိမ်တွင်းထည့်ပစ္စည်း (IUD) က ကိုယ်ဝန်တားတဲ့နေရာမှာ အင်မတန်မှကို ထိရောက်မှုရှိပါတယ်။စထည့်တဲ့အချိန်ကတည်းက အာနိသင်ပြပြီး အချိန်အကြာကြီး ခံပါတယ်။ ကြေးနီပါတဲ့ IUD က ၁၀နှစ်အထိ အစွမ်းရှိပြီး ပရိုဂျက်စထရုန်းပါဝင်တဲ့ပစ္စည်းကတော့ အမျိုးအစားအပေါ် မူတည်ပြီး ၃နှစ်ကနေ ၅နှစ်အထိ ခံပါတယ်။ ပြီးပြည့်စုံတဲ့ မိသားစုတစ်စု ဖန်တီးချင်တဲ့ ဇနီးမောင်နှံတွေအတွက် အင်မတန်မှကို သင့်တော်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ နှစ်တွေအကြာကြီး ထည့်ထားလို့ရပြီး မထည့်ချင်တော့ဘူးဆိုတဲ့အခါမှာလည်း အချိန်မရွေး ပြန်ထုတ်လိုက်လို့ ရပါတယ်။ IUD ရဲ့အားသာချက်တစ်ခုကဖယ်ထုတ်ပြီးတာနဲ့ အလွယ်တကူ ကလေးရရှိနိုင်ပါတယ်။ကလေးမွေးဖွားထားတဲ့မိခင်တွေအနေနဲ့ကတော့ ကလေးမွေးပြီးပြီးချင်း အသုံးပြုလို့ရနိုင်တဲ့ IUD ကိုအသုံးပြုပေးလို့ရပါတယ်။။ နို့ထွက်နှုန်းကို ထိခိုက်မှုမရှိစေတာကြောင့် နို့တိုက်မိခင်တွေအတွက် အထူးသင့်တော်ပါတယ်။
IUD (သားအိမ်တွင်းထည့်ပစ္စည်း) ကနှစ်ရှည်ခံပြီး စိတ်ချရတဲ့ သန္ဓေတားနည်းြဖစ်တာကြောင့် အလုပ်များတဲ့ အိမ်ထောင်ရှင်မတွေအတွက် အဆင်အပြေဆုံး သန္ဓေတားနည်းတစ်ခုလို့ဆိုချင်ပါတယ်။ အိမ်မှုကိစ္စတွေနဲ့ အလုပ်များတာကြောင့် သန္ဓေတားဆေးကို ရက်မှန်အချိန်မှန်မသောက်မိတာ ဆေးထိုးရမယ့်ရက်ကျော်လွန်သွားတာမျိုးတွေကြောင့် မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားတာမျိုးတွေ မဖြစ်စေဖို့အတွက် အသင့်တော်ဆုံးဖြစ်မယ့် သန္ဓေတားနည်းကတော့ သားအိမ်တွင်း သန္ဓေတားပစ္စည်းထည့်တာပဲဖြစ်ပါတယ်။ အလုပ်များတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေအနေနဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး မိမိနဲ့သင့်တော်မယ့် IUD ကိုထည့်ထားခြင်းအားဖြင့် မထင်မှတ်ဘဲကိုယ်ဝန်ရရှိသွားတာမျိုးကို အထိရောက်ဆုံးကာကွယ်နိုင်မှာဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။